ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

0
755

၂၁- ၁၀ -၂၀၁၉ မွ ၂၇ – ၁၀ -၂၀၁၉ ထိ

တနဂၤေႏြ

လုပ်ငန်းနေရာအပြောင်းအလဲ ဖြစ်တတ်သည်။ အလှူအတန်းများ ပြုရတတ်သည်။ လူငယ် လူရွယ်များဘဝရည်မှန်းချက် အောင်မြင်မည်။ ကျန်းမာရေး အညံ့မရှိပါ။ စကားအပြောအဆို မှားတတ်သည်မို့ အထူးသတိပြုပါ။ ပညာရေး ပိုမိုကြိုးစားရမည်။ မေတ္တာရေးသည်ကား အသွင်တူ၍အိမ်သူဖြစ်ရမည့်ကာလ ဖြစ်သည်။

အကျိုးပေးသော အရောင်         – အပြာရောင်၊ ပြောက်ကျား

အကျိုးမပေးသော အရောင်       – အစိမ်းရောင်၊ အဝါရောင်

မသွားသင့်သော အရပ်             – အရှေ့တောင်အရပ်

ယတြာ                               – သာကူမုန့် ဘုရားကပ်လှူပါ။

တနင်္လာ

သင်တန်းကိစ္စ အဆင်ပြေမည်။ မည်သည့် စာမေးပွဲ၊ အင်တာဗျူးဖြေဖြေ အဆင်ပြေမည်။ ဥစ္စာဓန တိုးပွားမည်။ ကျန်းမာရေး ဂရုပြုရမည်။ လုပ်ငန်းကတော့အခက်တွေ့လေ အောင်မြင်လေ ဖြစ်မည်။ မေတ္တာရေးသည်ကား တစ်ယောက်နှင့်တစ်ယောက်ကြားမှာ စာနာနားလည်မှုဖြင့်နေတတ်ပါစေ။

အကျိုးပေးသော အရောင်         – အပြာရောင်၊ အဝါရောင်

အကျိုးမပေးသော အရောင်       – ငွေရောင်၊ ဇီးရောင်

မသွားသင့်သော အရပ်             – အရှေ့ရပ်

ယတြာ                               – သင်္ဘောသီးအမှည့်ကို အစိတ်စိတ်ပြု၍ ဘုရားဆွမ်းတော် ကပ်လှူပါ။

အဂၤါ

ဝန်ထမ်းဖြစ်က ရာထူးတိုးမည်။ လုပ်ငန်းများ အဆင်ပြေမည်။ ဘုရားဆင်းတုတော်များ မိမိလက်ဝယ်ပူဇော်ခွင့် ရမည်။ သွား၊ ခံတွင်းနှင့်ပတ်သက်၍ ကျန်းမာရေး သတိထားပါ။ သူခိုး၊ သူဝှက် သတိထားပါ။ မေတ္တာရေးသည်ကား နေရိပ်မလာခင်နေပူကစောင့်ရမည့်ကာလ မျိုး ဖြစ်သည်။

အကျိုးပေးသော အရောင်         – အပြာရောင်၊ ပြောက်ကျား

အကျိုးမပေးသော အရောင်       – အနီရောင်၊ လိမ္မော်ရောင်

မသွားသင့်သော အရပ်   – မြောက်အရပ်

ယတြာ                     – နဂါးမောက်သီးကို ခွဲခြမ်းစိတ်ဖြာပြီးဘုရားဆွမ်းတော် ကပ်လှူပါ။

ဗုဒၶဟူး

သင့်ကို မိတ်ဆွေတစ်ဦးကလုပ်ငန်းနှင့်ပတ်သက်၍ အကြံပြုလာလျှင် ထိုလုပ်ငန်း အဆင်ပြေ လိမ့်မည်။ ဖုန်းဝင်မည်။ လှပသောအဝတ်အထည်၊ လာဘ်လာဘများ ဝင်မည်။ ရတနာပစ္စည်း ဝင်မည်။ ကျန်းမာရေး အညံ့မရှိပါ။ မေတ္တာရေးသည်ကား စန်းပွင့်လာဘ်ပွင့် ဖြစ်နေပါမည်။

