ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

0
843

၁၄- ၁၀ -၂၀၁၉ မွ ၂၀ – ၁၀ -၂၀၁၉ ထိ

တနဂၤေႏြ

လူငယ်လူရွယ်များ လုပ်ငန်းများ အဆင်ပြေမည်။ TV ၊ စက်ပစ္စည်းများ စသည်တို့ ဝင်မည်။ အလှူအတန်းများ ပြုရတတ်သည်။ မိမိအရည်အချင်း ထင်ပေါ်၍ စင်တော်ကောက်ခံရမည့် ကာလဖြစ်သည်။ ပညာရေး အဆင်ပြေမည်။ မိတ်ပျက်ဆွေပျက်ဖြစ်တတ်သောကာလ ဖြစ်သည်။ မေတ္တာရေးသည်ကား အသွင်တူ၍ အိမ်သူဖြစ်ရမည့်အခါ ဖြစ်သည်။

အကျိုးပေးသော အရောင်         – အညိုရောင်၊ အပြာရောင်

အကျိုးမပေးသော အရောင်       – အဝါရောင်၊ အစိမ်းရောင်

မသွားသင့်သော အရပ်   – အနောက်ရပ်

ယတြာ                     – ဖရဲသီးကိုအစိတ်စိတ်ပြု၍ အစေ့မပါဘဲ ဘုရားဆွမ်းတော်ကပ်လှူပါ။

တနလၤာ

အလုပ်လျှောက်ထားသူများ အလုပ်ရမည်။ မြေ ဝင်မည်။ စီးပွားဥစ္စာ တိုးမည်။ ကြာသပတေးနံ သားသမီးများက သင့်ကို ကူညီမစမည်။ ယခုလ၌ ကား မဝယ်သင့်ပါ။ ကျန်းမာရေး ဂရုစိုက်ရမည်။ အလှူအတန်း ပြုရတတ်သည်။ မေတ္တာရေးသည်ကား အချစ်စစ်၊ အချစ်မှန်နှင့် ဆုံစည်းရမည်။

အကျိုးပေးသော အရောင်         – အနီရောင်၊ အပြာရောင်

အကျိုးမပေးသော အရောင်       – အစိမ်းရောင်၊ လိမ္မော်ရောင်

မသွားသင့်သော အရပ်   – အနောက်ရပ်

ယတြာ                     – သစ်သီးကိတ်မုန့်ကို ဘုရားဆွမ်းတော်ကပ်လှူပါ။

အဂၤါ

လူငယ်လူရွယ်များ အခွင့်အလမ်းများစွာရမည့်ကာလ ဖြစ်သည်။ စီးပွားရေး ဖြစ်ထွန်းမည့် ကာလ ဖြစ်သည်။ ယခုလ၌ ခရီး မသွားသင့်ပါ။ မိမိရောင်းချင်သောမြေများ ထွက်မည်။ ပညာရေး အဆင်ပြေပါမည်။ မေတ္တာရေးသည်ကား လက်ထပ်မင်္ဂလာပြုရမည့် အခါဖြစ်သည်။

အကျိုးပေးသော အရောင်         – အပြာရာင်၊ ပြောက်ကျား

အကျိုးမပေးသော အရောင်       – အနီရောင်၊ အနက်ရောင်

မသွားသင့်သော အရပ်   – အရှေ့ရပ်

ယတြာ                     – ရွှေရင်အေးမုန့် ဘုရားဆွမ်းတော် ကပ်လှူပါ။

ဗုဒၶဟူး

အိုးအိမ်ပြုပြင်ခြင်း၊ ဆောက်လုပ်ခြင်း ဖြစ်တတ်သည်။ သင်တန်းတက်ရခြင်း၊ စာမေးပွဲဖြေ ဆိုထားသောကိစ္စများ အဆင်ပြေမည်။ မောင်နှမသားချင်း၊ မိတ်ဆွေများကြောင့် စိတ်ချမ်းသာရမည်။ လုပ်ငန်းများလည်း အဆင်ပြေမည်။ မေတ္တာရေးသည်ကား မကြာမီအဆင်ပြေပါမည်။

