ဘုတ်ပြင်းတွင် တောဆင်ရိုင်းတစ်ကောင် သတ်ခံရ

0
664
အသတ်ခံရသည့်တောဆင်ရိုင်းတစ်ကောင် ။ ဓာတ်ပုံ - လွင်မိုးသူ

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်တွင် တောဆင်ရိုင်းတစ်ကောင် သတ်ခံခဲ့ရပြီး သားရေခွာခံခဲ့ရကြောင်း မြို့နယ်သစ်တောဦးစီးဌာနထံမှ သိရသည်။


အောက်တိုဘာလ ၃၁ ရက် ဘုတ်ပြင်း မြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ထောင်ငါးသိုင်းကျေးရွာအုပ်စုတွင် အထက်ပါ တောဆင်ရိုင်းအသေကို တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။


အဆိပ်လူးမြားဖြင့် ပစ်ထားသည်ဟု ယူဆရပြီး ဆင်၏ နားရွက်တစ်ဖက် အပြင် အရေခွံ ၃ ပုံ ၂ ပုံ ကိုလည်း လှီးဖြတ်သယ်ယူသွားသည်ကို တွေ့ရှိရကြောင်း ဘုတ်ပြင်းမြို့နယ်၊ သစ်တောဦးစီး ဌာနမှ တောအုပ်ကြီး ဦးတင်မောင်လတ်က ပြောသည်။


ဆင်ကိုပစ်သည့် အဆိပ်လူးမြားကို ရှာမတွေ့ရသော်လည်း အဆိပ်လူးမြားကို ဓားဖြင့်ခွဲကာ ယူထုတ်ထားသည့် ဒဏ်ရာ ၄ ချက်ကိုတွေ့ရှိရကြောင်း ၎င်းက ပြောပြသည်။


လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့နှင့်ပူး ပေါင်းကာ တရားခံအား စုံစမ်းရှာဖွေမှုများ ပြုလုပ်နေကြောင်း ၎င်းက ပြော သည်။


“တရားခံနဲ့ ပတ်သက်နိုင်မယ့်ကွင်း ဆက်ကလေးတွေ သံသယဖြစ်တဲ့ဟာ လေးတွေတော့ အော်ပရေးရှင်း လုပ်နေပါတယ်”ဟု တောအုပ်ကြီးဦးတင်မောင်လတ်က ပြောသည်။


သတ်ဖြတ်ခံရသည့် တောဆင်ရိုင်း သည် အမြင့် ၁၀ ပေ၊ အလျား ၁၁ ပေရှိ ကြောင်း မြို့နယ်သစ်တောဦးစီးဌာနထံမှ သိရသည်။

Dawei Watch