မျှစ်ချိုးသွားသည့် ထီးခီးရွာသား တစ်ဦး မြေမြှုပ်မိုင်းနင်းမိ

0
630

ထိုင်း-မြန်မာနယ်စပ်အနီးရှိ တောတွင်း တစ်နေရာတွင် အောက်တိုဘာလ ၁၀ ရက်က ထီးခီးရွာသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိကြောင်း တနင်္သာရီတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှာသိရသည်။

နယ်စပ်ရှိ ထီးခီးကျေးရွာနေ အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ၃၀ နှစ်အရွယ်ရှိ အမျိုးသားက ထီးခီးရွာ အရှေ့ဘက် ၃၄ မိုင်ခန့်အကွာ တောတွင်း တစ်နေရာတွင် မျှစ်ချိုးသွားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

မျှစ်ချိုးရန်သွားစဉ် နင်းမိခဲ့ပြီး အသက် ၂၇ နှစ်အရွယ် အမျိုးသားတွင် ခြေထောက်ပြတ်ထွက်သွားကာ အခြားဒဏ်ရာများ ရရှိခဲ့ပြီး ၃၀ နှစ်အရွယ် အမျိုးသားတွင်မူ ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ဒဏ်ရာပြင်းထန်သည့် အသက် ၂၇ နှစ်အရွယ် အမျိုးသားကို ထိုင်းနိုင်ငံ၊ ကန်ချနဘူရီမြို့ ဆေးရုံသို့ ပို့ဆောင် ကုသလျက်ရှိသည်ဟု သိရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

Dawei Watch