၀န်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်အမှု ရုံးချိန်း ထူးခြားချက် များ

0
7770
ဦးခင်မောင်အေးအား တိုင်းတရားလွှတ်တော်တွင် တွေ့ရစဉ်။ ဓာတ်ပုံ - ဝေယံစိုး

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲခံထားရသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီ တာဝန်ရှိသူ သုံးဦးတို့၏ အမှု ၃၃ ကြိမ်နှင့် ၃၄ ကြိမ် မြောက်ရုံးချိန်းကို အောက်တိုဘာလ ၇ ရက်နှင့် ၈ ရက်တို့တွင် စစ်ဆေးခဲ့သည်။ ယင်းရုံချိန်းနှစ်ရက်အတွင်း ထူးခြားချက်များကို ကောက်နုတ်ဖော်ပြလိုက်သည်။

တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးကို စစ်ဆေး

တိုင်းတရားလွှတ်တော်တွင် စစ်ဆေး နေသည့် အမှုလေးခုစလုံးအတွက် ဦးခင်မောင်အေးကို တရားလိုပြသက် သေအဖြစ် စစ်ဆေးခဲ့သည်။

တိုင်းတရားလွှတ်တော်၏ အမှု အမှတ် ၁/၂၀၁၉

 ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်တွင် လုပ်ငန်း ၁၁ ခုအတွက် ငွေကျပ် ၁ ဒသမ ၉ ဘီလီယံကို တစ်လုံးတစ်ခဲတည်း ထုတ်ပေးခဲ့သည့်ကိစ္စနှင့် ထားဝယ်မြို့ ဆေးရုံလမ်းရှိ ဒေါက်တာလဲ့လဲ့မော်၏ ခင်ပွန်း ဝယ်ယူထားသည့် မြေကွက်ကို အုတ်ခြံစည်းရိုး၊ အုတ်ရေမြောင်း ဆောက် လုပ်သည့် ကိစ္စတို့ကို စစ်ဆေးခဲ့သည်။

၂၀၁၉ နှစ်ဆန်းပိုင်းခန့်က NLD ပါတီရုံးသို့သွားစဉ် အဆိုပါမြေကွက်ကို အုတ်ခြံစည်းရိုးခတ်နေသည်ကို တွေ့ရ သည့်အတွက် မည်သူပိုင်ကြောင်း မေးမြန်းရာ ဒေါက်တာလဲ့လဲ့မော်၏ခင်ပွန်း ဦးထွန်းမင်း ဝယ်ထားသည်ကို သိရကြောင်း တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးက တရားခွင်အတွင်း ထွက်ဆိုသည်။

၎င်းမေးမြန်းရာတွင် လမ်းဦးစီးဌာန မှ ခိုင်းစေသည်ဟု လုပ်ငန်းလုပ်နေသည့် ပန်းရန်လုပ်သားများက ပြောပြကြောင်း ၎င်းက ဆိုသည်။

တိုင်းတရားလွှတ်တော်၏ အမှု အမှတ် ၂/၂၀၁၉

ဦးခင်မောင်အေးကို ကျပ်သိန်းလေး ထောင် အသုံးပြုပြီး ထားဝယ်လေယာဉ် ကွင်းချုံနွယ်ရှင်းလင်းခဲ့သည့် အမှုအတွက် လိုပြသက်သေအဖြစ် စစ်ဆေးခဲ့သည်။

တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်က ထားဝယ်လေယာဉ်ကွင်းချုံရှင်းသည့်လုပ်ငန်းကို F 22 ကုမ္ပဏီအား တင်ဒါမခေါ်ဘဲ လုပ်ငန်းများ အပ်နှံခဲ့ပြီး ယန္တရားများဖြင့် လုပ်နေသည်ကို တွေ့ရကြောင်း ဦးခင်မောင်အေး က တရားခွင်အတွင်း ထွက်ဆိုသည်။

တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၏ စာအရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အထွေထွေပိုလျှံရန်ပုံငွေဖြင့် ထားဝယ်လေဆိပ်တွင် လေဆိပ်ပြုပြင် ခြင်း၊ သစ်ပင်ချုံနွယ်ရှင်းလင်းခြင်းနှင့် အုတ်ခြံစည်းရိုးခတ်ခြင်းတို့အတွက် ကျပ် သိန်းလေးထောင်အသုံးပြုသည်ဟု သိထားကြောင်း ၎င်းက ပြောသည်။

