ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

0
603

၂၈- ၁၀ -၂၀၁၉ မွ ၃ – ၁၁ -၂၀၁၉ ထိ

တနဂၤေႏြ

ခက်ခဲမည်ဟု ထင်ထားသောသောကိစ္စများ ယခုအချိန် အောင်မြင်မည်။ စီးပွားရေးလုပ်ငန်းများ ကောင်းမွန်မည်။ လူချစ်လူခင် ပေါများမည်။ မိမိအိမ်၌ မင်္ဂလာကိန်းတစ်ခု ဖြစ်ပေါ်မည်။ ပညာရေး ကောင်းမွန်မည်။ ကျန်းမာရေး ဂရုစိုက်ရမည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် နီးစပ်ရမည့် ကာလဖြစ်သည်။

အကျိုးပေးသော အရောင်         – အနီရောင်၊ အစိမ်းရောင်

အကျိုးမပေးသော အရောင်       – အဝါရောင်၊ အနက်ရောင်

မစားသင့်သော အစားအစာ       – ဝက်သား၊ မျှစ်

ယတြာ                     – မုန့်လုံးရေပေါ် ဘုရားကပ်လှူပါ။

တနလၤာ

ရှေးဟောင်းပစ္စည်းများ ရရှိတတ်သည်။ မြေ ဝင်မည်။ အိုးအိမ်တည်ထောင်ခြင်း၊ လုပ်ငန်းချဲ့ ထွင်ခြင်းများ အဆင်ပြေမည်။ အပြောအဆို ဆင်ခြင်သင့်သည်။ ပစ္စည်းရှင်၊ ဥစ္စာရှင်များ၏ ကူညီမှုရရှိမည်။ ကျန်းမာရေး ဂရုပြုရမည်။ မေတ္တာရေးသည်ကား နီးလျက်နှင့် ဝေးရတတ်သည်။

အကျိုးပေးသော အရောင်         – လိမ္မော်ရောင်၊ အနီရောင်

အကျိုးမပေးသော အရောင်       – အပြာရောင်၊ အနက်ရောင်

မစားသင့်သော အစားအစာ       – အမဲသား၊ ငုံးဥ

ယတြာ                     – ဂန္ဓမာအဖြူ ၁၅ ပွင့်ဘုရားကပ်လှူပါ။

အဂၤါ

ခြေထောက် အနာတရဖြစ်တတ်သည်။ ဘာပဲလုပ်လုပ် လုပ်ငန်းများ အဆင်ပြေမည်။ ထင်ပေါ်၍ စင်တော်ကောက်ခံရမည်။ သင်တန်းတက်ရခြင်း၊ ပညာရေးနှင့်ပတ်သက်၍ အကျိုးပေးကောင်းမည်။ လူချစ်လူခင် ပေါများမည်။ မေတ္တာရေးသည်ကား နှစ်ပါးဂဟေဆက်၍ ပေါင်းဖက်ရမည့်ကာလ ဖြစ်သည်။

အကျိုးပေးသော အရောင်         – အဖြူရောင်၊ အဝါရောင်

အကျိုးမပေးသော အရောင်       – ခရမ်းရောင်၊ အစိမ်းရောင်

မစားသင့်သော အစားအစာ       – ချဉ်ပေါင်၊ ဝက်သား

ယတြာ                     – မုန့်ကုလားမဲ ဘုရားဆွမ်းတော်ကပ်လှူပါ။

ဗုဒၶဟူး

သားသမီးရတနာ ရတတ်သည်။ ခရီး ခဏခဏသွားနေရတတ်သည်။ ဆွေမျိုးသားချင်းများ၏ ကူညီမစမှု ခံရမည်။ အခက်အခဲဖြစ်နေပါစေ ယခုအချိန်မှာ အဆင်ပြေသွားမည်။ အဖိုးတန် ပစ္စည်းများ ပျောက်ရှတတ်သည်။ ဒူးနာ၊ ထိခိုက်ရှနာ ဖြစ်တတ်သည်။ မေတ္တာရေးသည်ကား မစွံသူများဧကန်စံွံမည့်ကာလ ဖြစ်သည်။

