စပါးတောင်တက်လမ်း ကွန်ကရစ်ခင်းမည်

0
605

ထားဝယ်မြို့အရှေ့ဘက်ရှိ စပါးတောင်တက်လမ်းကို ယခုဘဏ္ဍာနှစ်အတွင်း ကွန်ကရစ်လမ်းခင်းမည်ဖြစ် ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။

စပါးတောင်တက်လမ်း၏ အရှည် မှာ နှစ်မိုင်ခန့်ရှိပြီး လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လမ်းအရှည်တစ်မိုင်ကို ကွန်ကရစ် လမ်းခင်းမည်ဖြစ်သည်။

လက်ရှိတွင် ကွန်ကရစ်လမ်းခင်းရန်အတွက် လုပ်ငန်းတင်ဒါခေါ်ယူထားပြီး ဖြစ်ကာ ကျန်သည့်အပိုင်းကို လာမည့် ဘဏ္ဍာနှစ်တွင် ဆက်လုပ်မည်ဖြစ်ကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနညွှန်ကြားရေးမှူး ဦးဇော်မိုးဦးက ဆိုသည်။

“တစ်နှစ်တစ်ခါ ဖြည်းဖြည်းချင်း ဆက်လုပ်သွားမှာပါ”ဟု ဦးဇော်မိုးဦးက ပြောသည်။

စပါးတောင်တက်သည့် မုခ်ဦးအ၀ မှ တောင်ပေါ်တက်ရာလမ်းကို ၁၂ ပေ အကျယ် ၇ လက်မထု ကွန်ကရစ်လမ်းခင်းမည်ဖြစ်ပြီး  ၂၄ ပေ အကျယ်ရှိ မြေသား လမ်းချဲ့မည်ဖြစ်ကြောင်း အထက်ပါဌာန ထံမှ သိရသည်။

ယင်းလုပ်ငန်းများအတွက် ငွေကျပ် ၂၈၈ သန်းခန့် အသုံးပြုမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ထံမှ သိရသည်။

စပါးတောင်ပေါ်တွင် ဘုရား၊ စေတီ၊ ဘုန်းတော်ကြီးကျောင်း အစရှိသည့် သာသနိက အဆောက်အအုံများရှိသည်။

ကိုဇော်