ထားဝယ်တွင် ဖုန်းဆိုင်အများစု ယူနီကုဒ်မြန်မာစာ အခမဲ့ ထည့်သွင်းပေး

0
441

ကွန်ပျူတာသုံး မြန်မာစာစနစ် တစ်ခုဖြစ်သည့် ယူနီကုဒ်ကို ထားဝယ်မြို့ရှိ ဖုန်းဆိုင်အများစုက အခမဲ့ ထည့်သွင်းပေးလျက်ရှိကြောင်း ယင်းဖုန်းဆိုင် အချို့ထံမှ သိရသည်။

ယူနီကုဒ်မြန်မာစာ စနစ်ကို တစ်နိုင်ငံလုံးအတိုင်း အတာဖြစ် စတင်ပြောင်းလဲခဲ့သည့် အောက်တိုဘာလ ၁ ရက်မှစပြီး ရက်အကန့်အသတ်မရှိ ထည့်သွင်းပေး လျက်ရှိကြောင်း ထားဝယ်မြို့ရှိ ဖုန်းဆိုင်ပိုင်ရှင် အချို့က ပြောသည်။

အချို့ဖုန်းဆိုင်များက ဗားရှင်း မြင့်သောဖုန်းများ ကိုသာ အခမဲ့ထည့်သွင်းပေးခြင်း ဖြစ်ပြီး အချို့ ဖုန်းဆိုင်များမှာ ဗားရှင်းအနိမ့်၊ အမြင့် နှစ်မျိုးစလုံးကို အခမဲ့ထည့် သွင်းပေးကြောင်း ပြောဆိုကြသည်။

ဗားရှင်းနိမ့်သောဖုန်းများတွင် ယူနီကုဒ် မြန်မာစာကို ထည့်သွင်းပါကRoot ဖောက်ခြင်း ကဲ့သို့သော လုပ်ဆောင်ရမည့် အချက်များရှိသော ကြောင့် အခကြေးငွေဖြင့် လုပ်ဆောင်ပေးခြင်းဖြစ် ကြောင်း ဖုန်းဆိုင်အချို့ထံမှ သိရသည်။

“ဖုန်းဆိုင်ရှင်တွေစုပေါင်းပြီး ထားဝယ်က နေရာတစ်နေရာမှာ ယူနီကုဒ်ထည့်ပေးဖို့ဆိုပြီး စီစဉ်နေတာလည်း ရှိတယ်။ သေတော့ မသေချာသေးဘူး ပေါ့နော်။ စီစဉ်နေဆဲပဲရှိသေးတယ်” ဟု ညီညီမိုဘိုင်း ဖုန်း အရောင်းဆိုင်ပိုင်ရှင် ကိုမင်းရူပက ပြောသည်။

ယူနီကုဒ်မြန်မာစာကို လုံးဝထည့်သွင်းပေး ခြင်းမရှိသည့် ဖုန်းဆိုင်အချို့လည်းရှိပြီး ယင်းဖုန်း ဆိုင်များမှာ အနည်းစုဖြစ်သည်။

ထားဝယ်မြို့အပြင် ကော့သောင်းနှင့် လောင်းလုံး မြို့တို့ရှိ ဖုန်းဆိုင်ပိုင်ရှင်အချို့ကလည်း ယူနီကုဒ် မြန်မာစာစနစ်ကို အခမဲ့ထည့်သွင်းပေးလျက်ရှိ ကြောင်း သိရသည်။

ကျော်သူစိုး