ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

0
946

၄- ၁၁ -၂၀၁၉ မှ ၁၀ – ၁၁ -၂၀၁၉ ထိ

တနင်္ဂနွေ
ရှေးဟောင်းပစ္စည်းများ ရရှိတတ်သည်။ လာဘ်လာဘများ တိုးပွားမည်။သတင်းစကားကောင်းများ ကြားရမည်။ မိမိဆောင်ရွက်ချင်သောကိစ္စ ယခုအချိန် ဆောင်ရွက်ရန် အကောင်းဆုံး ဖြစ်သည်။ ပညာရေးအဆင်ပြေပါမည်။ မတော်တဆထိခိုက်တတ်သည်မို့ အသွားအလာ သတိထားပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့် ရွှေလက်တွဲရမည့်အခါဖြစ်သည်။
အကျိုးပေးသော အရောင် – အပြာရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် – အစိမ်းရောင်၊ ရွှေအိုရောင်
အကျိုးပေးသော ဂဏန်းများ – ၁၊ ၃၊ ၆၊ ၀ ပါသော ဂဏန်းများ
ယတြာ တနင်္သာရီအပတ်စဉ် – ပန်းသစ်တော်သီးကို အစိတ်စိတ်ပြု၍ ဘုရားဆွမ်းတော်ကပ်လှူပါ။

တနင်္လာ
မိမိအိမ်ထံသို့ ရပ်ဝေးဧည့်သည်များလာမည်။ လူမျိုးကွဲတို့ ကူညီမစမှု ခံရမည်။ အခွင့် အလမ်းကောင်းများစွာ ရရှိမည်။ စိတ်ချမ်းသာ ကိုယ်ကျန်းမာဖြစ်မည်။ လူငယ်များ ပညာရေး ကံပွင့်ပါသည်။ စက်ပစ္စည်း ဒုက္ခပေးတတ်သည်။ မေတ္တာရေးသည်ကား ချစ်သူထံမှ မိမိလိုချင်သော အဖြေရမည်။
အကျိုးပေးသော အရောင် – အနီရောင်၊ အဝါရောင်
အကျိုးမပေးသော အရောင် – ခရမ်းရောင်၊ အနက်ရောင်
အကျိုးပေး ဂဏန်းများ – ၃၊ ၆၊ ၁၊ ၄ ပါသော ဂဏန်းများ
ယတြာ – သရက်သီးမှည့်ကို အစိတ်စိတ်ပြု၍ ဘုရားဆွမ်းတော်ကပ်လှူပါ။

အင်္ဂါ
သူတော်ကောင်းများ သင့်ကို မစစောင့်ရှောက်မည်။ ငွေကြေးများစွာ ဝင်နိုင်၍ ထီကံစမ်းသင့် သည်။ မည်သည့်စာမေးပွဲ ဖြေဖြေ အဆင်ပြေမည်။ ယခုလ၌ တယ်လီဖုန်း အသဲချဲ့စက်များ မဝယ်သင့်ပေ။ ကျန်းမာရေးနှင့် ပတ်သက်၍ စိုးရိမ်ဖွယ်ရာ မရှိပေ။ မေတ္တာရေးသည်ကား သင်ဆန္ဒရှိသူကို ရဲရဲဖွင့်ပြောပါ။
အကျိုးပေးသော အရောင် – အဝါရောင်၊ အပြာရောင်
အကျိုးမပေးသော အရောင် – အနီရောင်၊ အဖြူရောင်
အကျိုးပေးသော ဂဏန်းများ – ၁၊ ၄၊ ဝ၊ ၇ ပါသော ဂဏန်းများ
ယတြာ – ဆီထမင်းနှင့် စားတော်ပဲ ဘုရားဆွမ်းတော်ကပ်လှူပါ။