ထိုလုပ်ငန်းသုံးခုအတွက် ခွင့်ပြုငွေကို တိုင်းလွှတ်တော်သို့လည်း တင်ပြ ထားပြီး မှတ်တမ်းတင်ထားသည့်အတွက် လုပ်ငန်းသုံးခုကိုဆောင်ရွက်ရမည်ဖြစ်သော်လည်း ကျပ်သိန်းလေးထောင်ကို ချုံရှင်းသည့် ကိစ္စတစ်ခုတည်းကိုသာ  သုံးစွဲခဲ့ကြောင်းကို တိုင်းစာရင်းစစ်ချုပ် အစီရင်ခံစာအရ သိရသည်ဟု ဦးခင်မောင်အေးက ဆိုသည်။

ယင်းသို့ သုံးစွဲခြင်းသည် မြန်မာနိုင်ငံ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာစည်းမျဉ်းကို မလိုက်နာသည့်သဘောဖြစ်နေ ကြောင်း ၎င်းက ထွက်ဆိုသည်။

စာရင်းစစ်ချုပ်အစီရင်ခံစာအရ ထားဝယ် လေယာဉ်ကွင်း၏ ဧရိယာမှာ ၂၅၂ ဒသမ ၃၃၆ ဧကရှိပြီး လေယာဉ် ပြေးလမ်း၊ လေယာဉ်ရပ်နားကွင်း၊ ချဉ်း ကပ်လမ်း စသည်တို့ကို နုတ်လိုက်ပါက ၂၀၃ ဒသမ ၁၂ ဧကရှိသည်ဟု သိရ ကြောင်း ဦးခင်မောင်အေးက ဆိုသည်။

ကုန်ကျစရိတ်ကို တွက်ချက်ရာတွင်  ၁ စတုရန်းပေလျှင် ၄၅ ကျပ် ၂၃ ပြား ဟု အစီရင်ခံစာတွင် ဖော်ပြထားပြီး လေယာဉ်ကွင်းအတွင်း ပေါက်နေသည့် အပင်များမှာ မြက်ပင်အရှည်များသာ ဖြစ်သည့်အတွက် ထိုကုန်ကျစရိတ်ငွေမှာ များပြားသည့် တန်ဖိုးသင့်ငွေဟု သဘော ရကြောင်း ၎င်းက ပြောသည်။

လေယာဉ်ကွင်း၏ အနောက်ဘက် ခြံစည်းရိုးအနီးတွင်သာ ချုံနွယ်သာသာ အပင်များရှိသည်ကို တွေ့ရကြောင်း ဦးခင်မောင်အေးက တရားခွင်အတွင်း ထွက်ဆိုသည်။

၎င်းကွင်းဆင်းကြည့်စဉ်က လေယာဉ် ကွင်းအနောက်ဘက် ခြံစည်းရိုးအနီးရှိ အပင်များကို ရှင်းလင်းခြင်းမရှိသေးဘဲ လေယာဉ်ပြေးလမ်းဝဲယာ ပေ ၃၀ ခန့် အတွင်းတွင် ရှင်းလင်းနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

လေယာဉ်ကွင်းအတွင်း ချုံနွယ် ရှင်းခ ကျပ်သိန်းလေးထောင်ဆိုသည့် ပမာဏမှာ ကျပ်သိန်းတစ်ရာထက် ပိုများ သည့်အတွက် နိုင်ငံတော်သမ္မတရုံး၏ ၁/၂၀၁၃ တင်ဒါစည်းမျဉ်းစည်းကမ်းနှင့် ၂/၂၀၁၇ ညွှန်ကြားချက်တို့အရ တင်ဒါ စနစ်ဖြင့်သာ လုပ်ငန်းဆောင်ရွက်ရမည် ဖြစ်ပြီး အစည်းအဝေးတစ်ခုခု၏ ဆုံးဖြတ် ချက်ဖြင့် လုပ်ငန်းအပ်ရမည်ဟု မပါကြောင်း ဦးခင်မောင်အေးက ပြောသည်။

အထက်ပါညွှန်ကြားများတွင် ကျပ် သိန်းတစ်ရာကျော်သည့် ငွေလုံးငွေရင်း လုပ်ငန်းများကို မည်သည့်အခြေအနေ တွင်မဆို တင်ဒါခေါ်၍ ဆောင်ရွက်ရ မည်ဟု ပါရှိကြောင်း ၎င်းက ပြောသည်။

