မြိတ်တွင် ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်

0
417

ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်မှုတစ်ခုကို မြိတ်မြို့ လေယာဉ်ကွင်းအနီးတွင် အောက်တိုဘာလ ၆ ရက်က ပြုလုပ်ခဲ့သည်။

မော်တော်ယာဉ်မတော်တဆမှုဖြစ်စဉ်တွင် မီးလောင်မှုဖြစ်နေသည့်ယာဉ်အား မီးငြိမ်းသတ်ယာဉ်များမှ မီးငြိမ်း သတ်နေစဉ် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ ဝင်များက ကားအတွင်းပိတ်မိနေသည့် လူနာများအား ကယ်ဆယ်ပြီးလူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ပို့ဆောင်ပေးသည့် ဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

မတော်တဆမှုများဖြစ်သည့်အခါ မီးသတ်တပ်ဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များမှ စနစ်တကျပူးပေါင်းပြီး ဆောင် ရွက်နိုင်စေရန်အတွက် ယင်းသို့ ဇာတ်တိုက်လေ့ကျင့်ခြင်းဖြစ်ကြောင်း  မြိတ်ခရိုင် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးဇော်ဝင်းက ပြောသည်။

၎င်းအပြင် အထပ်မြင့်မီးလောင်မှုတွင် အထပ်မြင့်လှေကားတင်ယာဉ်အသံုံး ပြုပြီး ပိတ်မိနေသည့်လူနာများအား ကယ်ဆယ်ကာ ကြက်ခြေနီတပ်ဖွဲ့ဝင်များ မှရှေးဦးပြုစုခြင်း၊ ဆေးရုံသို့ပို့ဆောင်ခြင်း စသည့် ဇာတ်တိုက်လေ့ကျင့်မှုများကိုလည်း ပြုလုပ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်မှုတွင် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးငြိမ်းသတ်ယာဉ်၊ ရေသယ်ယာဉ်၊ လှေကားတင်ယာဉ်၊ ရှာဖွေ ကယ်ဆယ်ရေးယာဉ်၊ လူနာတင်ယာဉ် စသဖြင့် ယာဉ်အစီးရေ ၂၀ တို့ဖြင့်ပြုလုပ် ခဲ့ကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာနထံမှ သိရသည်။

မြင့်မိုရ်(မြိတ်)