ရန်ကုန်ရုပ်ရှင်ကျောင်းက သင်တန်းသားခေါ်

0
751

လာမည့် ၂၀၂၀ ခုနှစ်တွင် ဖွင့်လှစ်မည့် သင်တန်းအတွက် ရန်ကုန်ရုပ်ရှင်ကျောင်းက သင်တန်းသားများ ခေါ်ယူလျက် ရှိသည်။

ရန်ကုန်ရုပ်ရှင်ကျောင်းသည် မြန်မာနိုင်ငံ၏ ပထမဆုံး ရုပ်ရှင်ကျောင်းဖြစ်ပြီး ၁၅ နှစ်တာ ကာလအတွင်း ရုပ်ရှင်အမျိုးအစား များစွာအနက်မှ “မှတ်တမ်းရုပ်ရှင် အားကောင်းသောကျောင်း”ဟု အသိအမှတ် ပြုခံထားရသည်။

ရန်ကုန်ရုပ်ရှင်ကျောင်းသည် သင်တန်းသားများကို ၂ နှစ် တစ်ကြိမ် ခေါ်ယူလေ့ ရှိပြီး ၃ နှစ်တာ တက်ရောက်ရမည့် အစီအစဉ်ဖြစ်သည်။

သင်တန်းတွင် မှတ်တမ်းရုပ်ရှင် ဖန်တီးခြင်း အနုပညာ၊ ရုပ်ရှင်တည်းဖြတ်ခြင်း၊ ရုပ်ရှင်သမိုင်းကြောင်း၊ ရုပ်ရှင်ခွဲခြမ်းစိတ်ဖြာခြင်းနှင့် ရိုက်ကူးရေးအလွန် လုပ်ဆောင်ချက်များ စသည့်တို့ကို သင်ကြားမည်ဖြစ်သည်။ 

နိုဝင်ဘာလ ၂၂ ရက်တွင် နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ပြီး အသက် ၂၀ မှ ၃၈ ကြား မည်သူမဆို လျှောက်ထားနိုင်သည်။

သင်တန်းတက်ရောက်ခွင့်ရသူများသည် ပညာသင်ဆုစနစ်ဖြင့် သင်ယူခွင့်ရမည် ဖြစ်ပြီး မှတ်ပုံတင်သွင်းခ ကျပ် ၆ သောင်းသာ ပေးသွင်းရမည်ဖြစ်သည်။

သင်တန်းနှင့် ပတ်သက်ပြီး အသေးစိတ်သိလိုပါက www.yangonflim school.org ရှိ Application အောက်တွင် လည်းကောင်း၊ စိုးအာကာထွန်း၊ arkar@yangonflimschool.org ဖုန်း – ၀၉၉၇၆၅၄၄၅၃၈  သို့လည်းကောင်း ဆက်သွယ်နိုင်ကြောင်း သိရသည်။

Dawei Watch