မြိတ်ဒေသငှက်သိုက်လုပ်ငန်းရှင်များ အသင်းဖွဲ့ရန် စီစဉ်

0
875
ဈေးကွက်အတွင်းတင်သွင်းထားသည့်ငှက်သိုက်များ။ ဓာတ်ပုံ - ဝေယံစိုး

မြိတ်ဒေသငှက်သိုက်လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းရန်အတွက် စီစဉ်နေကြောင်း ခရိုင်ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။


ငှက်သိုက်ကုန်ချောနည်းပညာများ ရယူရေးနှင့် နိုင်ငံတကာဈေးကွက်များရရှိနိုင်ရေး ရည်ရွယ်ချက်ဖြင့် ယင်းသို့ ဖွဲ့စည်းရန်စီစဉ်နေကြောင်း အထက်ပါ အသင်းတာဝန်ရှိသူက ပြောသည်။


ငှက်သိုက်လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းရန် နိုဝင်ဘာလ ၁ ရက်က ခရိုင် ကုန်သည်နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံးတွင် အစည်းအဝေးပြုလုပ် ခဲ့သော်လည်း လုပ်ငန်းရှင်များမစုံလင်သဖြင့် အစည်းအဝေးကို နိုဝင်ဘာလ ၁၇ ရက်တွင် ထပ်မံပြုလုပ်ပြီး အသင်းဖွဲ့ စည်းမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။


မြိတ်မြို့နယ်တွင် ငှက်သိုက်မွေးမြူရေးလုပ်ကိုင်နေသည့် အိမ်အရေအတွက် နှစ်ရာနီးပါးရှိသည်။

မြင့်မိုရ်(မြိတ်)

ဆက်စပ်သတင်းများ

မြိတ်တွင် ငှက်သိုက်ပေါင်းရည် တစ်နိုင်တစ်ပိုင် ထုတ်လုပ်ရောင်းချသူ များလာ

တင်ဒါအောင် ငှက်သိုက်ကျွန်းများ ခရီးသွားလုပ်ငန်း အဓိကလုပ်မည်