ဘုရားဖူးကားပေါ်မှ အမှိုက်ပစ်က အရေးယူရန်ပြင်

0
906

ထားဝယ်မြို့အတွင်း ဘုရားဖူးကားပေါ်မှ အမှိုက်ပစ်ချပါက အရေးယူရန် ပြင်ဆင်နေကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးကော်မတီထံမှ သိရ သည်။

လက်ရှိတွင် အမှိုက်မပစ်ချရန် Clean Dawei အဖွဲ့က ခရီးသည်တင်ကားများ၊ အိမ်စီးကားမောင်းသူများကို အသိပေးသည့် ကမ်ပိန်းလုပ်ဆောင်နေ ကြောင်း စည်ပင်သာယာရေးကော်မတီဝင် ဦးဇော်လေးက ဆိုသည်။

ထားဝယ်မြို့သို့ လာရောက်သည့် ဘုရားဖူးကားအချို့က လမ်းမပေါ်စည်းကမ်းမဲ့ အမှိုက်ပစ်ချမှုများရှိကြောင်း ဒေသခံအများစုက ပြောသည်။

ဘုရားဖူးကားပေါ်မှ အမှိုက်ပစ်ခြင်းကို နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်အရေးယူနိုင်ရန် မြို့နယ်စည်ပင်ကော်မတီ အစည်းအဝေးတွင် တင်ပြဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

အရေးယူမည့်အကြောင်း ဘုရားဖူး ယာဉ်များ သိရှိစေရန် အောက်တိုဘာလ နှောင်းပိုင်းတွင် အသိပေးမှုများ လုပ်ဆောင် မည်ဖြစ်ကြောင်း ဦးဇော်လေးက ဆိုသည်။

“နောက်လမှာ အရေးယူတဲ့ကဏ္ဍတွေရှိလာမယ်။ ပညာပေးမရှိဘဲ အရေးယူလို့မရလို့ ပညာပေးတယ်”ဟု ကော်မတီဝင် ဦးဇော်လေးက ပြောသည်။

မည်ကဲ့သို့ အရေးယူမည်ဆိုသည်ကိုမူ ဆွေးနွေးဆုံးဖြတ်ပြီးမှသာ သိနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထားဝယ်မြို့သည် အာဆီယံအသင်းက ချီးမြှင့်သည့် အသန့်ရှင်းဆုံး ခရီးသွား မြို့တော်ဆု ရရှိထားသည့်အတွက် တာဝန်ကြီးလာကြောင်း ၎င်းက ဆိုသည်။

ဘုရားဖူးကားအချို့က စားကြွင်းစားကျန် အမှိုက်များကို အမြဲပစ်ချထားလေ့ ရှိပြီး ကားရပ်ထားသည့်နေရာတွင် အမှိုက်များ ပွကျဲကာကျန်နေလေ့ရှိ ကြောင်း ထားဝယ်မြို့ စည်ပင်သာယာ ဈေးကြီးအနီး နေထိုင်သည့် အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

ပွင့်လင်းရာသီတွင် ထားဝယ်ဒေသ သို့ မြန်မာနိုင်ငံအရပ်ရပ်မှ ဘုရားဖူးဧည့်သည် အများအပြား လာရောက်လေ့ရှိ သည်။

Dawei Watch