ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

0
1434

၁၁- ၁၁ -၂၀၁၉ မှ ၁၇ – ၁၁ -၂၀၁၉ ထိ

တနင်္ဂနွေ
ခရီးအသွားအလာ များတတ်သည်။ လက်စွပ်၊ လည်ဆွဲ စသော ရွှေထည်ပစ္စည်းများ ဝင်မည်။ စာမေးပွဲ ဖြေထားသူများ၊ ဖြေမည့်သူများ အဆင်ပြေကြမည်။ ကွဲကွာနေသော မောင်နှမ၊ မိသားစု များနှင့် ပြန်လည် ဆုံစည်းရမည်။ အလေးအပင်မခြင်း၊ အစားမှားခြင်း ဒုက္ခပေးတတ်သည်။ မေတ္တာရေးသည်ကား လက်ထပ်မင်္ဂလာဆင်နွဲရမည့်အခါ ဖြစ်သည်။
အကျိုးပေးသော အရောင် – အနက်ရောင်၊ အပြာရောင်
အကျိုးမပေးသော အရောင် – လိမ္မော်ရောင်၊ အစိမ်းရောင်
မစားသင့်သော အစားအစာ – ဆိတ်သား၊ ငါးချဉ်
ယတြာ – ဖရဲသီးကို အစိတ်စိတ်ပြု၍ ဘုရားဆွမ်းတော်ကပ်လှူပါ။


တနင်္လာ
ငွေကြေးများစွာ ဝင်မည်။ သင် ဘုန်းကံမြင့်သောကာလ ဖြစ်သည်။ အလုပ်အကိုင်လည်း အဆင်ပြေ၍ အစစအရာရာ တိုးတက်မည်။ ရပ်ဝေးမြေခြားကိစ္စများ၊ ၎င်းနှင့် ဆက်သွယ်သော လုပ်ငန်းများ အဆင်ပြေမည်။ ပညာရေး အညံ့မရှိပါ။ မေတ္တာရေးသည်ကား သင့်အတွက် မနက်ဖြန်ကစ၍ သာယာနေပါမည်။
အကျိုးပေးသော အရောင် – အစိမ်းရောင်၊ အပြာရောင်
အကျိုးမပေးသော အရောင် – ခဲရောင်၊ လိမ္မော်ရောင်
မစားသင့်သော အစားအစာ – ခရု၊ မှို
ယတြာ – ငှက်ပျောသီးမှည့် ၃လုံး ကို အခွံနွှာ၍ ဘုရားကပ်လှူပါ။


အင်္ဂါ
နိုင်ငံရပ်ခြားခရီးများ သွားရတတ်သည်။ အလုပ်အကိုင်ထဲ၌ စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်နေ တတ်သည်။ ပညာရေး ကောင်းပါသည်။ ဆွေမျိုးသားချင်းများ၏ ကူညီမစမှု ခံရမည်။ ပစ္စည်းများ ပျောက်ရှတတ်သည်မို့ အထူးသတိထားပါ။ ခြေထောက်၊ ခါး ကျန်းမာရေး ဂရုစိုက်ပါ။ မေတ္တာရေးသည်ကား တစ်ဦးနှင့် တစ်ဦးကြားမှာ အထင်မှားအောင် စနောက်ခြင်းမျိုး ဂရုစိုက်ပါ။
အကျိုးပေးသော အရောင် – ခရမ်းရောင်၊ အပြာရောင်
အကျိုးမပေးသော အရောင် – အနီရောင်၊ လိမ္မော်ရောင်
မစားသင့်သော အစားအစာ – အုန်းနို့၊ မျှစ်
ယတြာ – စေတီပုထိုးကို ပြုပြင်ခြင်း၊ ဝေယျာဝစ်္စပြုခြင်း၌ အလှူငွေ ထည့်ဝင်ပါ။


