တိုင်းလွှတ်တော် ကော်မတီလေးခု ပြင်ဆင်ဖွဲ့စည်း

0
491

တနင်္သာရီတိုင်းလွှတ်တော်တွင် ဖွဲ့စည်းထားသည့် လွှတ်တော်ကော်မတီလေးခုကို အောက်တိုဘာလ ၁ ရက်က ကျင်းပသော တိုင်းလွှတ်တော်ပုံမှန်အစည်း အဝေးတွင် အတည်ပြုချက်ယူကာ ပြင်ဆင်ဖွဲ့စည်းလိုက်သည်။

လွှတ်တော်ကိုယ်စားလှယ်မှ တိုင်းအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး အဖြစ်သို့ တာဝန်ယူသွားသည့် ဦးကျော်မင်း(ခေါ်) ဦးဖိုးမင်း ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်စသဖြင့် တာဝန်ယူထားသည့် ကော်မတီလေးခုကို ပြင်ဆင်ဖွဲ့စည်းလိုက် ခြင်းဖြစ်သည်။

ယင်းကော်မတီများမှာ လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေးဆိုင်ရာကော်မတီ၊ ပြည်သူများ၏ တိုင်ကြားစာ၊ အသနားခံစာဆိုင်ရာ စိစစ်ရေး ကော်မတီ၊ ဘဏ္ဍာရေးနှင့် စီမံကိန်း၊ စီးပွားရေးကော်မတီ၊ ဘဏ္ဍာငွေရသုံးဆိုင်ရာစိစစ် အကြံပြုရေး အဖွဲ့တို့ဖြစ်သည်။

ယခင် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်း(ခေါ်) ဦးဖိုးမင်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူသော တိုင်းလွှတ်တော် ဘဏ္ဍာရေးနှင့် စီမံကိန်း၊ စီးပွားရေးကော်မတီ၊ ဘဏ္ဍာငွေရသုံးဆိုင်ရာစိစစ် အကြံပြုရေး အဖွဲ့တို့တွင်  တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည် ဖြစ်သည်။

ယခင် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်း(ခေါ်) ဦးဖိုးမင်းအတွင်းရေး မှူုးအဖြစ်ဆောင်ရွက်သော တိုင်းလွှတ်တော် ပြည်သူများ၏ တိုင်ကြားစာ၊ အသနား ခံစာဆိုင်ရာ စိစစ်ရေး ကော်မတီတွင် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝေေ၀လွင်က အတွင်းရေးမှူးအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။

ယင်းအပြင် ဦးကျော်မင်း(ခေါ်) ဦးဖိုးမင်း အဖွဲ့ဝင်အဖြစ်ဆောင်ရွက်သည့် လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေးဆိုင်ရာကော် မတီအဖွဲ့ဝင်များကို ယခင်လေးဦးမှ သုံးဦးသို့ လျှော့ချဖွဲ့စည်းလိုက်သည်။

အထက်ပါကော်မတီများကို ဦးကျော်မင်း(ခေါ်) ဦးဖိုးမင်း ဝန်ကြီးအဖြစ် တာဝန်ယူပြီး လပိုင်းအကြာတွင် ပြင်ဆင်ဖွဲ့စည်းပြီးနောက် အောက်တိုဘာ လ ၁ ရက်က ပြုလုပ်သည့် တိုင်းလွှတ်တော် ပုံမှန်အစည်းအဝေးတွင် ယင်း ကော်မတီများကို အတည်ပြုလိုက်ခြင်း ဖြစ်သည်။

ကျော်သူစိုး