အရန်ဆန် ထားဝယ်ရောက်ပြီ တစ်ဝက်အပ်ထားပြီး တစ်ဝက်ကို အောက်ခြေဝန်ထမ်းများအား ဝေငှမည်

0
577

တနသၤာရီတိုင္း၏ သဘာ၀ေဘး အတြက္ရည္ရြယ္ကာ

တနင်္သာရီတိုင်း၏ သဘာဝဘေး အတွက်ရည်ရွယ်ကာ ပဲခူးတိုင်း တောင်ငူ မြို့တွင် ဝယ်ယူထားသည့် အရန်ဆန်များ ထားဝယ်မြို့သို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း တိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင် သာယာရေးဝန်ကြီး ဦးဟိုပင်ထံမှ သိရ သည်။

ထိုဆန်များမှာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်လက်ထက်က ဝယ်ယူထားခြင်း ဖြစ်ပြီး ယင်းဆန်များကို တောင်ငူ ဆန် ပွဲရုံတွင် သိုလှောင်ထားခြင်း ဖြစ်သည်။

တောင်ငူရှိ မိဘမေတ္တာဆန်ပွဲရုံ ပိုင်ရှင် ဦးယဉ်ထွေးထံတွင် ဧည့်မထအမျိုး အစား ၁၀၈ ပေါင်ပါ ၂၅ မတ်ဆန် တစ်အိတ်လျှင် ၂၃၅၀၀ ကျပ်နှုန်းဖြင့် ၄၂၅၅ အိတ်နှင့် ၈ ပြည်ကို ကျပ်သိန်း ၁၀၀၀ ဖိုး ဝယ်ယူထားသောဆန်ဖြစ် သည်။

ထိုသဘာဝဘေးအရန်ဆန်များ ထားဝယ်သို့ ရောက်ရှိလာပြီဖြစ်ပြီး ယင်း ဆန်များထဲမှ ထက်ဝက်ခန့်ကို ထားဝယ် ဆန်စပါးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနိုင်လွင်လတ်ထံတွင် လိုအပ်ချိန်ထုတ် ယူစနစ်ဖြင့် အပ်နှံထားမည်ဖြစ်ကြောင်း ဝန်ကြီး ဦးဟိုပင်က ပြောသည်။

ဦးနိုင်လွင်လတ်က သူ့အား တိုင်း အစိုးရမှ သဘာဝဘေးအရန်ဆန် ၂၀၂၁ အိတ်ကို အပ်မည်ဟု ပြောဆိုထားပြီး စက်တင်ဘာလ ၂၆ ရက်နေ့အထိ ၁၇၂၀ အိတ် ရောက်ရှိလာပြီဖြစ်ကြောင်း ပြော သည်။

“အပ်မယ်ပြောထားတယ်။ စာချုပ် မချုပ်ရသေးဘူး။ သဘာဝဘေးခေါင်းစဉ် နဲ့ လာတဲ့ဆန်ဖြစ်တဲ့အတွက် သဘာ၀ ဘေးဖြစ်တဲ့အချိန် ထုတ်တဲ့စနစ်နဲ့ လက်ခံ ဖို့ရှိတယ်။ သဘာဝဘေးဖြစ်တဲ့အချိန် အချိန်မရွေးထုတ်ပေးနိုင်ဖို့ အာမခံတယ်” ဟု ဦးနိုင်လွင်လတ်က ပြောသည်။

လက်ရှိ လက်ခံရောက်ရှိလာသည့် ဆန်များမှာ ဧည့်မထအမျိုးအစားဖြစ်ပြီး ဒီဂျစ်တယ်စနစ်ဖြင့်သော်လည်းကောင်း၊ ရိုးရိုးပိုက်အမှတ်ဖြင့်သော်လည်းကောင်း  တိုင်းတာခဲ့ရာ ဆန်သား ၆၀ ရာခိုင်နှုန်း ဆန်ကွဲ ၄၀ ရာခိုင်နှုန်း ပါဝင်နေကြောင်း ဦးနိုင်လွင်လတ်က ပြောသည်။

ဝယ်ယူထားစဉ်က ဧည့်မထ ၂၅ မတ် ဆန် ဖြစ်သည်။ ၂၅ မတ် ဆန် ဆိုသည် မှာ ဆန်သား ၇၅ ရာခိုင်နှုန်း ဆန်ကွဲ ၂၅ ရာခိုင်နှုန်း ပါဝင်သည့်ဆန်အမျိုးစား ဖြစ်ကြောင်း ဦးနိုင်လွင်လတ်က ပြော သည်။

“အကယ်၍ စာချုပ် ချုပ်မယ်ဆိုရင် တော့ အခု လက်ခံရရှိထားတဲ့ ဆန် အတိုင်းသာလျှင် ပြန်ထုတ်ပေးမှာ ဖြစ် တယ်”ဟု ဦးနိုင်လွင်လတ်က ပြော သည်။

