ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီ၊ အရပ်ဘက် အဖွဲ့များ တွေ့မည်

0
401

မြိတ်မြို့တွင် ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူများနှင့် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲဆိုင်ရာအကြောင်း အရာများကို စိတ်ဝင်စားသည့် အရပ်ဘက်အဖွဲ့အစည်းများ တွေ့ဆုံမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။


ယင်းတွေ့ဆုံပွဲကို ဒီဇင်ဘာလ ဒုတိယအပတ်ဝန်းကျင်တွင်ပြုလုပ်ရန်စီစဉ်နေကြောင်း အထက်ပါကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက ပြောသည်။


မြိတ်တွင်ပြုလုပ်မည့် ယင်းတွေ့ဆုံပွဲသည် တနင်္သာရီတိုင်းအတွင်း ဒုတိယအကြိမ်ပြုလုပ်သည့် တွေ့ဆုံပွဲဖြစ်ပြီး ပထမအကြိမ်တွေ့ဆုံပွဲကို ထားဝယ်မြို့တွင် ပြီးခဲ့သည့် ဇူလိုင်လက ပြုလုပ်ခဲ့ ပြီးဖြစ်သည်။


“တက်မယ့်သူတွေကိုတော့ မြိတ် (ရွေးကောက်ပွဲ တာဝန်ရှိသူတွေ)ကပဲ ဖိတ်လိမ့်မယ်”ဟု တနင်္သာရီတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက ပြောသည်။


ယင်းတွေ့ဆုံပွဲသိ့ု ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများလည်း လာရောက်မည်ဖြစ်ပြီး ရွေးကောက် ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းများအကြာင်းကို လာရောက်ရှင်းလင်းဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။


၂၀၂၀ ရွေးကောက်ပွဲကာလမတိုင်မီ ရွေးကောက်ပွဲကော်မရှင်နှင့် အရပ်ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲများကို အနည်းဆုံးဆယ်ကြိမ်ခန့် လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုထားသည်။


ယင်းတွေ့ဆုံပွဲများတွင် လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင် ဆင်ရမည့်အရာများ၊ ကြိုတင်မဲကိစ စသည်တို့ကို သုံးပွင့်ဆိုင်ဆွေးနွေးကြမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။

Dawei Watch