အကျိုးပေးသော အရောင်         – ရွှေအိုရောင်၊ ပြောက်ကျား

အကျိုးမပေးသော အရောင်       – အနက်ရောင်၊ အစိမ်းရောင်

မသွားသင့်သော အရပ်             – အနောက်တောင်အရပ်

ယတြာ                               – နေ့လယ်ဆွမ်းအမီကြံရည်တစ်ချိုင့် ဘုန်းကြီးကျောင်း၌ ကပ်လှူပါ။

ကြာသပတေး

သင်ဆုံးရှုံးမည်ထင်ထားသောငွေ သင့်ထံပြန်ဝင်မည်။ ရပ်ဝေးဧည့်သည်များ မိမိထံလာမည်။ သို့သော်ယခုကာလ၌ ကော်ဇောမွေ့ရာဝယ်ခြင်းများ ရှောင်ကြဉ်ပါ။ တန်ဖိုးကြီးပစ္စည်းများ ပျောက်ရှတတ်သည်။ မေတ္တာရေးသည်ကား ချစ်သူရမည့်ကာလဖြစ်သည်။

အကျိုးပေးသော အရောင်         – အနီရောင်၊ အဝါရောင်

အကျိုးမပေးသော အရောင်       – အပြာရောင်၊ လိမေ်္မာ်ရောင်

မသွားသင့်သော အရပ်             – အနောက်ရပ်

ယတြာ                               – ပေါက်ဆီ ၂ လုံး ကို ဘုရားဆွမ်းတော် ကပ်လှူပါ။

သောကြာ

သူတော်ကောင်း နတ်ကောင်းများ မစမည့် ကာလဖြစ်သည်။ ပညာရေးအနည်းငယ် အားနည်း တတ်သည်မို့ သတိထားသင့်သည်။ ယခုလ၌ ဖုန်းမဝယ်သင့်ပါ။ သားသမီးရတနာ ရမည်။ စက်ပစ္စည်းများ ဒုက္ခပေးတတ်သည်။ မေတ္တာရေးသည်ကား ချစ်သူနှင့်မိမိကြားမှာ အတားအဆီး ရှိနေသော်လည်း ကျော်ဖြတ်သွားရမည်။

အကျိုးပေးသော အရောင်         – အဝါရောင်၊ အနက်ရောင်

အကျိုးမပေးသော အရောင်       – လိမ္မော်ရောင်၊ ကာကီရောင်

မသွားသင့်သော အရပ်             – အရှေ့ရပ်

ယတြာ                               – ဗောဓိညောင်ပင်၌ ရေသက်စေ့လောင်းပါ။

စေန

နိုင်ငံရပ်ခြားခရီး သွားရတတ်သည်။ ဥစ်္စာစည်းစိမ် တိုးပွားမည်။ စပ်တူရှယ်ယာလုပ်ငန်းများမှ အကျိုးအမြတ်များ ရမည်။ ယခုကာလ၌ ဖုန်းမဝယ်သင့်ပါ။ ပညာရေး အဆင်ပြေမည်။ကျန်းမာရေးနှင့်ပတ်သက်၍ အာရုံကြော အားနည်းတတ်သည်။ မေတ္တာရေးသည်ကား နီးစပ်ခွင့်လေး မကြာမီရရှိပါမည်။

အကျိုးပေးသော အရောင်         – အစိမ်းရောင်၊ ခရမ်းရောင်

အကျိုးမပေးသော အရောင်       – အဝါရောင်၊ အနီရောင်

မသွားသင့်သော အရပ်             – တောင်အရပ်

ယတြာ                               – ပန်းတိမ်ငိုပန်းတစ်စည်း ဘုရားကပ်လှုပါ။

                                         လိုရာဆန္ဒပြည့်ဝနိုင်ပါစေ

                                                 ဆရာရွှေစင်မြတ်(Geology)

                                                     ဝေဒလက္ခဏသုတေသီ