ဆန်အရည်အသွေးကွာဟမှုကို ဝန်ကြီး ဦးဟိုပင်အား မေးမြန်းရာ ဦးဟိုပင်က “အဲဒါတော့ ငါ မသိဘူး၊ တို့လိုင်း မဟုတ်ဘူး။ တို့လိုင်းက အဲလောက် ထိ သွားဖို့ မဟုတ်ဘူး။ တို့ပေးထားတဲ့ ဆန်ကို သုံးလို့ရတယ်။ ဖလှယ်သုံးလို့ ရတယ်။ တို့လိုချိန်မှာ ဒီအရည်အသွေး အတိုင်း ရှိတာကို ပြန်ပေးရမှာပေါ့” ဟု ဖြေဆိုခဲ့သည်။

ကျန်ဆန်အိတ်နှစ်ထောင်ကျော်ကို မူ တနင်္သာရီတိုင်းအတွင်းရှိ ဌာနအသီး သီးမှ အောက်ခြေဝန်ထမ်းများကို တစ်ဦး လျှင် ၃ ပြည်နှုန်းဖြင့် ဝေငှပေးသွားမည် ဖြစ်ကြောင်း ဝန်ကြီး ဦးဟိုပင်က ပြော သည်။

“အောက်ခြေဝန်ထမ်းဆိုတာ ဌာနတစ်ခုနဲ့ တစ်ခု သတ်မှတ်ပုံ တူချင်မှ တူမယ်။ မိမိဌာနအလိုက်ပေါ့လေ။ အောက်ခြေဝန်ထမ်းအဆင့်နဲ့ ကိုက်ညီတဲ့ ဝန်ထမ်းဦးရေ တင်ပေးပါလို့ တောင်း ထားတယ်” ဟု ဦးဟိုပင်က ပြောသည်။

၂၀၁၈ ခုနှစ်က သဘာဝဘေး အရန်ဆန်အဖြစ် ကျပ်သိန်း ၁၅၀၀ ဖိုး ဝယ်ယူခဲ့ပြီး သိန်းတစ်ထောင်ဖိုးကို တောင်ငူတွင် အပ်ထားသောကြောင့် သြဂုတ်လက မလွဲှတောင် ကားလမ်း မြေပြိုပြီးနောက် တောင်ငူတွင်ထားသည့် အရန်ဆန်ကိစ္စ လူထုကြား ဝေဖန်မှုများ ရှိခဲ့သည်။

Dawei Watch

ပဲခူးတိုင္း ေတာင္ငူ ၿမိဳ႕တြင္ ၀ယ္ယူထားသည့္ အရန္ဆန္မ်ား ထား၀ယ္ၿမိဳ႕သို႔ ေရာက္ရွိလာၿပီ ျဖစ္ေၾကာင္း တိုင္းေဒသႀကီး လူမႈေရးႏွင့္ စည္ပင္ သာယာေရး၀န္ႀကီး ဦးဟိုပင္ထံမွ သိရ သည္။

ထိုဆန္မ်ားမွာ ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္ ၀န္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာ လဲ့လဲ့ေမာ္လက္ထက္က ၀ယ္ယူထားျခင္း ျဖစ္ၿပီး ယင္းဆန္မ်ားကို ေတာင္ငူ ဆန္ ပဲြ႐ံုတြင္ သိုေလွာင္ထားျခင္း ျဖစ္သည္။

ေတာင္ငူရွိ မိဘေမတၱာဆန္ပဲြရံု ပိုင္ရွင္ ဦးယဥ္ေထြးထံတြင္ ဧည့္မထအမ်ိဳး အစား ၁၀၈ ေပါင္ပါ ၂၅ မတ္ဆန္ တစ္အိတ္လွ်င္ ၂၃၅၀၀ က်ပ္ႏႈန္းျဖင့္ ၄၂၅၅ အိတ္ႏွင့္ ၈ ျပည္ကို က်ပ္သိန္း ၁၀၀၀ ဖိုး ၀ယ္ယူထားေသာဆန္ျဖစ္ သည္။

ထိုသဘာ၀ေဘးအရန္ဆန္မ်ား ထား၀ယ္သို႔ ေရာက္ရွိလာၿပီျဖစ္ၿပီး ယင္း ဆန္မ်ားထဲမွ ထက္၀က္ခန္႔ကို ထား၀ယ္ ဆန္စပါးလုပ္ငန္းရွင္မ်ားအသင္းဥကၠ႒ ဦးႏိုင္လြင္လတ္ထံတြင္ လိုအပ္ခ်ိန္ထုတ္ ယူစနစ္ျဖင့္ အပ္ႏွံထားမည္ျဖစ္ေၾကာင္း ၀န္ႀကီး ဦးဟိုပင္က ေျပာသည္။

ဦးႏိုင္လြင္လတ္က သူ႔အား တိုင္း အစိုးရမွ သဘာ၀ေဘးအရန္ဆန္ ၂၀၂၁ အိတ္ကို အပ္မည္ဟု ေျပာဆိုထားၿပီး စက္တင္ဘာလ ၂၆ ရက္ေန႔အထိ ၁၇၂၀ အိတ္ ေရာက္ရွိလာၿပီျဖစ္ေၾကာင္း ေျပာ သည္။