ယင်းအပြင် ပိုလျှံရန်ပုံငွေမှ ဆောင် ရွက်မည်ဖြစ်သော ငွေလုံးငွေရင်းလုပ်ငန်း များကို လွှတ်တော်သို့ အတည်ပြုရန် တင်ပြပြီးနောက်ပိုင်းတွင် တင်ပြထား သည့်အတိုင်း ဆောင်ရွက်ရမည်ဖြစ် ကြောင်း ဦးခင်မောင်အေးက ပြောသည်။

ထိုကြောင့် လုပ်ငန်းသုံးခုလုပ်ရန် တိုင်းလွှတ်တော်က အတည်ပြုထား သော်လည်း လုပ်ငန်းတစ်ခုတည်း အတွက်သာ သုံးစွဲခြင်းမှာ ဘဏ္ဍာရေး စည်းမျဉ်းနှင့် မကိုက်ညီကြောင်း ၎င်းက ဆိုသည်။

တရားခွင်အတွင်း စွပ်စွဲခံရသူ၏ ရှေ့နေက အပြန်အလှန်မေးရာတွင် အစိုးရ အဖွဲ့သည် တိုင်းအတွင်းရှိ ဖွံ့ဖြိုးရေး လုပ်ငန်းအတွက် မူဝါဒချမှတ်သည့် လုပ်ငန်းစဉ်ကိုသာဆောင်ရွက်ပြီး အကောင် အထည်ဖော်ခြင်းလုပ်ငန်းကို တိုင်းအစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးဆောင်သည့် တိုင်း အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးဌာနများ၊ ဦးစီးဌာနများနှင့် အစိုးရကဖွဲ့စည်းပေး ထားသည့် ကျွမ်းကျင်ပညာရှင်များပါ သည့်တည်/ကော်အဖွဲ့ကသာ ဆောင်ရွက် ခြင်းဖြစ်သည်ဟုဆိုလျှင် ဟုတ်ပါသလား ဟု မေးမြန်းခဲ့သည်။

ဦးခင်မောင်အေးကမူ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တိုင်းနှင့်ပြည်နယ် အစိုးရများသည် တိုင်းနှင့်ပြည်နယ်ဝန် ကြီးဌာနများနှင့် အစိုးရဌာနများ၊ အဖွဲ့ အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများ ကို အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီဖြစ်စေရန်၊ တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီဖြစ်စေရန် စီမံခန့်ခွဲခြင်း၊ လမ်းညွှန်ခြင်း၊ စစ်ဆေးခြင်း ပြုရမည်ဟု ဖြေကြားခဲ့သည်။

ယင်းနောက် စွပ်စွဲခံရသူ၏ အကျိုး ဆောင်ရှေ့နေက ထားဝယ်လေယာဉ်ကွင်း ချုံရှင်းကိစ္စကို တိုင်းအစိုးရအဖွဲ့အကြီး အကဲ (ဝန်ကြီးချုပ်ဟောင်း) ဒေါက်တာလဲ့လဲ့မော်၏ တစ်ဦးတည်းဆန္ဒသဘော ဖြင့် F 22 ကုမ္ပဏီကို လက်သိပ်ထိုးစေခိုင်းခွင့်ပြုခြင်း မဟုတ်ဘဲ တိုင်းအစိုးရ အဖွဲ့အစည်းအဝေးမှ အများသဘောဆန္ဒ ဖြင့် ဆုံးဖြတ်ခဲ့သည်ကို သိပါသလားဟု ထပ်မံမေးမြန်းခဲ့သည်။

ဦးခင်မောင်အေးက မသိကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တိုင်းနှင့်ပြည်နယ်ဝန် ကြီးများသည် သက်ဆိုင်ရာတိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်အားလည်းကောင်း၊ တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များသည် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်ဟု ပါရှိသဖြင့် မည်သည့်ကိစ္စကိုမဆို၊ မည်သည့်နည်းလမ်းဖြင့်မဆို ဆောင်ရွက်ခဲ့ သည့် ကိစ္စများသည် ဝန်ကြီးချုပ်ကိုယ်တိုင် တာဝန်ယူ တာဝန်ခံရမည်ဟု ဖြေကြားခဲ့ သည်။

