တနင်္သာရီရိုးရာနဂါးလှေလှော်ပွဲတွင် နဂါးလှေငါးစီးသာ လှော်ခတ်

0
993

ရှေးဟောင်းရိုးရာ ယဉ်ကျေးမှုအမွေ အနှစ်ဖြစ်သည့် နဂါးလှေလှော်ပွဲကို မြိတ် ခရိုင်တနင်္သာရီမြို့နယ်တွင် အောက်တိုဘာလ ၁၇ ရက်က ကျင်းပခဲ့ပြီး နဂါးလှေ ငါးစီးဖြင့်သာ လှော်ခတ်ခဲ့ရကြောင်း တနင်္သာရီမြို့နယ် စာပေနှင့် ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးအဖွဲ့ထံမှ သိရသည်။

နှစ်စဉ်ရိုးရာနဂါးလှေလှော်ပွဲတော် ကျင်းပရာတွင် တနင်္သာရီမြို့မှ ရွှေနန်း သာရီနှင့် ငွေနန်းသာရီ၊ လယ်သစ်ကျေး ရွာမှ မြကြီးအောင်၊ ရန်ကြီးအောင်၊ စိန်ပန်းသွယ်နှင့် ပတ်္တမြားသွယ် စသည့် နဂါးလှေတော် ၆ စီးဖြင့် ကျင်းပလေ့ရှိ သည်။

“ရွှေနန်းသာရီနဂါးလှေတော်က သက်တမ်းတစ်ရာနီးနီးရှိနေတဲ့အတွက် လှော်ခတ်ဖို့အဆင်မပြေတော့ပါဘူး” ဟု ဦးသန်းစိုးဝင်းက ပြောသည်။

အဆိုပါ ရွှေနန်းသာရီနဂါးလှေ တော်အား ချောင်းကြီးကျောင်းတိုက်တွင် ထားရှိထားကြောင်း သိရသည်။

တနင်္သာရီမြို့၏ ရှေးဟောင်းရိုးရာ ဓလေ့တစ်ခုဖြစ်သည့် နဂါးလှေလှော်ပွဲ တော်အား နှစ်စဉ် ချောင်းကြီးကျောင်း တိုက် ဘုံကထိန်ရက်ဖြစ်သည့် သီတင်းကျွတ် လပြည့်ကျော် ၄ ရက်တွင် ကျင်းပလေ့ ရှိပြီး ယခုနှစ်ကျင်းပသည့်ပွဲမှာ ၈၆၆ ကြိမ်မြောက်ဖြစ်ကြောင်း စာပေနှင့် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင် ရေးအဖွဲ့ထံမှ သိရသည်။

နဂါးလှေလှော်ပွဲပြုလုပ်ရာတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွ့ဲနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ ကူညီ ပံ့ပိုးမှုအားနည်းသဖြင့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်အား ရေရှည်တည်တံ့နိုင် အောင်ထိန်းသိမ်းရန် အခက်အခဲများရှိ နေကြောင်း ဦးသန်းစိုးဝင်းက ဆိုသည်။

Dawei Watch