“အပ္မယ္ေျပာထားတယ္။ စာခ်ဳပ္ မခ်ဳပ္ရေသးဘူး။ သဘာ၀ေဘးေခါင္းစဥ္ နဲ႔ လာတဲ့ဆန္ျဖစ္တဲ့အတြက္ သဘာ၀ ေဘးျဖစ္တဲ့အခ်ိန္ ထုတ္တဲ့စနစ္နဲ႔ လက္ခံ ဖို႔ရွိတယ္။ သဘာ၀ေဘးျဖစ္တဲ့အခ်ိန္ အခ်ိန္မေရြးထုတ္ေပးႏိုင္ဖို႔ အာမခံတယ္” ဟု ဦးႏိုင္လြင္လတ္က ေျပာသည္။

လက္ရွိ လက္ခံေရာက္ရွိလာသည့္ ဆန္မ်ားမွာ ဧည့္မထအမ်ိဳးအစားျဖစ္ၿပီး ဒီဂ်စ္တယ္စနစ္ျဖင့္ေသာ္လည္းေကာင္း၊ ရိုးရိုးပိုက္အမွတ္ျဖင့္ေသာ္လည္းေကာင္း  တိုင္းတာခဲ့ရာ ဆန္သား ၆၀ ရာခိုင္ႏႈန္း ဆန္ကဲြ ၄၀ ရာခိုင္ႏႈန္း ပါ၀င္ေနေၾကာင္း ဦးႏိုင္လြင္လတ္က ေျပာသည္။

၀ယ္ယူထားစဥ္က ဧည့္မထ ၂၅ မတ္ ဆန္ ျဖစ္သည္။ ၂၅ မတ္ ဆန္ ဆိုသည္ မွာ ဆန္သား ၇၅ ရာခိုင္ႏႈန္း ဆန္ကဲြ ၂၅ ရာခိုင္ႏႈန္း ပါ၀င္သည့္ဆန္အမ်ိဳးစား ျဖစ္ေၾကာင္း ဦးႏိုင္လြင္လတ္က ေျပာ သည္။

“အကယ္၍ စာခ်ဳပ္ ခ်ဳပ္မယ္ဆိုရင္ ေတာ့ အခု လက္ခံရရွိထားတဲ့ ဆန္ အတိုင္းသာလွ်င္ ျပန္ထုတ္ေပးမွာ ျဖစ္ တယ္”ဟု ဦးႏိုင္လြင္လတ္က ေျပာ သည္။

ဆန္အရည္အေသြးကြာဟမႈကို ၀န္ႀကီး ဦးဟိုပင္အား ေမးျမန္းရာ ဦးဟိုပင္က “အဲဒါေတာ့ ငါ မသိဘူး၊ တို႔လိုင္း မဟုတ္ဘူး။ တို႔လိုင္းက အဲေလာက္ ထိ သြားဖို႔ မဟုတ္ဘူး။ တို႔ေပးထားတဲ့ ဆန္ကို သံုးလို႔ရတယ္။ ဖလွယ္သံုးလို႔ ရတယ္။ တို႔လိုခ်ိန္မွာ ဒီအရည္အေသြး အတိုင္း ရွိတာကို ျပန္ေပးရမွာေပါ့” ဟု ေျဖဆိုခဲ့သည္။

က်န္ဆန္အိတ္ႏွစ္ေထာင္ေက်ာ္ကို မူ တနသၤာရီတိုင္းအတြင္းရွိ ဌာနအသီး သီးမွ ေအာက္ေျခ၀န္ထမ္းမ်ားကို တစ္ဦး လွ်င္ ၃ ျပည္ႏႈန္းျဖင့္ ေ၀ငွေပးသြားမည္ ျဖစ္ေၾကာင္း ၀န္ႀကီး ဦးဟိုပင္က ေျပာ သည္။

“ေအာက္ေျခ၀န္ထမ္းဆိုတာ ဌာနတစ္ခုနဲ႔ တစ္ခု သတ္မွတ္ပံု တူခ်င္မွ တူမယ္။ မိမိဌာနအလိုက္ေပါ့ေလ။ ေအာက္ေျခ၀န္ထမ္းအဆင့္နဲ႔ ကိုက္ညီတဲ့ ၀န္ထမ္းဦးေရ တင္ေပးပါလို႔ ေတာင္း ထားတယ္” ဟု ဦးဟိုပင္က ေျပာသည္။

၂၀၁၈ ခုႏွစ္က သဘာ၀ေဘး အရန္ဆန္အျဖစ္ က်ပ္သိန္း ၁၅၀၀ ဖိုး ၀ယ္ယူခဲ့ၿပီး သိန္းတစ္ေထာင္ဖိုးကို ေတာင္ငူတြင္ အပ္ထားေသာေၾကာင့္ ၾသဂုတ္လက မလဲႊေတာင္ ကားလမ္း ေျမၿပိဳၿပီးေနာက္ ေတာင္ငူတြင္ထားသည့္ အရန္ဆန္ကိစၥ လူထုၾကား ေ၀ဖန္မႈမ်ား ရွိခဲ့သည္။

Dawei Watch