ဗုဒ္ဓဟူး
ဘုရားပုံတော် ဆင်းတုတော်များ ဝင်မည်။ မည်သည့် စာမေးပွဲ ဖြေဖြေ အဆင်ပြေမည်။ မိတ်ကောင်းဆွေကောင်းများ၏ ကူညီမစမှု ခံရမည်။ နေရာဌာန ပြောင်းရွှေ့ရတတ်သည်။ အလုပ် အကိုင် အဆင်ပြေမည်။ မေတ္တာရေးသည်ကား ယခု ကန္တာရဖြစ်ပေမယ့် မကြာခင် အိုအေစစ် ဖြစ်လာမည်။
အကျိုးပေးသော အရောင် – အဝါရောင်၊ ပြောက်ကျားရောင်
အကျိုးမပေးသော အရောင် – အနက်ရောင် ၊ လိမေ်္မာ်ရောင်
မစားသင့်သော အစားအစာ – ဒညင်းသီး၊ အမဲသား
ယတြာ – ဂန္ဓာမာအဖြူ ၁၅ပွင့် ဘုရားပန်းကပ်လှူပါ။


ကြာသပတေး
ဆိုင်ဖွင့်ခြင်း၊ လုပ်ငန်းသစ်များ စတင်ခြင်း ကောင်းမွန်သည်။ အလှူအတန်းများ ပြုရတတ်သည်။ ငွေကြေးများလည်း စုမိဆောင်းမိမည်။ အသွားအလာ ဂရုစိုက်ပါ။ မတော်မတဆ ထိခိုက်တတ် သည့် စကားကို အမှတ်တမဲ့ မပြောမိပါစေနှင့်။ ကျန်းမာရေး အညံ့မရှိပါ။ မေတ္တာရေးသည်ကား ချစ်သူရ၍ မောင်ပျော်ရမည့်ကာလ ဖြစ်၏။
အကျိုးပေးသော အရောင် – အနီရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် – အပြာရောင်၊ အစိမ်းရောင်
မစားသင့်သောအစားအစာ – ပြောင်းဖူး၊ သီဟိုစေ့
ယတြာ – သစ္စာပန်း ဘုရားကပ်လှူပါ။


သောကြာ
စီးပွားလာဘ်လာဘများ တိုးတက်မည်။ အလုပ်အကိုင်များ အောင်မြင်အဆင်ပြေမည်။ ပညာရေး လည်း ကောင်းမည်။ သို့သော် ယခုလ၌ ကားဝယ်ခြင်း မပြုရ။ ရေချိုးမှားခြင်း၊ အဆုတ်အအေးပတ် ခြင်း ဂရုစိုက်ပါ။ မေတ္တာရေးသည်ကား တွဲလက်များ အတူတူဖြင့် ရှေ့ခရီးဆက်နိုင်မည်။
အကျိုးပေးသော အရောင် – အစိမ်းရောင်၊ ခရမ်းရောင်
အကျိုးမပေးသော အရောင် – လိမ္မော်ရောင်၊ အဖြူရောင်
မစားသင့်သော အစားအစာ – မှို၊ ငါးချဉ်
ယတြာ – ဗောဓိညောင်ပင်အား ရေသက်စေ့လောင်းလှူပါ။


စနေ
ဘာပဲလုပ်လုပ် အဆင်ပြေမည်။ သင်သည် အလုပ်လျှောက်ထားသူဖြစ်က မုချအလုပ်ရမည်။ ရည်ရွယ်ချက်များ အောင်မြင်မည်။ ပညာရေး ပိုမိုကြိုးစားရမည်။ မမျှော်လင့်ဘဲ ဖြေရှင်းစရာ တစ်ခုလည်း ကြုံရတတ်သည်။ ငွေကြေး အထွက်များတတ်သည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် မင်္ဂလာဆင်နွဲရမည့် အခါဖြစ်သည်။
အကျိုးပေးသော အရောင် – အပြာရောင်၊ ပြောက်ကျားရောင်
အကျိုးမပေးသော အရောင် – အဝါရောင်၊ အဖြူရောင်
မစားသင့်သော အစားအစာ – လက်ဖက်၊ စိမ်းစားဥ
ယတြာ – ပန်းသစ်တော်သီးကို ခွဲစိတ်ပြီး ဘုရားဆွမ်းတော်ကပ်လှူပါ။

လိုရာဆန္ဒပြည့်ဝနိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