ကျိုက်ထီးရိုးဘုရားပွဲကာလအစ နိုင်ငံခြားသားခရီးသွား အဝင်နည်း

0
1410

မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ သမိုင်း ဝင်ဆံတော်ရှင် ကျိုက်ထီးရိုးဘုရား ပွဲတော်ကာလအစတွင် နိုင်ငံခြားသား ခရီးသွား လာရောက်မှုနည်းပါးသည်ဟု ကျိုက်ထီးရိုးဂေါပကအဖွဲ့ထံမှ သိရသည်။

သီတင်းကျွတ်လပြည့်နေ့ (အောက်တို ဘာလ ၁၃ ရက်နေ့) မှ စတင်ခဲ့သည့် ယခုနှစ် ကျိုက်ထီးရိုးဘုရားပွဲတော်ကာလ အစတွင် ယမန်နှစ်ကထက် နိုင်ငံခြားသား ခရီးသွားဧည့်သည် လာရောက်မှု နည်းပါး ကြောင်း ကျိုက်ထီးရိုးဂေါပကအဖွဲ့ဝင် ဦးအေးမြင့်သိန်းက ပြောသည်။

“ဒီနှစ် နိုင်ငံခြားသားတော့ နည်း တယ်။ အရေအတွက်အတိအကျတော့ မသိသေးဘူး။ နည်းတယ်။ မြန်မာ ဘုရားဖူးပဲ များတယ်”ဟု ဦးအေးမြင့်သိန်းက ပြောသည်။

ကျိုက်ထီးရိုးဘုရားပွဲတော်ကာလ ကို သီတင်းကျွတ်လပြည့်မှ ကဆုန်လ ပြည့်နေ့ထိ သတ်မှတ်ထားသည်။

“ဖွင့်ပွဲနေ့ကဆိုရင် လူတိုးမပေါက်အောင်ပဲ။ ဒီနှစ် လူပိုများတယ်။ ကျွန်မတို့က နှစ်တိုင်းသွားတယ်။ ဒီနှစ်လူတော် တော်များတယ်။ လူများတော့ နေရေးထိုင်ရေး အခက်အခဲရှိတယ်။ နိုင်ငံခြားသား တွေတော့ သိပ်မတွေ့ဘူး။ ကိုယ့်နိုင်ငံက လူတွေချည်းပဲ”ဟု ယခုနှစ် ဘုရားပွဲဖွင့်ပွဲ သို့ သွားခဲ့သည့် ဒေါ်မိုးဇင်က ပြောသည်။

ကျိုက်ထီးရိုးဘုရားသို့ လာရောက်သည့် နိုင်ငံခြားသားခရီးသွားများကို ဇုန်ဝင်ကြေးအဖြစ် တစ်ဦးလျှင် ကျပ် ၁၀၀၀၀ နှုန်း စည်ပင်သာယာရေးအဖွဲ့က ကောက်ခံပြီး တစ်နှစ်အတွင်း နိုင်ငံခြားခရီးသွားဧည့်သည် ၁ သိန်းဝန်းကျင် ဝင်ရောက်လေ့ရှိသည်ဟု မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ထံမှာ သိရသည်။

မွန်ပြည်နယ်သို့ လာရောက်သည့် နိုင်ငံခြားသားခရီးသွားများသည် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သို့ အများဆုံး သွားရောက်ကြပြီး နိုင်ငံခြားသားဝင် ရောက်မှု တစ်နှစ်ထက်တစ်နှစ်လျော့ ကျလာကြောင်း မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနရှိ နိုင်ငံခြားသားဝင်ရောက်မှုစာရင်းအရ သိရသည်။

Dawei Watch