တရုတ်ဖိတ်ခေါ်စကိတ်ပြိုင်ပွဲ ဈာန်လွှမ်းထူး သွားပြိုင်မည်

0
1100

တရုတ်နိုင်ငံတွင် ကျင်းပမည့် နိုင်ငံ တကာဖိတ်ခေါ်စကိတ်ပြိုင်ပွဲသို့ ထားဝယ်မြို့မှ ဈာန်လွှမ်းထူးအပါအဝင် လူငယ် ကစားသမားသုံးဦး သွားရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

တရုတ်နိုင်ငံ ဖိတ်ခေါ်စကိတ်ပြိုင်ပွဲကို (Wuyishan International Roller Skating Open)ကို ရှန်ဟိုင်း၌ နိုဝင်ဘာ ၁၄ ရက်မှ ၁၈ ရက်အထိ၊ ဖူကျင်းခရိုင် တွင် ၂၀ ရက်မှ ၂၄ ရက် ကျင်းပမည်ဖြစ်သည်။

“နိုင်ငံပေါင်း ၄၅ နိုင်ငံဆိုတော့ ကမ္ဘာ့နိုင်ငံကြီးတွေလည်းပါတယ်။ အီတလီတို့ ကိုလံဘီယာတို့ တောင်အမေရိက တိုက်ကနိုင်ငံကြီးတွေပါတော့ အတွေ့အကြုံ ကောင်းတွေလည်းရမယ်။ မိတ်ဆွေအပေါင်း အသင်းများသွားမယ်။ ဒီပတ်ဝန်းကျင်မှာ သူတို့ပျော်ပျော်နေရမယ်။ အဲဒီအတွက်ပါပဲ”ဟု မြန်မာနိုင်ငံ စကိတ်အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးလွင်လတ်က ဆိုသည်။

တရုတ်နိုင်ငံဖိတ်ခေါ်စကိတ်ပြိုင်ပွဲ တွင် မာရသွန်ပြိုင်ပွဲကို ပထမဦးဆုံး ယှဉ်ပြိုင်မည်ဖြစ်ပြီး မောင်ဈာန်လွှမ်းထူး မှာ မာရသွန်ပြိုင်ပွဲကို ဝင်ရောက်ယှဉ် ပြိုင်မည်မဟုတ်ကြောင်း ဦးလွင်လတ်က ပြောသည်။

နိုင်ငံတကာစကိတ်ပြိုင်ပွဲသို့ သွား ရောက်ယှဉ်ပြိုင်ရန် ကျောင်းစာတဖက်နှင့် လေ့ကျင့်ရမည့်အချိန်များအတွက် အခက် အခဲများရှိနေသဖြင့် ပင်ပန်းသွားမည်စိုးရိမ်သဖြင့် စကိတ်မာရသွန်အပြေးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း ဈာန်လွှမ်းထူး၏ ဖခင်ဖြစ်သူ ဦးသန်းဝင်းက ပြောသည်။

ယင်းပြိုင်ပွဲတွင် အီတလီ၊ ကိုလံဘီယာ၊ မြန်မာ၊ တောင်ကိုရီးယား၊ မက္ကဆီကို၊ ရုရှား စသည့် နိုင်ငံပေါင်း ၄၅ နိုင်ငံမှ ကစားသမား ၂၀၀ ကျော် ယှဉ်ပြိုင်မည် ဖြစ်သည်ဟု သိရသည်။

မြန်မာစကိတ်အဖွဲ့သည် ဆီးဂိမ်း ပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် ယင်းပြိုင်ပွဲဝင် ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

Related News;

  • ထားဝယ်တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စကိတ်စီးပြိုင်ပွဲ ကျင်းပမည်

  • စကိတ်စီးပြိုင်ပွဲတွင် အမျိုးသမီး ပြိုင်ပွဲဝင်ဦးရေ နည်းနေသေးဟုဆို

  • မိုးမြင့်