အကျိုးပေးသော အရောင်         – အပြာရောင်၊ ပြောက်ကျား

အကျိုးမပေးသော အရောင်       – အဝါရောင်၊ အနက်ရောင်

မစားသင့်သော အစားအစာ       – ထောပတ်၊ ဝက်သား

ယတြာ                     – မုန့်လုံးရေပေါ်ဘုရားဆွမ်းတော်ကပ်လှူပါ။

ကြာသပတေး

နိုင်ငံရပ်ခြားကိစ္စနှင့် ဆက်နွှယ်သောအရာများ အဆင်ပြေမည်။ မိတ်ဆွေကောင်းများ ကူညီကြမည်။ အကြံကောင်းတစ်ချက်ကြောင့် အားလုံးအဆင်ပြေမည်။ ထီ သို့မဟုတ် ထီနှင့် အလားတူငွေဝင်မည်။ မောင်နှမသားချင်းများနှင့်ပတ်သက်၍ စိတ်ပင်ပန်းရတတ်သည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် မင်္ဂလာပွဲဆင်နွှဲရမည့်အခါ ဖြစ်သည်။

အကျိုးပေးသော အရောင်         – အဖြူရောင်၊ အနက်ရောင်

အကျိုးမပေးသော အရောင်       – အဝါရောင်၊ အစိမ်းရောင်

မစားသင့်သော အစားအစာ       – ဆိတ်သား၊ လက်ဖက်ရည်

ယတြာ                     – သရက်သီးအမှည့်ကို အစိတ်စိတ်ပြု၍ ဘုရားဆွမ်းတော် ကပ်လှူပါ။

သောကြာ

ပညာရေး မပေါ့ဆပါနှင့်။ မိတ်ကောင်းဆွေကောင်းများ၏ ကူညီမစမှုခံရမည်။ နိုင်ငံရပ်ခြား ခရီးများသွားရမည်။ ယခုလ၌ ဆိုင်ကယ်၊ ယာဉ်မဝယ်ပါနှင့်။ မြေရောင်းမည့် ကိစ္စများရှိလျှင် အဆင်ပြေမည်။ မေတ္တာရေးသည်ကား ခါးသီးမှုများမှုများကြုံရတတ်သည်။

အကျိုးပေးသော အရောင်         – အနက်ရောင်၊ အပြာရောင်

အကျိုးမပေးသော အရောင်       – လိမ္မော်ရောင်၊ အနီရောင်

မစားသင့်သော အစားအစာ       – ကောက်ညှင်း

ယတြာ                     – သရက်သီးအမှည့်ကို အစိတ်စိတ်ပြု၍ ဘုရားဆွမ်းတော် ကပ်လှူပါ။

စေန

မြေ ဝင်မည်။ ဘုရားဖူးခရီးများ သွားရမည်။ လူမျိုးကွဲများ၏ ကူညီမစမှုခံရမည်။ စိတ်ကျန်းမာ ၍ ကိုယ်ချမ်းသာရမည်။ မီးခြစ်၊ ဂက်စ်အိုးများ မပေါ့ဆပါစေနှင့်။ သင့်အရည်အချင်းကြောင့် အောင်မြင်ရမည့် ကာလဖြစ်သည်။ ကျန်းမာရေးဂရုစိုက်ရမည်။ မေတ္တာရေးသည်ကား ချစ်သူရ၍ ပျော်ရမည့်ကာလဖြစ်သည်။

အကျိုးပေးသော အရောင်         – အဝါရောင်၊ ခရမ်းရောင်

အကျိုးမပေးသော အရောင်       – အနီရောင်၊ အစိမ်းရောင်

မစားသင့်သော အစားအစာ       – ငါးချဉ်၊ အုန်းနို့

ယတြာ                     – ရွှေရင်အေးမုန့် ဘုရားဆွမ်းတော်ကပ်လှူပါ။

                                                    လိုရာဆန္ဒပြည့်ဝနိုင်ပါစေ

                                                 ဆရာရွှေစင်မြတ်(Geology)

                                                     ဝေဒလက္ခဏသုတေသီ