ဖိုးဖိုးကျောက်ကမ်းခြေ အမှိုက်ကိစ္စ ကြပ်မတ်မည်

0
637
ဓာတ်ပုံ - ကိုဇော်

လောင်းလုံးမြို့နယ်အတွင်းရှိ နာမည်ကြီးဖိုးဖိုးကျောက်ကမ်းခြေတွင် ယခုခရီးသွားရာသီမှစတင်ကာ အမှိုက် ကိစ္စ ကြပ်မတ်မည်ဖြစ်ကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောသည်။

အမှိုက်ကို စနစ်တကျစွန့်ပစ်ရန် အတွက်ကမ်းခြေရှိ ယာယီစားသောက်ဆိုင် ရောင်းချသူများကိုခေါ်ယူဆွေးနွေး မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“သူတို့စီးပွားရေးကို ဖျက်ဆီးတာ မဟုတ်ပါဘူး၊ စနစ်တကျနဲ့ရောင်း၊ စနစ်တကျနဲ့ သိမ်းဆည်းဖို့၊ သန့်ရှင်းလာလေလေ သူတို့ ဈေးရာင်းရလေပဲ။ မသန့်ရှင်းရင်တော့ ဘယ်သူမှလာမှာမဟုတ်ပါဘူး။ အဲဒါတော့ သူတို့နားလည်ဖို့လိုတယ်”ဟု ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောသည်။

အမှိုက်ကို စနစ်တကျပစ်နိုင်ရန် အမှိုက်ပစ်သည့်နေရာတစ်ခုကို သတ်မှတ် ပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းအပြင် ကမ်းခြေရှိ ယာယီစားသောက်ဆိုင်များအနေဖြင့် မိုးရာသီရောက်ပါက ဆိုင်ခန်းများကို မိမိအစီ အစဉ်ဖြင့် ပြန်ဖျက်သွားရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် မိုးရာသီက ယာယီဆိုင်ခန်းအချို့ကို မဖျက်ဘဲထားခဲ့ပြီး အမှိုက်များကို စနစ်တကျ မသိမ်းဆည်း ခဲ့သည်ကို တွေ့ရကြောင်း ဦးအောင်စိုးမိုးက ပြောသည်။

စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုကြောင့် ကမ်းခြေပျက်စီးသွားနိုင်သည့် အတွက် အမှိုက်ကိစ်္စကို သေချာထိန်းသိမ်း ကြပ်မတ်ရန် လိုအပ်ကြောင်း ထားဝယ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါ်မိုးမိုးသူက ဆိုသည်။

“ကမ်းခြေအမှိုက်ကိစ္စအတွက် ဒေသခံတွေနဲ့ ထွေအုပ်ပါတဲ့ အဖွဲ့ဖွဲ့ဖို့လည်း လိုတယ်လို့ မြင်တယ်”ဟု ဒေါ်မိုးမိုးသူက ပြောသည်။

ယင်းအပြင် ကမ်းခြေတစ်လျှောက် ကားဖြင့်သွားလာလည်ပတ်မှုကိုလည်း ကြပ်မတ်မည်ဖြစ်ကြောင်း ဦးအောင်စိုးမိုးက ပြောသည်။

လက်ရှိတွင် ညောပြင်ကျေးရွာမှ ဖိုးဖိုးကျောက်ကမ်းခြေသို့ သွားသည့်လမ်းမှာ ဆိုးရွားစွာပျက်စီးနေပြီး ကား များသွားလာ၍ မရပေ။

ကိုဇော်