တရုတ်နိုင်ငံထုတ် ရေသယ်ယာဉ် ရှစ်စီးကို နယ်မြေမီးသတ်စခန်းများသို့ ပို့မည်

0
1023

တနင်္သာရီတိုင်း မီးသတ်ဦးစီးဌာနက ဝယ်ယူထားသည့် တရုတ်နိုင်ငံထုတ် မီးသတ်ရေသယ်ယာဉ် ရှစ်စီးကို တိုင်း အတွင်းရှိ နယ်မြေမီးသတ်စခန်းများသို့ ပို့ပေးမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

၂၀၁၈-၁၉ ဘဏ္ဍာနှစ် တိုင်းအစိုးရ ရန်ပုံငွေဖြင့် ဝယ်ယူထားသော ယင်းမီးသတ်ရေသယ်ယာဉ်တစ်စီးတန်ဖိုးမှာ သိန်းသုံးရာကျော် (၃၂၀ သိန်းကျော်) ရှိပြီး စုစုပေါင်း ကျပ်သိန်းနှစ်ထောင်ငါးရာ ကျော်(၂၅၉၂ သိန်း) ကုန်ကျကြောင်း အထက်ပါဌာထံမှ သိရသည်။

လက်ရှိတွင် ယင်းမီးသတ်ကား ရှစ်စီးစလုံး တိုင်းမီးသတ်ဌာနကိုရောက် ရှိနေပြီဖြစ်သော်လည်း မည်သည့်နယ် မြေမီးသတ် စခန်းများကို ပို့ဆောင်မည် ကိုမူ အတည်မပြုရသေးကြောင်း အထက်ပါဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ထွန်းက ပြောသည်။

“အခုဝယ်ထားတဲ့ ဒီမီးသတ်ရေ သယ်ယာဉ်တွေကို နယ်မြေမီးသတ်စခန်း တွေကိုခွဲဝေချထားပေးမှာ။ ဘယ်နေရာ တွေကိုလဲဆို တာကိုတော့ အတည်မပြုရ သေးဘူး”ဟု ဦးအောင်ထွန်းက ဆိုသည်။

ယခုဝယ်ယူထားသော မီးသတ်ရေသယ်ယာဉ်တစ်စီးသည် ရေဂါလံ ၁၆၀၀ ဝင်ဆံကြောင်း ၎င်းက ပြောသည်။

မီးဘေးအန္တရာယ်ကျရောက်ပါက အချိန်နှင့်တပြေးညီကူညီဆောင်ရွက်နိုင် ရန်အတွက် ယင်းမီးသတ်ယာဉ်များကို ဝယ်ယူဖြည့်တင်းခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

တိုင်းအတွင်း နယ်မြေမီးသတ်စခန်း ၁၆ ခုရှိပြီး ယခုဝယ်ယူထားသည့် မီးသတ်ရေသယ်ယာဉ် ရှစ်စီးအပါအဝင် စုစုပေါင်း မီးသတ်ရေသယ်ယာဉ် ၄၈ စီးရှိကြောင်း ယင်းဌာနထံမှသိရသည်။

 ကျော်သူစိုး