မွန်တွင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဖွံ့ ဖြိုးရေး ကျပ်သန်းလေးရာသုံးစွဲမည်

0
432

ယခုဘဏ္ဍာနှစ်တွင် တိုင်းရင်းသား များ၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်နှင့် စာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျပ်သန်း လေးရာသုံးစွဲရန် မွန်ပြည်နယ် အစိုးရအဖွဲ့က လျာထားသည်။

မွန်ပြည်နယ်အတွင်းရှိ မွန်၊ ဗမာ၊ ကရင်နှင့် ပအိုဝ်းတိုင်းရင်းသားများ အတွက် ၎င်းတို့၏ ရိုးရာယဉ်ကျေးမှုအမွေ အနှစ်နှင့် စာပေများ ဖွံ့ဖြိုးတိုးတက်ရေး၊ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ယင်းသို့ လျာထား ခြင်းဖြစ်ကြောင်း ရသုံးခန့်မှန်းခြေငွေစာ ရင်းဆိုင်ရာအချက်အလက်များအရ သိရသည်။

ပြည်နယ်အစိုးရက သုံးစွဲမည့် ငွေလျာထားချက်တွင် မွန်တိုင်းရင်းသားအတွက် ကျပ်သန်း ၁၀၀၊ ဗမာအတွက် ကျပ်သန်း ၁၀၀၊ ကရင်အတွက် ကျပ်သန်း ၁၀၀ နှင့် ပအိုဝ်းအတွက် ကျပ်သန်း ၁၀၀ ဖြစ်သည်။

မွန်ပြည်နယ်တွင် လူဦးရေအများ ဆုံးတည်ရှိနေသည့် မွန်တိုင်းရင်းသား တို့၏ စာပေနှင့် ယဉ်ကျေးမှုကို အလေးထား သည့်အနေဖြင့် ဘတ်ဂျက်ခွဲဝေရာတွင်လည်း မွန်တိုင်းရင်းသားများအတွက် ဘတ်ဂျက် ပိုပြီးခွဲဝေပေးသင့်သည်ဟု မွန်စာပေနှင့် ရိုးရာယဉ်ကျေးမှုအရေး လုပ်ဆောင်နေသူတို့က ထောက်ပြကြသည်။

“တိုင်းရင်းသားတွေအတွက် ဘတ်ဂျက်ခွဲဝေပေးတဲ့နေရာမှာ လူဦးရေများတဲ့ လုပ်ဆောင်ချက်များတဲ့အပေါ်မှာ မူတည်ပြီးတော့ ဘတ်ဂျက်ကိုလည်း များများခွဲပေးသင့်တာပေါ့”ဟု မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။

ဒေါက်တာမင်းကြည်ဝင်းသည် မွန်ပြည်နယ်အစိုးရအဖွဲ့မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန် ကြီးလည်း ဖြစ်သည်။ 

Dawei Watch