ဝန်ကြီးချုပ်လက်မှတ်မပါသော်လည်း ဝန်ကြီး သို့မဟုတ် တိုင်းအတွင်းရေးမှူး လက်မှတ်ဖြင့် ထုတ်ပြန်သော ညွှန်ကြားစာများ၊ အမိန့်များ၊ ဆုံးဖြတ်ချက်များကို ဝန်ကြီးချုပ်က တာဝန်ယူရ မည်ဖြစ်ကြောင်း ဦးခင်မောင်အေးက တရားခွင်အတွင်း ပြောဆိုသည်။

တိုင်းတရားလွှတ်တော်၏ အမှု အမှတ် ၃/၂၀၁၉

ထားဝယ်ခရိုင်အတွင်း လျှပ်စစ် ဓာတ်အား ထုတ်လုပ် ရောင်းချခြင်းဆိုင်ရာ သဘောတူစာချုပ်ပါ စည်းကမ်း ချက်များအတိုင်း အကောင်အထည်ဖော် ရေး ကြီးကြပ်ရန် ပျက်ကွက်သည့်ကိစ္စ၊ ကုမ္ပဏီက သဘာဝဓာတ်ငွေ့ဖိုး ကျပ်သန်း ၈၀၀၀ ကျော်ကို ပေးချေရန် ပျက်ကွက်သည်ဟုဆိုကာ စွဲဆိုထား သည့်အမှုဖြစ်သည်။

GGS ကုမ္ပဏီအနေဖြင့် Gas ဖိုး ကျသင့်ငွေအကြွေးကျန်နေသည့်အကြောင်း ပြောဆိုချက်များ၊ ကုမ္ပဏီအရှုံး ပေါ်နေ သဖြင့် လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းကို တင်ဒါမခေါ်ဘဲ လုပ်ငန်းအပ်နှံခြင်းတို့ လုပ်ဆောင်နေကြောင်း သိရသဖြင့် အခြေအနေမှန်ကို သိရှိစေရန် တိုင်းလွှတ်တော်တွင် ကြားနာပွဲများ လုပ်ဆောင်ခဲ့ကြောင်း ဦးခင်မောင်အေးက တရားခွင်အတွင်း ထွက်ဆိုသည်။

ကြားနာပွဲတွင် Gas ဖိုးငွေအကြွေး ကျန်ကိစ္စနှင့်ပတ်သက်၍ GGS ကုမ္ပဏီ ၏ မန်းနေဂျင်းဒါရိုက်တာ(MD)ဖြစ်သူ ဦးအောင်မြတ်ကGGS ဖိုးငွေပေးရန် ငွေ အဆင်သင့်ရှိကြောင်း၊ သို့သော် မပေးသေးကြောင်း၊ ထောင်ချလိုက ချနိုင်ပြီး ထောင်မှထွက်မည်ဟု ပြောဆိုမှုကို စိတ်မကောင်းစွာ ကြားသိရကြောင်း ဦးခင်မောင်အေးက တရားခွင်အတွင်း ပြောသည်။

တိုင်းဒေသကြီးလွှတ်တော်၏ ၈ ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင်တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဗိုလ်ထွေးက လျှပ်စစ်နှင့် ပတ်သက်သည့် ထပ်ဆင့်မေးခွန်းမေးမြန်းရာ လျှပ်စစ်ဝန် ကြီး(ဟောင်း) ဦးကြည်လှိုင်က ထားဝယ် ခရိုင်လျှပ်စစ် ဖြန့်ဖြူးရေးလုပ်ငန်း အတွက် ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် တင်ဒါခေါ်ယူထားကြောင်း စာဖြင့်ပြန်ဖြေခဲ့သည်ဟု ၎င်းက ဆိုသည်။

ယင်းအပြင် GGS က လျှပ်စစ် ထုတ်လုပ်ရေးတွင် အရှုံးဖြင့်ရင်ဆိုင်နေရ သည့်အတွက် ဖြန့်ဖြူးရေးလုပ်ငန်းကိုပါ ပူးတွဲ လုပ်ကိုင်ခွင့်ရမည်ဆိုပါက တစ်ယူနစ် လျှင် ကျပ်နှစ်ရာထက်မပိုသည့်နှုန်းထား ဖြင့် ဖြန့်ဖြူးမည်ဟု ကုမ္ပဏီဘက်က တင်ပြလာသည့်အတွက် တိုင်းအစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ဖြန့်ဖြူးရေးတင်ဒါခေါ်ယူထားမှုကို ပြန်လည်ပယ်ဖျက်ကာGGS ကုမ္ပဏီအား လုပ်ကိုင်ခွင့်ပေးခဲ့သည်ဟု ဝန်ကြီး က စာဖြင့်ဖြေကြားခဲ့ကြောင်း ဦးခင်မောင်အေးက ပြောသည်။

