အနောက်သာရဖုံရွာ ကမ်းပြိုကာကွယ်ရေး ကျပ်သန်းခြောက်ရာကျော် အသုံးပြုမည်

0
531

မြစ်ရေများတိုက်စားမှုကြောင့် နှစ်စဉ်မြစ်ကမ်းပါးပြိုကျမှုနှင့် ကြုံတွေ့ နေရသည့် တနင်္သာရီမြို့နယ် အနောက် သာရဖုံကျေးရွာတွင် ကမ်းပြိုကာကွယ် ရေးလုပ်ငန်းအား ကျပ်သန်းခြောက်ရာ ကျော်အသုံးပြုကာ လုပ်ဆောင်မည်ဖြစ် ကြောင်း တနင်္သာရီမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ က ပြောသည်။

ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွင်း အကောင်အထည်ဖော်မည်ဖြစ်ပြီး တိုင်းအစိုးရအဖွဲ့ရန်ပုံငွေဖြင့် ကျပ်သန်း ပေါင်း ၆၁၇ ဒသမ ၅၀၄ သန်းဖြင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးရဲမြင့်ဆွေ က ဆိုသည်။

“ရန်ပုံငွေပဲ ပါသေးတယ်။ ပေအရှည် က ဒီဇိုင်းရမှ တွက်လို့ရမယ်”ဟု တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြောသည်။

တနင်္သာရီမြစ်ကြောင်းနံဘေးတွင် တည်ရှိကြသည့် အရှေ့သာရဖုံရွာ၊ အနောက်သာရဖုံရွာနှင့် ပဝကျေးရွာတို့မှာ မြစ်အတွင်း သဲ၊ ကျောက်တူးဖော်သည့် လုပ်ငန်းများနှင့် မြစ်ရေကြမ်းမှုတို့ကြောင့် မြစ်ကမ်းပါးများ မကြာမကြာပြိုကျလေ့ ရှိကာ ဘုန်းတော်ကြီးကျောင်းတစ် ကျောင်းနှင့် နေအိမ်တချို့ ပြောင်းရွှေ့ခဲ့ ရဖူးကြောင်း ယင်းကျေးရွာများတွင် နေထိုင်သူအချို့ထံမှ သိရသည်။

“ဒီလိုမျိုးလုပ်လိုက်တာက ကမ်းပါး ကိုလည်းကာကွယ်ထိန်းသိမ်းရာရောက် သွားမယ်” ဟု အနောက်သာရဖုံကျေးရွာနေ ဦးယုနိုင်ဦးက ပြောသည်။

ယင်းကဲ့သို့ မြစ်ကမ်းပါးများပြိုကျ မှုများရှိနေသည့်အတွက် ကမ်းပြိုကာကွယ် ရေးလုပ်ငန်းများကို ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစပြီး စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့သည်။

ကမ်းပြိုကာကွယ်ရေးလုပ်ငန်းအဖြစ် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က ပဝကျေးရွာ တွင် မြစ်ကမ်းပါးတစ်လျှောက် အရှည် ၂၂၀၀ ကို ကျောက်တန်းစီခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အရှေ့သာရဖုံ ရွာတွင် ပေ ၁၅၀၀ ကျောက်တန်းစီခဲ့ပြီး ဖြစ်ကြောင်း ဦးရဲမြင့်ဆွေက ပြောသည်။

Dawei Watch