ရော်ဘာရာသီအစ ဈေးနှုန်းအကျဘက် ဦးတည်နေ

0
617

လူအများစု ရော်ဘာအစေး စလှီးကြသည့် သီတင်းကျွတ် ရော်ဘာရာသီ အဖွင့်တွင် မှိုင်းခံရော်ဘာဈေးက အကျဘက် ဦးတည်နေသည်။

ထားဝယ်ဈေးကွက်၌ စက်တင်ဘာလဆန်းက  မှိုင်းခံရော်ဘာ တစ်ပေါင်လျှင် ကျပ် ၈၀၀ ဝန်းကျင်ရှိခဲ့ရာမှ ယခု အောက်တိုဘာလတွင် တစ်ပေါင် ကျပ် ၇၀၀ ကျော်ကျော်သာ ပေါက်ဈေး ရှိတော့သည်။

ကမ္ဘာ့ရော်ဘာဈေး ကျဆင်းမှုနှင့် နေရောင်ကောင်းစွာ မပွင့်သေးသောကြောင့် ရော်ဘာအကြည်သားမထွက် သေးဘဲ ရော်ဘာအရည်အသွေးညံ့နေ သေးသည့်အတွက် ယခုကဲ့သို့ ဈေးကျနေခြင်း ဖြစ်ကြောင်း ထားဝယ်မြို့သစ် ၄ လမ်းရော်ဘာဒိုင်ပိုင်ရှင် ဦးအောင်သန့်က ပြောသည်။

အရည်အသွေးကောင်းလာပြီး ထိုင်းနှင့် တရုတ်ဈေးကွက်တို့ ပွင့်လာ ချိန်ဆိုလျှင် ဈေးတက်လာနိုင်ေကြောင်း ဦးအောင်သန့်က ခန့်မှန်းသည်။

“ရော်ဘာခြစ်သမားတွေကတော့ ခုလက်ရှိမှာ သူလုပ်နေတဲ့အလုပ်ကို လုပ်ထားရမှာပဲ၊ ဘာကြောင့်ဆို ဈေးကောင်းမှ ရော်ဘာရောင်းမယ်ဆို အသင့်မရှိဘဲ ဘယ်လိုရောင်းမလဲပေါ့”ဟု ဦးအောင်သန့်က ပြောသည်။

Dawei Watch