လျှပ်စစ်ထုတ်လုပ်ရေးအတွက် ကုမ္ပဏီဘက်မှ အသုံးပြုရမည့် Gas ဈေးနှုန်း၊ စက်ငှားခ၊ ဝန်ထမ်းစရိတ် စသည်များကို တွက်ချက်ပြီးမှ ကုမ္ပဏီ အတွက် တွက်ခြေကိုက်/မကိုက် သုံးသပ်ကာ တင်ဒါဝင်ပြိုင်သည်ဟု နားလည် ထားကြောင်း ၎င်းက တရားခွင်အတွင်း ပြောသည်။

အမှန်တကယ်လုပ်ကိုင်ချိန် ရောက်မှ အရှုံးပေါ်၍ တွက်ချက်မကိုက်ဟု ပြောဆိုလာခြင်းမှာ တင်ဒါစည်းမျဉ်းနှင့် ကွဲလွဲနေကြောင်း ဦးခင်မောင်အေးက ဆိုသည်။

ယင်းအပြင် GGS ကုမ္ပဏီအရှုံးပေါ် နေခြင်းကို ကာမိစေရန် ထိုအချိန်က လျှပ်စစ် ဖြန့်ဖြူးရေးလုပ်နေသည့် DDPC ကုမ္ပဏီကို သက်တမ်း မကုန်မီရပ်နား စေပြီး GGS ကုမ္ပဏီကိုတင်ဒါမခေါ်ဘဲ လုပ်ကိုင်ခွင့်ပေးခြင်းမှာ တင်ဒါစည်းမျဉ်း စည်းကမ်း ၁/၂၀၁၇ ကို မလိုက်နာသကဲ့ သို့ ခင်မင်မှုကို အခြေခံ၍ အခွင့်အရေး ပေးသည့်သဘောဖြစ်နေကြောင်း ၎င်းက ပြောသည်။

ထိုနောက် စွပ်စွဲခံရသူများ၏ အကျိုး ဆောင်ရှေ့နေများက အပြန်အလှန်မေး မြန်းရာ DDPC ကုမ္ပဏီက အရှုံးပေါ်နေ သည့်အတွက် ဆက်မလုပ်လိုတော့ကြောင်း တိုင်းအစိုးရအဖွဲ့ထံ တင်ပြလာသဖြင့် အစိုးရအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက် အရ GGSကုမ္ပဏီအား ယာယီလွှဲပြောင်း ပေးခဲ့ရသည်ကို သိပါသလားဟု မေးမြန်း ခဲ့သည်။

စွပ်စွဲခံရသူများ၏ အခြားအကျိုးဆောင်ရှေ့နေတစ်ဦးကလည်း GGSကုမ္ပဏီ (စာချုပ်) သက်တမ်းမစေ့မီ ထွက်သွားခြင်းမှာ ၎င်းတို့သဘောအရ ဖြစ်သည်ဟုဆိုလျှင် ဟုတ်ပါသလားဟု မေးမြန်းခဲ့သည်။

ဦးခင်မောင်အေးကမူ DDPC ကုမ္ပဏီသည် ၂၀၂၀ ခုနှစ်အထိ သက်တမ်း ရှိနေပြီး ကုမ္ပဏီအနေဖြင့် ဆက်လုပ်ရန် ဆန္ဒရှိကြောင်း ပြောဆိုထားသည်ဟု ဆိုသည်။

 DDPC ကုမ္ပဏီ၏ လျှပ်စစ်နှင့် ပတ်သက်သော အချက်အလက်များကို GGS ကုမ္ပဏီထံ လွှဲပြောင်းပေးရန် (တိုင်းအစိုးရ၏) စာရောက်ရှိသည်ဟု ၎င်းင်းထံ လာတင်ပြဖူးသည်ဟု တရားခွင် အတွင်း ပြောသည်။

ထို့အပြင် GGSကုမ္ပဏီနှင့် တိုင်းအစိုးရတို့ချုပ်ဆိုခဲ့သည့် လျှပ်စစ်ထုတ် လုပ်ရောင်းချခြင်းဆိုင်ရာ သဘောတူ စာချုပ် နှစ်ခုရှိနေသည်ကို သိရပြီး ပထမ စာချုပ်တွင် ကွက်လပ်များချန်လှပ်ကာ ချုပ်ဆိုထားကြောင်း ၎င်းက ဆိုသည်။

