မြို့နယ်ပေါင်းစုံ ဘောလုံးပွဲ ထားဝယ်အသင်း ဗိုလ်စွဲ

0
708
မြို့နယ်ပေါင်းစုံ ဘောလုံးပွဲ မြင်ကွင်း။ ဓာတ်ပုံ - ဝေယံစိုး

မြို့နယ်ပေါင်းစုံ အသက် ၂၁ နှစ်အောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် ထားဝယ်မြို့နယ်အသင်းက လောင်းလုံး မြို့နယ်အသင်းကို ပင်နယ်တီဖြင့် အနိုင်ရရှိကာ ဗိုလ်စွဲသွားခဲ့သည်။

ပွဲကစားချိန် မိနစ်ကိုးဆယ်အတွင်း တစ်ဘက်တစ်ဂိုးစီ သရေ ရလဒ်ထွက် ပေါ်နေသဖြင့် ပင်နယ်တီအဆုံးအဖြတ်ရယူခဲ့ရာ ထားဝယ်အသင်းက အနိုင်ရရှိသွားခြင်းဖြစ်သည်။

နောက်ဆုံးအဆုံးအဖြတ် ပင်နယ်တီ ကန်သွင်းရာတွင် လောင်းလုံးအသင်းက လေးလုံးဆက်တိုက်ဂိုးမဝင်ခဲ့ပေ။

ယင်းဘောလုံးပြိုင်ပွဲတွင် ဂိုးသမား၊ အလယ်တန်း၊ နောက်တန်း အကောင်းဆုံးတို့ကို ထားဝယ်အသင်းမှ ကစား သမားတို့က ရရှိခဲ့ပြီး ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆု၊ ရှေ့တန်းကောင်းဆုံး ဆုတို့ကို လောင်းလုံးအသင်းမှ ကစားသမားတို့က ရရှိခဲ့သည်။

ထားဝယ်နှင့် လောင်းလုံးအသင်းတို့သည် အုပ်စုအတွင်း ရှုံးပွဲမရှိဘဲ အုပ်စုပထမဖြင့် တက်ရောက်လာသော အသင်းများ ဖြစ်ကြသည်။


ထားဝယ်အသင်းသည် ကွာတားဖိုင်နယ်တွင် ဘုတ်ပြင်းအသင်းကိုလည်းကောင်း၊ ဆီးမီးဖိုင်နယ်တွင် မေတ္တာမြို့ အသင်းကို လည်းကောင်း အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်လာသည့် အသင်းဖြစ်သည်။

လောင်းလုံးအသင်းမှာ ကွာတားဖိုင်နယ်တွင် သရက်ချောင်းအသင်းကို လည်းကောင်း၊ ဆီးမီးဖိုင်နယ်တွင် ပလောက်မြို့အသင်းကိုလည်းကောင်း အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက် လာသည့်အသင်းဖြစ်သည်။

ယင်းဘောလုံးပြိုင်ပွဲကို ထားဝယ်မြို့တိုင်းအားကစားကွင်းတွင် အောက်တိုဘာလ ၁၈ မှ နိုဝင်ဘာလ ၂ ရက်အထိ ကျင်းပခဲ့ပြီး စုစုပေါင်းပြိုင်ပွဲဝင်အသင်း ၁၃ သင်းပါဝင်ခဲ့သည်။

Dawei Watch