အကျိုးပေးသော အရောင်         – အပြာရောင်၊ အဝါရောင်

အကျိုးမပေးသော အရောင်       – အဖြူရောင်၊ အနီရောင်

မသွားသင့်သော အရပ်   – အနောက်တောင်အရပ်

ယတြာ                     – ဖရဲသီးကို အစိတ်စိတ်ပြု၍ ဘုရားဆွမ်းတော်ကပ်လှူပါ။

ကြာသပတေး

ငွေကြေးများ မိုးရွာချသလို ဝင်မည်။ ရပ်ဝေးမြေခြား ခရီးသွားရမည်။ သင်ဆန္ဒရှိသည်ကို ရဲရဲဝံ့ဝံ့ဆောင်ရွက်ပါက အောင်မြင်မည်။ ပညာရေးသည်ကား ကြိုးစားရမည်။ ကျန်းမာရေး ကောင်းမည်။ မေတ္တာရေးသည်ကား အချစ်စစ်အချစ်မှန်နှင့် ဆုံစည်းရမည်။

အကျိုးပေးသော အရောင်         – အနီရောင်၊ အစိမ်းရောင်

အကျိုးမပေးသော အရောင်       – အညိုရောင်၊ ပြောက်ကျားရောင်

မသွားသင့်သော အရပ်   – အရှေ့တောင်ရပ်

ယတြာ                     – ဂန္ဓမာအဖြူတစ်စည်းဘုရားပန်းကပ်လှူပါ။

သောကြာ

ယခုလ၌ ဖုန်း မဝယ်ပါနှင့်။ လူချစ်လူခင် ပေါမည်။ လူမျိုးကွဲတို့ ကူညီမစမှု ခံရမည်။ ပညာရေး ဂရုစိုက်ရမည်။ ကျန်းမာရေး အညံ့မရှိပါ။ မေတ္တာရေးသည်ကား အချစ်စစ် အချစ်မှန်သည် ဖြောင့်ဖြူးသောလမ်းမရှိဟု ဆိုသလိုဖြစ်နေမည်။

အကျိုးပေးသော အရောင်         – အနက်ရောင်၊ အပြာရောင်

အကျိုးမပေးသော အရောင်       – လိမ္မော်ရောင်၊ အစိမ်းရောင်

မသွားသင့်သော အရပ်   – အရှေ့ရပ်

ယတြာ                     – သစ်သီးကိတ်ကို လှီးပြီးဘုရားဆွမ်းတော် ကပ်ပါ။

စေန

မြေ ဝင်မည်။ လူချစ်လူခင် ပေါမည်။ နိုင်ငံရပ်ခြား ခရီးသွားရမည်။ မိမိဆန္ဒရှိသော ကိစ္စများ ယခုအချိန်၌ တကယ်ဖြစ်လာမည်။ အာရုံကြော အားနည်းတတ်သည်။ ကုန်ကျထားသော ငွေကြေးများ ဆတိုးပြန်ဝင်မည်။ မေတ္တာရေးသည်ကား အချစ်သည်သင့်အတွက် အိုအေစစ် ဖြစ်နေမည်။

အကျိုးပေးသော အရောင်         – အနီရောင်၊ အနက်ရောင်

အကျိုးမပေးသော အရောင်       – ရွှေရောင်၊ အဖြူရောင်

မသွားသင့်သော အရပ်   – တောင်အရပ်

ယတြာ                     – ရွှေရင်အေးမုန့် ဘုရားဆွမ်းတော်ကပ်လှူပါ။ 

လိုရာဆန္ဒပြည့်ဝနိုင်ပါစေ

                                                 ဆရာရွှေစင်မြတ်(Geology)

                                                     ဝေဒလက္ခဏသုတေသီ