ဒုတိယစာချုပ်တွင်မူ ကွက်လပ် နေရာတွင် လက်ရေးဖြင့် ဖြည့်သွင်းထား ပြီး မည်သူဖြည့်စွက်ကြောင်း လက်မှတ် ရေးထိုးထားခြင်းမရှိဟု ဦးခင်မောင်အေးက ပြောသည်။

အဆိုပါစာချုပ်ကို တိုင်းလွှတ်တော် မှ တောင်းဆိုသည့်အတွက် ပေးပို့လာကြောင်း ၎င်းက ဆိုသည်။

ထိုနောက် ဒေါက်တာလဲ့လဲ့မော်က ပြည်သူများလျှပ်စစ်ယူနစ်ဈေးနှုန်းသက် သာစွာသုံးနိုင်ရေးအတွက် Gasကို သက်သာ သောနှုန်းဖြင့် ပြည်ထောင်စု အစိုးရက ရောင်းချပေးရန် ဆောင်ရွက် ပေးမည်ဟုဆိုကာ တစ်ယူနစ် ၂၀၀ ကျပ် ဖြင့် ဖြန့်ဖြူး ပေးရန် (GGSကုမ္ပဏီအား) နှုတ်အားဖြင့် ပြောဆိုသောကြောင့် GGSကုမ္ပဏီ က ထုတ်လုပ်မှုဈေးနှုန်းကို တစ်ယူနစ်လျှင် ၁၃၀ ကျပ်ဖြင့် တင်ဒါ ဝင်ပြိုင်ခဲ့သည်ကို သိပါသလားဟု စွပ်စွဲ ခံရသူများ၏ အကျိုးဆောင်ရှေ့နေတစ်ဦးက ထပ်မံမေးမြန်းခဲ့သည်။


သို့သော် ဝန်ကြီးချုပ်(ဟောင်း)၏ ကြိုးစားချက်သည် လုပ်ထုံးလုပ်နည်းနှင့် ကွဲလွဲနေကြောင်း ဦးခင်မောင်အေးက ဆိုသည်။

ကုမ္ပဏီအနေဖြင့် အရှုံးပေါ်နေသည် ဟု သက်ဆိုင်သူများထံ ပြောဆိုနေခြင်း မှာ ပြည်သူ့ဝင်ငွေအပေါ် ဈေးဆစ် သည့်သဘော သက်ရောက်နေကြောင်း ၎င်းက ပြောသည်။


တိုင်းတရားလွှတ်တော်၏ အမှု အမှတ်  ၄ /၂၀၁၉

ဝန်ကြီးချုပ် မိသားစုပိုင် သရက်ချောင်း မြို့ရှိ အိမ်နှင့်မြေမှာ ကာလတန်ဖိုး ကျပ် ၃၂၀ သိန်းကျော် ခန့်သာတန်ဖိုးရှိသော် လည်း ကျပ်သိန်း ၂၀၀၀ ဖြင့် GGSကုမ္ပဏီသို့ ရောင်းချခဲ့ပြီး ကုမ္ပဏီအား သရက်ချောင်း ငါးလေလံဈေးတည်ဆောက်ခြင်း၊ ထားဝယ်ခရိုင် လျှပ်စစ် ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ ထားဝယ်မြို့ ခြင်းလုံးရုံ တည်ဆောက် ခြင်း၊ ပုလောမြို့ မြို့နယ်ခန်းမ တည်ဆောက် ခြင်း၊ နေပြည်တော်ရှိ တနင်္သာရီတိုင်း အစိုးရဧည့်ရိပ်သာနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်း လုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုခြင်းဖြင့် အခွင့်အရေးပေးခဲ့သည်ဟု စွပ်စွဲထားသည့် အမှုဖြစ်သည်။

ပုလောမြို့နယ်ခန်းမကို ခွင့်ပြုငွေ ကျပ် ၅၈ သန်းဖြင့် တင်ဒါမခေါ်ဘဲ Grobal Grand ကုမ္ပဏီက ၂၀၁၇ ခုနှစ် မတ်လတွင် လုပ်ငန်းစတင်ခဲ့ကြောင်း တိုင်းစာရင်းစစ် အစီရင်ခံစာအရ သိရသည်ဟု ဦးခင်မောင်အေးက ထွက်ဆို သည်။

