ကျိုက်ထီးရိုးတောင်ပေါ်ရှိ ဘုန်းကြီးကျောင်းတွင် ဆေးခြောက်များ ဖမ်းမိ

0
691

ကျိုက်ထိုမြို့ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ရင်ပြင်တော်အနီး ကိုးနဝင်းဘုန်းကြီးကျောင်းတွင် ဆေးခြောက်များဖမ်းမိခဲ့ကြောင်း ကင်မွန်းချောင်နယ် မြေရဲစခန်းထံမှ သိရသည်

ကိုးနဝင်းဘုန်းကြီးကျောင်း(သီးသန့် ကျောင်းဆောင်)တွင်နေထိုင်သည့် အခန်း နေသံဃာ ဦးပဉ်္ဇင်း ဦးပညာဝံသ (အသက် ၃၆ နှစ်၊ ဝါတော် ၅ ဝါ)သည် မူးယစ် ဆေးဝါးရောင်းဝယ်နေကြောင်း သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့ဝင်များက အောက်တို ဘာလ ၁ ရက်က သွားရောက်စစ်ဆေးခဲ့ကြောင်း အထက်ပါရဲစခန်းထံမှ သိရ သည်။

သွားရောက်စစ်ဆေးရာတွင် ဦးပညာဝံသအား ကျောင်းဆောင်ရှေ့၌ ရပ်လျက် တွေ့ရှိရပြီး အမျိုးသမီးတစ်ဦးအား အခန်းထဲတွင် ထိုင်လျက်တွေ့ရှိရကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါအမျိုးသမီးအား မေးမြန်းရန် ပြုစဉ် ဦးပညာဝံသမှ ထွက်ပြေးသွားခဲ့သဖြင့် လိုက်လံဖမ်းဆီးခဲ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဦးပညာဝံသနေထိုင်သော အခန်းအား စစ်ဆေးရာတွင် ဆေးခြောက်ဟု ယူဆရသော အရိုး/အရွက်ခြောက်ရောရာ ၈၁ ဒသမ ၆၅ ဂရမ် (၅ ကျပ်သားခန့်) ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်း ကင်မွန်း ချောင်းနယ်မြေရဲစခန်းထံမှ သိရသည်။

ယင်းနောက် ဦးပညာဝံသ သီတင်း သုံးနေထိုင်သည့် အခန်းနှင့်ကပ်လျက်အခန်းတွင်နေ ထိုင်နေသည့် လွန်ခဲ့သော ခြောက်ရက်ခန့်က ဘုရားဖူးရန် ရောက် ရှိနေသော သိမ်ဇရပ်မြို့နေသူ မနော်ဇာခိုင် (၃၁) နှစ်၏ အခန်းအား ဆက်လက်ရှာ ဖွေရာ အလေးချိန် ၅၇၁ ဒသမ ၅၅ ဂရမ် (၃၅ ကျပ်သားခန့်)အား ရှာဖွေသိမ်းဆည်း ရမိကြောင်း ရဲမှတ်တမ်းတွင် ပါရှိသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖမ်းမိသူနှစ်ဦးအား ကင်းမွန်းချောင်နယ် မြေရဲစခန်းတွင် မယ(ပ) ၁/၂၀၁၉ မူးစိတ် ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်ထား ကြောင်း ကင်မွန်းချောင်းနယ်မြေရဲစခန်း ထံမှ သိရသည်။

Dawei Watch