လေဖြတ်နေသည့် အဖွားအိုတစ်ဦး မုဒိမ်းကျင့်ခံရ

0
913

ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့တွင် လေဖြတ်နေသည့် အသက် ၆၄ နှစ်အရွယ် အဖွားအိုတစ်ဦး မုဒိမ်းကျင့်ခံ ရကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။


အောက်တိုဘာလ ၃၀ ရက်က မိသားစုဝင်များက အလုပ်သွားလုပ်နေစဉ် လေဖြတ်ပြီး ကျန်းမာရေးမကောင်းသည့် အဖွားအိုက နေအိမ်တွင် တစ်ဦးတည်းလဲလျောင်းကာ ကျန်ရစ်ခဲ့ကြောင်း ရဲမှတ် တမ်းအရ သိရသည်။


ထိုနေ့ နံနက် ၁၀ နာရီခွဲခန့်တွင် အိမ်နီးချင်းဖြစ်သည့် အမျိုးသားတစ်ဦး ရောက်လာပြီး နှိပ်ပေးမည်ဟုပြောပြီး ပေါင်နှင့် ခြေသလုံးအားနှိပ်ပေးခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။


ယင်းနောက် အဆိုပါအမျိုးသားက လေဖြတ်နေသည့် အဖွားကို နေအိမ်အိပ်ခန်းအတွင်းမှ အပြင်ဘက်ခန်းသို့ ပွေ့ချီ ခေါ်ဆောင်ကာ မုဒိမ်းကျင့်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။


ထိုကဲ့သို့ မုဒိမ်းကျင့်ခဲ့ကြောင်းကို အလုပ်မှ ပြန်လာသည့် သမီးဖြစ်သူကို ပြောပြသဖြင့် ရဲစခန်းတွင် လာရောက် တိုင်ကြားခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။


ဖြစ်စဉ်နှင့် ပတ်သက်၍ မုဒိမ်းကျင့်ခဲ့သည်ဆိုသည့် အမျိုးသားကို ရာဇသတ် ကြီးပုဒ်မ- ၃၇၆ ဖြင့် ခမောက်ကြီးနယ် မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

Dawei watch