စည်ပင်ခွင့်ပြုချက်မရှိဘဲ လမ်းဘေးပလက်ဖောင်းတွင် ဖြူနီကြား ဆေးမသုတ်ရ

0
1108

ထားဝယ်မြို့အတွင်းရှိ လမ်းဘေး ပလက်ဖောင်းတွင် စည်ပင်သာယာရေး အဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ ဆေးမသုတ်ရန် ထားဝယ်မြို့နယ်စည်ပင်သာယာရေး အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လမ်းဘေးပလက်ဖောင်းတွင် ဖြူနီ ကြားဆေးသုတ်ခြင်း၊ အဝါနက်ကြား ဆေးသုတ်ခြင်း စသည်တို့ကို စည်ပင် သာယာရေးအဖွဲ့ကသာ လုပ်ဆောင်ခွင့်ရှိ ပြီး ပုဂ်္ဂလိကအနေဖြင့် လုပ်ဆောင်ခွင့်မရှိ ကြောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူး ဦးအောင်ကိုဦးက ဆိုသည်။

လက်ရှိတွင် ထားဝယ်မြို့ရှိ နာမည် ကြီးဟိုတယ်တစ်ခု၏ အရှေ့ဘက်မျက်နှာ စာရှိ ပလက်ဖောင်းကို ဖြူနီကြားဆေး သုတ်နေသည်။

“အဲလိုသုတ်လို့မရဘူး၊ တားမြစ် မယ်။ အရေးယူမယ်”ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ ဆေးသုတ်နေသည့် အပေါ် စည်ပင်သာယာရေးအဖွဲ့က ဟိုတယ် တာဝန်ရှိသူကို ခေါ်ယူကာ ဝင်ထွက် ပေါက်အနီး လိုအပ်သည့်နေရာတွင်သာ ဖြူနီကြားသုတ်ရန် တားမြစ်ပြောဆိုခဲ့ကြောင်း အင်ဂျင်နီယာမှူး ဦးအောင်ကိုဦးက ဆိုသည်။

ထားဝယ်မြို့အတွင်း လမ်းဘေး ပလက်ဖောင်းပလက်ဖောင်းနေရာအချို့ တွင် ယာဉ်လုံးဝမရပ်ရသည့် ဖြူနီကြား ဆေးသုတ်ထား သော်လည်း လိုက်နာမှု အားနည်းနေပြီး ယာဉ်များရပ်နားနေလေ့ ရှိသည်။

Dawei Watch