ဗုဒ္ဓဟူး
ယခုလ၌ ဓါတ်ပုံ ပိုစတာများ မဝယ်သင့်ပေ။ လူမျိုးကွဲတို့၏ ကူညီမစမှု ရရှိမည်။ လူချစ်လူခင် ပေါများမည်။ ပစ္စည်းဥစ္စာများ စုမိဆောင်းမိမည်။ လုပ်ငန်းထဲ၌ လူကြီးအထင်လွဲခံရတတ်သည်။ ကျန်းမာရေး ဂရုပြုရမည်။ မေတ္တာရေးသည်ကား ချစ်သူကို ပေးဆပ်နေရမည့်ကာလဖြစ်၏။
အကျိုးပေးသော အရောင် – အပြာရောင်၊ ခရမ်းရောင်
အကျိုးမပေးသော အရောင် – အနက်ရောင်၊ အစိမ်းရောင်
အကျိုးပေးသော ဂဏန်းများ – ၁၊ ၆၊ ၃၊ ၉ ပါသော ဂဏန်းများ
ယတြာ – ဆွမ်းဘုန်းကြီး တစ်ပါးအား မုန့်ဟင်းခါး လှူဒါန်းပါ။

ကြာသပတေး
စီးပွားရေးလုပ်ငန်းများ တိုးတက်မည်။ အိုးသစ်၊ အိမ်သစ်များ ဆောက်လုပ်ခြင်း ဝယ်ခြင်း ကောင်းသည်။ ငွေကြေးများစုမိဆောင်းမိမည်။ ပညာရေး ကောင်းပါမည်။ ရေချိုးမမှားစေရန် ဂရုပြုပါ။ မေတ္တာရေးသည်ကား ချစ်သူရ၍ မောင်ပျော်ရမည့်အခါဖြစ်သည်။
အကျိုးပေးသောအရောင် – အဝါရောင်၊ အညိုရောင်
အကျိုးမပေးသော အရောင် – အပြာရောင်၊ အစိမ်းရောင်
အကျိုးပေးသော ဂဏန်းများ – ၁၊ ၄၊ ဝ၊ ၇ ပါသော ဂဏန်းများ
ယတြာ – ငှက်ပျောသီးကို အခွံနွှာ၍ (၃)လုံး ဘုရားဆွမ်းတော်ကပ်လှူပါ။

သောကြာ
မြေ ဝင်မည်။ TV, Air Con ပန်ကာ စသော စက်ပစ္စည်းများ ဝင်မည်။ ရပ်ဝေးမြေခြား ခရီး များသွားရမည်။ အိပ်မက်ကောင်းများ မက်မည်။ သင်တန်းတက်ခြင်း၊ စာမေးပွဲဖြေခြင်းကိစ္စများ အဆင်ပြေမည်။ အဆုတ်အအေးပတ်၊ ချောင်းဆိုးခြင်းများ ဖြစ်တတ်သည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် နီးစပ်ရမည်။
အကျိုးပေးသော အရောင် – ခရမ်းရောင်၊ ပြောက်ကျားရောင်
အကျိုးမပေးသော အရောင် – လိမ္မော်ရောင်၊ အဖြူရောင်
အကျိုးပေးသော ဂဏန်းများ – ၁၊၄၊ ၃၊ ၆ ပါသော ဂဏန်းများ
ယတြာ – နဂါးမောက်သီးကို အစိတ်စိတ်ပြု၍ ဘုရားဆွမ်းတော် ကပ်လှူပါ။

စနေ
ရာထူးတိုးတက်ခြင်း၊ လုပ်ငန်းများ အဆင်ပြေခြင်းဖြစ်မည်။ သင့်အိမ်၌ မင်္ဂလာကိန်း တစ်ခုရှိသည်။ ပညာရေးကတော့ မပေါ့ဆပါနှင့်။ ငွေကြေးများ ပျောက်ရှတတ်သည်မို့ သတိထားပါ။ သင့်အပေါ် မိတ်ဆွေများကူညီကြမည်။ မေတ္တာရေးသည်ကား နီးလျက်နဲ့ ဝေးရတတ်သည်။
အကျိုးပေးသော အရောင် – ခရမ်းရောင်၊ ပြောက်ကျားရောင်
အကျိုးမပေးသော အရောင် – ရွှေအိုရောင်၊ အနီရောင်
အကျိုးပေးသော ဂဏန်းများ – ၁၊ ၄၊ ဝ၊ ၇ ပါသော ဂဏန်းများ
ယတြာ – နဂါးမောက်သီးကို အစိတ်စိတ်ပြု၍ ဘုရားဆွမ်းတော်ကပ်လှူပါ။

လိုရာဆန္ဒပြည့်ဝနိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