ပေါင်တွင် ဖယောင်းတိုင်မီးဖြင့် စာကျက်ရာမှ နေအိမ်ခြောက်လုံး မီးလောင်

0
472

မွန်ပြည်နယ် ပေါင်မြို့၊ ပေါင်ရပ်ကွက်တွင် ဖယောင်းတိုင်မီးဖြင့် စာကျက် ရာမှ နေအိမ်ခြောက်လုံးမီးလောင်ခဲ့ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၀ ရက် ည ၁၁ နာရီခွဲအချိန်ခန့်တွင် နေအိမ် တစ်အိမ်မှ ရှစ်တန်းကျောင်းသူတစ်ဦး ဖယောင်းတိုင်မီးဖြင့် စာကျက်နေစဉ် အိမ်ငိုက်သွားခဲ့ရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် ဒေသခံတို့ထံမှ သိရသည်။

“မီးစလောင်တဲ့အိမ်က လျှပ်စစ်မီး မရှိဘူး။ ဖယောင်းတိုင်မီးထွန်းထားရာ ကနေ မီးစတင်လောင်ကျွမ်းခဲ့တယ်။ လူထိခိုက်သေဆုံးတာမရှိဘူး”ဟု ပေါင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က ပြောသည်။

မီးလောင်ကျွမ်းမှုကြောင့် မိသားစု ဦးရေ ၂၇ ဦး မီးဘေးသင့်ခဲ့ပြီး မီးဘေးသင့် သူများအား ယာယီနေထိုင်နိုင်ရေး စီစဉ် ပေးထားကြောင်း ၎င်းက ဆက်ပြောသည်။

“မီးလောင်တဲ့အချိန်မှာ အဒေါ် မအိပ်ရသေးဘူး။ မီး မီးလို့အော်တဲ့အချိန် မှာ အိမ်က မီးလောင်နေပြီ။ ဘာမှ ယူချိန်မရဘူး။ ဆိတ်တွေလည်း လွှတ်ချိန်မရဘူး။ အခု ကိုယ်ပေါ်က အဝတ်အစားပဲ ရှိတယ်။ ဘာမှမကျန်တော့ဘူး”ဟု မီးလောင်ကျွမ်းမှုထဲ နေအိမ်ပါသွားသည့် ဒေါ်ခင်မေက ပြောသည်။

မီးစတင်လောင်ကျွမ်းခဲ့သည့် နေအိမ် ပိုင်ရှင်ကို မီးပေါ့ဆစွာ အသုံးပြုမှုကြောင့် ပေါင်မြို့မရဲစခန်းတွင် (ပ)၂၆၃၃/၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေယူထားကြောင်း ပေါင်မြို့မ ရဲစခန်းထံမှ သိရသည်။]

Dawei Watch