ယင်းခန်းမဆောက်လုပ်သည့်လုပ် ငန်းမှာ ၂၀၁၇ ခုနှစ် မေလကုန်တွင် ပြီးစီးခဲ့သော်လည်း အောက်တိုဘာလ ရောက်မှသာ (၅လကြာမှသာ) တည် ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ (တည်/ကော်) ထံ ခွင့်ပြုချက်တင်ပြခဲ့ပြီး ၂၀၁၈ ခုနှစ် မတ်လတွင် တည်/ကော်က ခွင့်ပြုချက်ပေးခဲ့သည်ဟု အစီရင်ခံစာ အရ သိရကြောင်း ၎င်းက ပြောသည်။

ယင်းအပြင် လုပ်ငန်းခန့်မှန်းတွက် ချက်မှုကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလအထိ တင်ပြနိုင်ခဲ့ခြင်းမရှိဟု စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ဖော်ပြထားသည်ဟု ဦးခင်မောင်အေးက ဆိုသည်။

လုပ်ငန်းလုပ်ရာတွင် တည်/ကော် ခွင့်ပြုချက်မရရှိမီ ကြိုတင်လုပ်ကိုင်ထား ခြင်းမှာလည်း မှားယွင်းနေပြီး ဘဏ္ဍာရေး စည်းမျဉ်းအရ တိတိကျကျသတ်မှတ်ထား သောအချိန်အတွင်း လုပ်ငန်းများကို အဆင့်ဆင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ထွက်ဆိုသည်။

ထို့အပြင် နေပြည်တော်ရှိ တိုင်းအစိုးရဧည့်ရိပ်သာတည်ဆောက်ရာတွင် တင်ဒါခေါ်ယူခဲ့သော်လည်း တင်ဒါစိစစ် ချိန်တွင် တင်ဒါဝင်ပြိုင်သည့်ကုမ္ပဏီ စာရင်းကို မဖော်ပြထားကြောင်း အစီရင် ခံစာတွင် ပါရှိသည်ဟု ဦးခင်မောင်အေးက ဆိုသည်။

လုပ်ငန်းခန့်မှန်းတွက်ချက်မှုစာရင်း ကိုလည်း ဧည့်ရိပ်သာတည်ဆောက်ရေး လုပ်ငန်းစပြီး ၇ လကြာမှသာ တည်/ကော် ထံတင်ပြခဲ့ကြောင်း၊ အဆိုပါစာရင်းအား အချိန်မီတင်ပြကာ ခွင့်ပြုချက်ရယူရန်လို အပ်သည်ဟု တိုင်းစာရင်းစစ်ချုပ်က သုံးသပ်တင်ပြထားသည်ကိုတွေ့ရကြောင်း ၎င်းက တရားခွင်အတွင်း ပြောသည်။

၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်သည် ၂၀၁၆ ခုနှစ် ဧပြီလမှ ၂၀၁၇ ခုနှစ် မတ်လ ကုန်အထိဖြစ်သော်လည်း အထက်ပါ လုပ်ငန်း အတွက် ဘတ်ဂျက်ကာလကို ၉ လတိတိ ကျော်လွန်ကာ သိမ်းကမ္ဘာ ကုမ္ပဏီအား ဆောင်ရွက်ခွင့်ပေးထားသည်မှာ ဘဏ္ဍာရေးစည်းမျဉ်းနှင့် လုံးဝကိုက်ညီမှုမရှိဘဲ ဆောင်ရွက်စေခဲ့သည် မှာ ထင်ရှားလျက်ရှိကြောင်း ဦးခင်မောင်အေးက ဆိုသည်။

တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက အထက်ပါ အချက်များအပြင် အခြား အချက်များကိုလည်း ထွက်ဆိုခဲ့သည်။

သရက်ချောင်းငါးလေလံဈေးစီမံကိန်းနှင့် ပတ်သက်၍ ၎င်းက ဆက်လက် ထွက်ဆိုခဲ့သည်။

ငါးလေလံဈေးစီမံကိန်းနှင့် ပတ်သက်၍ ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် တိုင်းလွှတ်တော် အစည်းအဝေးခန်းမ၌ တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ GGS ကုမ္ပဏီ တာဝန်ရှိသူများ၊ တိုင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးတို့ ပါဝင် သည့် ကြားနာပွဲပြုလုပ်ခဲ့ကြောင်း ဦးခင်မောင်အေးက ဆိုသည်။

