ထားဝယ်ခရိုင်အတွင်း ရပ်ကျေး အုပ်ချုပ်ရေးမှူးရုံး ၁၆ ရုံးဆောက်မည်

0
646

ထားဝယ်ခရိုင်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံး ၁၆ ရုံးကို လက်ရှိ ဘဏ္ဍာနှစ်အတွင်း ဆောက်လုပ်မည် ဖြစ်ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေး မှူးရုံးထံမှ သိရသည်။

မြို့နယ်တစ်ခုလျှင် ရပ်ကျေးရုံး ၄ ရုံးနှုန်း ဆောက်လုပ်မည်ဖြစ်သည်။

ပြီးခဲ့သည့်ဘဏ္ဍာနှစ်က မြို့နယ် တစ်ခုလျှင် ရပ်ကျေးရုံး ၂ ရုံးသာ ဆောက်လုပ်ခဲ့ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောသည်။ 

“မြေပိုင်ဆိုင်မှုရှိတဲ့နေရာကို ဦးစား ပေး ရွေးချယ်ပြီးတော့ ဆောက်တယ်”ဟု ဦးအောင်စိုးမိုးက ပြောသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ရုံးလျှင် ငွေကျပ်သိန်း ၁၅၀ ခန့် အသုံးပြုဆောက် လုပ်မည်ဖြစ်ပြီး လက်ရှိတွင် တင်ဒါခေါ် ထားကြောင်း ၎င်းက ဆိုသည်။

တင်ဒါလျှောက်လွှာများကို အောက်တို ဘာလ ၉ ရက်မှ ၂၂ ရက်အထိ ခရိုင် ထွေအုပ်ရုံးတွင် ရောင်းချနေကြောင်း အထက်ပါရုံးထံမှ သိရသည်။