မောတောင်မြို့ အဆိုပြုမြို့ ပြဖွံ့ ဖြိုးရေးစီမံကိန်းအား တိုင်းလွှတ်တော် အတည်ပြု

0
860

မြန်မာ-ထိုင်းနယ်စပ်ဂိတ်တစ်ခု ဖြစ်သည့် မောတောင်မြို့၏ အဆိုပြု မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းပုံစံအား တနင်္သာရီ တိုင်းဒေသကြီးလွှတ်တော်က အောက်တိုဘာလ ၁ ရက်တွင်  အတည်ပြုခဲ့ကြောင်း တနင်္သာရီမြို့နယ် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေထံမှ သိရသည်။

အဆိုပြုမြို့ပြစီမံကိန်းပုံစံအား အတည် ပြုပေးနိုင်ရေးအတွက် စက်တင်ဘာလ ၃၀ ရက်က ပြုလုပ်သည့် တနင်္သာရီတိုင်း ဒေသကြီးလွှတ်တော် ၁၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တင်သွင်း ခဲ့ရာ တိုင်းလွှတ်တော် ဥက္ကဋ္ဌက အတည်ပြုကြောင်းကို အစည်းအဝေး တတိယနေ့တွင် ကြေညာခဲ့ခြင်းဖြစ်သည်။

“အကောင်အထည်ဖော်မယ့်အပိုင်းကိုကျတော့ အခုချိန်မှာ မလုပ်ဖြစ်ရင် တောင်မှ နောက်အစိုးရလက်ထက်မှာ လုပ်လို့ရပြီ”ဟု တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြောသည်။

အဆိုပြုမြို့ပြဖွံ့ဖြိုးရေး စီမံကိန်း ပုံစံတွင် အစိုးရအဖွဲ့က Plan ချထား သည့် ပန်းခြံ၊ ဟိုတယ်၊ စိမ်းလန်းဇုန်၊ အဝေးပြေးကားဝင်း စသဖြင့် တည်ဆောက် ရေးလုပ်ငန်းများ ပါဝင်မည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြောသည်။

မောတောင်နယ်စပ်ကို မောတောင် မြို့အဖြစ် ၂၀၁၇ ခုနှစ် ဧပြီလအတွင်းက သတ်မှတ်ခဲ့သည်။

မြင့်မိုရ်(မြိတ်)