 ကြားနာပွဲတွင် GGS ကုမ္ပဏီ၏ ဒါရိုက်တာဖြစ်သူ ဦးအောင်မြတ်က လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် လျှောက်ထားစဉ် ကာလတွင် တိုင်းအစိုးရ အဖွဲ့၏ နားလည်မှုဖြင့် အဆောက်အအုံ တချို့ကို ဆောက်လုပ်နေသည်ဟု ပြောကြောင်း ၎င်းက ထွက်ဆိုသည်။

ယင်းသို့လုပ်ဆောင်ချက်မှာ ပြဋ္ဌာန်း ချက်ကိုကျော်၍ ခင်မင်ရင်းနှီးမှုအရ လုပ်ခွင့်ပြုခဲ့သည်ကို တွေ့ရကြောင်း ဦးခင်မောင်အေးက ပြောသည်။

အဆိုပါကြားနာပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ထူးနေအောင်က လယ်ယာမြေအခြား နည်း အသုံးပြုခွင့်မရမီ လုပ်ငန်းဆောင်ရွက်ပါက ဥပဒေနှင့်မညီကြောင်း ပြော ဆိုခဲ့ကြောင်း ၎င်းက ဆိုသည်။

ဦးအောင်မြတ်က ဥပဒေနှင့်မညီ သည့်ကိစ္စကို ကုမ္ပဏီအားပြော၍မရဘဲ တိုင်းအစိုးရကို ပြန်ရှင်း(မေး)ရန် ပြော ဆိုခဲ့ကြောင်း ဦးခင်မောင်အေးက ပြောသည်။

ယင်းကဲ့သို့ ပြောဆိုခဲ့သည်ကို သုံးသပ်ကာ တိုင်းအစိုးရအနေဖြင့် ရင်းနှီး မြှုပ်နှံသူအား ဥပဒေအတိုင်းဆောင်ရွက် ရန် လမ်းညွှန်မှုအားနည်းခဲ့ပြီး အကြောင်း တစ်ခုခုကြောင့် ကြိုတင်လုပ်ကိုင်ဆောင် ရွက်ခွင့်ပြုခဲ့သည်မှာ ထင်ရှားကြောင်း ဦးခင်မောင်အေးက တရားခွင်အတွင်း ထွက်ဆိုသည်။

ဦးခင်မောင်အေးက အဆိုပါအမှု အတွက် ဖော်ပြပါအချက်များအပြင် အခြားအချက်များကိုလည်း ထွက်ဆိုခဲ့သည်။

မြန်မာ့စီးပွားရေးဘဏ် ထားဝယ် ဘဏ်ခွဲ၏ လက်ထောက်မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါ်ယုယုဌေး ကို စစ်ဆေး

ဒေါ်ယုယုဌေးကို ထားဝယ်ခရိုင် အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ် ရောင်းချခြင်းဆိုင်ရာ သဘောတူစာချုပ် ပါ စည်းကမ်းချက်များအတိုင်း အကောင် အထည်ဖော်ရေး ကြီးကြပ်ရန် ပျက်ကွက် သည့်ကိစ္စ၊ GGSကုမ္ပဏီက သဘာ၀ ဓာတ်ငွေ့ဖိုး ကျပ်သန်း ၈၀၀၀ ကျော်ကို ပေးချေရန် ပျက်ကွက်သည်ဟုဆိုကာ စွဲဆိုထားသည့် ၃/၂၀၁၉ အမှုအတွက် လိုပြသက်သေအဖြစ် စစ်ဆေးခဲ့သည်။

အမှု၏ ၃၅ ကြိမ်မြောက်ရုံးချိန်းကို အောက်တိုဘာလ ၂၁ ရက်တွင် ပြန်လည် ချိန်းဆိုထားသည်။

ယင်းနေ့တွင် တိုင်းတရားလွှတ်တော် ၏ ၃ /၀၁၉ အမှုအတွက် နေပြည်တော်ရှိ လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်း ဘဏ္ဍာရေး ဌာန အထွေထွေမန်နေဂျာ ဒေါ်အေးအေးမြင့်၊ ၄ /၂၀၁၉ အမှုအတွက် ကော့သောင်း ခရိုင်မြေစာရင်းဌာနမှ ဒုတိယဦးစီးမှူး ဦးဝဏ္ဏထွန်းနှင့် GGS ကုမ္ပဏီဝန်ထမ်း ဦးထွန်းအောင်လင်းတို့ကို စစ်ဆေးမည် ဖြစ်ကြောင်း တိုင်းတရားလွှတ်တော်ရုံး ထံမှ သိရသည်။

Dawei Watch