ဇီဝဇိုးငှက်သိုက် စုဆောင်းထုတ်ယူခွင့်ရသည့်အိမ် လေးရာနီးပါးအထိ ရှိလာ

0
2371
ပုလောမြို့အနီး ငှက်သိုက်မွေးမြူထားသည့် အိမ်တစ်လုံးကို တွေ့ရစဉ်။ ဓာတ်ပုံ - ကိုဇော်

တနင်္သာရီတိုင်းအတွင်း ဇီဝဇိုးငှက်သိုက် စုဆောင်းထုတ်ယူခွင့်လိုင်စင်(စာ ချုပ်) ရှိသည့် အိမ်အရေအတွက်မှာ ယခု နှစ်အတွင်း လေးရာနီးပါးအထိ ရှိလာကြောင်း တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီးဌာနထံမှ သိရသည်။

၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်အထိ စာရင်းများအရ ဇီဝဇိုးငှက်ကို အိမ်တွင်မွေးမြူကာ ငှက်သိုက်ထုတ်လုပ်ရန် သစ် တောဌာနနှင့် စာချုပ်ချုပ်ဆိုထားသည့် အိမ် ၃၇၁ လုံးအထိ ရှိလာကြောင်း သစ်တောဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဖေချစ်က ဆို သည်။

၂၀၁၈ ခုနှစ် စက်တင်ဘာလ (မီနီဘတ်ဂျက်) အထိ  စာချုပ်ချုပ်ဆိုထား သည့် အိမ်အရေအတွက်မှာ ၁၈၂ ခု သာရှိကြောင်း အထက်ပါဌာန စာရင်းအရ သိရသည်။

ပင်လယ်အတွင်းရှိ ကျွန်းများတွင် နေထိုင်လေ့ရှိသည့် ဇီဝဇိုးငှက်များကို နေအိမ် (တိုက်အိမ်)များတွင် ငှက်အော်သံအတု ထုတ်လွှင့်ကာ မွေးမြူကြသည်။

ဇီဝဇိုးငှက်မွေးမြူသူများအနေဖြင့် သစ်တောဌာနနှင့် စာချုပ်ချုပ်ဆိုထားပါ က ထွက်ရှိလာသည့် ငှက်သိုက်များကို ထွေအုပ်ဌာနက သတ်မှတ်ထားသည့် ဒေသပေါက်ဈေး၏ ၁၀ ရာခိုင်နှုန်းကို အခွန်ပေးသွင်းရသည်။

ပြီးခဲ့သည့်ဘဏ္ဍာနှစ်အတွင်း အိမ်မွေး ငှက်သိုက်များမှ ကျပ်သိန်း ၂၅၀ ကျော် အခွန်ငွေရရှိခဲ့ကြောင်း အထက်ပါဌာန ထံမှ သိရသည်။

ငှက်သိုက်ထွက်ရှိမှု ပမာဏကို မြို့နယ်သစ်တော၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး ပါဝင်သည့်အဖွဲ့ဖြင့် စစ်ဆေးကြောင်း ဦးဖေချစ်က ဆိုသည်။

သစ်တောဌာန၏ စာရင်းအရ ပုလောမြို့နယ်အတွင်း ဇီဝဇိုးငှက်မွေးရန် စာချုပ်ချုပ်ထားသည့် အိမ်မရှိသော်လည်း မွေးမြူနေသည့်အိမ်များ ရှိနေသည်။

ဇီဝဇိုးငှက်မွေးမည်ဆိုက သစ်တော ဌာနနှင့် စာချုပ်ချုပ်ဆိုရမည်ဖြစ်ပြီး လက်ရှိတွင် စာချုပ်ချုပ်ဆိုရန် စည်းရုံး ပြောဆိုကာ တိုက်တွန်းနေကြောင်း ညွှန် ကြားရေးမှူး ဦးဖေချစ်က ဆိုသည်။

“ကျွန်တော်တို့ကတော့ လျှောက်ဖို့ပဲ တိုက်တွန်းတယ်။ စာချုပ်မရှိဘဲနဲ့တော့ မွေးခွင့်မရှိဘူး”ဟု ဦးဖေချစ်က ပြော သည်။

အဆိုပါ စာချုပ်တွင် ဇီဝဇိုးငှက် သားပေါက်ရာသီဖြစ်သည့် မတ်လနှင့် ဇွန်လတွင် ငှက်သိုက်ထုတ်ယူခြင်း မပြုရန်၊ ငှက်သိုက်အရွယ်အစားကို တစ် လက်မခွဲကျော်မှသာ ထုတ်ယူရန်အစရှိ သည့် စည်းကမ်းချက် ၁၂ ချက်ပါဝင်ပြီး စာချုပ်သက်တမ်းက ငှက်မွေးမြူနေသရွေ့ တည်မြဲနေမည် ဖြစ်သည်။

ဇီဝဇိုးငှက်များ အန်ရာမှ ဖြစ်လာသည့် အန်ဖတ်များကို အသုံးပြုကာ  အသိုက်များပြုလုပ်ကြခြင်းဖြစ်ပြီး အဆိုပါအသိုက်ကို လူတို့က ဆေးဖက်ဝင် ငှက်သိုက်အဖြစ် ရယူသုံးစွဲကြခြင်း ဖြစ်သည်။

စာချုပ် ချုပ်ဆိုထားပြီး ထွက်ရှိလာသည့် ငှက်သိုက်ကို စီးပွားဖြစ်သယ်ယူ ရောင်းချမည်ဆိုပါက သစ်တောဌာနထံမှ လိုက်အပ်သည့် မျှောစာ၊ ဘီလ် အစရှိ သည့် လိုအပ်သည့် အချက်အလက်များ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ယင်းဌာန ထံမှ သိရသည်။

ငှက်သိုက်တစ်ပိဿာလျှင် ကျပ်၂၅ သိန်းမှ ၃၆ သိန်းအထိ အရည်အသွေး အလိုက် ပေါက်ဈေးအမျိုးမျိုးရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ဇီဝဇိုးငှက်မွေးမြူခွင့်အတွက် မြို့နယ် သစ်တောရုံးများတွင် စုံစမ်းလျှောက် ထားနိုင်ပြီး လျှောက်ထားမှုအပေါ် အဆင့် ဆင့်စိစစ်ကာ တိုင်းဒေသကြီးအစိုးရ၏ သဘောထားမှတ်ချက်ဖြင့် ပြည်ထောင်စု အစိုးရထံ တင်ပြရပြီး ပြည်ထောင်စုက ခွင့်ပြုကြောင်း အထက်ပါဌာနထံမှ သိရ သည်။

တနင်္သာရီတိုင်း ရေပြင်တွင် လောင်းလုံး မြို့နယ်အတွင်းရှိ မော်စကိုကျွန်းအုပ်စု၊ ကျွန်းစုမြို့နယ်တွင် ရေအေးကျွန်း အုပ်စု၊ ကော့သောင်းမြို့နယ်တွင် ကဆိုင်းလှနှင့် ကော့ငါးကျွန်း အုပ်စု၊ ပုလောမြို့နယ်တွင် မလိကျွန်း တို့တွင်လည်း ငှက်သိုက် စုဆောင်း ထုတ်လုပ်ခွင့်အတွက် ဈေးပြိုင် စနစ်ဖြင့် နှစ်စဉ်လေလံတင်ရောင်းချလျက် ရှိသည်။

ကိုဇော်