ကျွန်းစုတွင် နာရေးမှပြန်လာသည့် စက်လှေမှောက်၊ အမျိုးသမီး ၅ ဦး သေဆုံး

0
490

နာရေးတစ်ခုမှ ပြန်လာသည့် စက် လှေတစ်စီးသည် တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် ၀ါရစ်ကျေးရွာအုပ်စုအနီးရှိ တနင်္သာရီမြစ်အတွင်း တိမ်းမှောက်ခဲ့ကြောင်း ယင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစောမြတ်အောင်ထံမှ သိရသည်။

စက်တင်ဘာလ ၂၂ ရက်က တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး လှေပေါ်ပါ အမျိုးသား သုံးဦးနှင့် အမျိုးသမီးဆယ့်သုံးဦးတို့ အနက် အမျိုးသမီးငါးဦးပျောက်ဆုံးခဲ့ရာ ယင်းနေ့ မွန်းလွဲပိုင်းအချိန်တွင် အမျိုးသမီးအလောင်းနှစ်လောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း ဦးစောမြအောင်ထံမှ သိရသည်။

စက်တင်ဘာလ ၂၃ ရက် နံနက်ပိုင်း အတွင်း အမျိုးသမီးတစ်ဦး၏အလောင်း တစ်လောင်းနှင့် စက်တင်ဘာလ ၂၅ ရက် နံနက်ပိုင်းတွင် အလောင်းနှစ်လောင်း ထပ်မံတွေ့ရှိခဲ့ကြောင်း ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

“သစ်ငုတ်တိုနဲ့တိုက်မိတာ လှေဝမ်း ပေါက်ပြီး မြုပ်သွားတာပါ”ဟု အုပ်စုအုပ်ချုပ်ရေးမှူး ဦးစောမြတ်အောင်က ပြောသည်။

အဆိုပါစက်လှေမှာ သင်္ကကျင်း ကျေးရွာမှာနာရေး(အသုဘ)တစ်ခုမှ ပြန်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Dawei Watch