တိုင်းရင်းသား အမည်နာမရှေ့တွင် လူမျိုးဝိသေသလက္ခဏာများ ထည့်သွင်း ပေးသွားမည်

0
477

တိုင်းရင်းသားလူမျိုးများ၏ အမည်နာမရှေ့တွင် လူမျိုးဝိသေသလက္ခဏာများ ထည့်သွင်း ဖော်ပြပေးသွားမည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ၀န်ကြီးဦးထွန်းမင်းအောင်က ပြောသည်။

တိုင်းရင်းသားလူမျိုးတို့၏ သန်းခေါင်စာရင်း၊ မှတ်ပုံတင်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား အစရှိသည့် မှတ်တမ်းမှတ်ရာ တို့တွင် ၎င်းတို့၏ နာမ၀ိသေသ လက္ခဏာများအား ထည့်သွင်းပေးသွားမည်ဖြစ်ပြီး ယခင်က မှားယွင်းစွာ ထည့်သွင်းဖော်ပြ ခံရသူ များအတွက်လည်း ပြန်လည် ပြင်ဆင်ပေးလျက်ရှိသည်ဟု ၀န်ကြီးက ပြောသည်။

တိုင်းရင်းသားလူမျိုးများ၏ စရိုက် လက္ခဏာများ မပျောက်ပျက်အောင် သန်းခေါင်စာရင်း၊ မှတ်ပုံတင်နိုင်ငံသား စိစစ်ရေးကတ်ပြား အစရှိသည့် မှတ်တမ်းမှတ်ရာတို့တွင် လူမျိုးနှင့် သက်ဆိုင်သည့် အခေါ်အဝေါ်များ ထည့်သွင်းရေးသား ဖော်ပြပေးရန်နှင့် ယခင်က မှားယွင်းစွာ ထည့်သွင်းဖော်ပြခံရသူများပြန်လည် ပြင်ဆင်ဖော်ပြပေးရန် အစီအစဉ်ရှိ / မရှိဆိုသည်ကို စက်တင်ဘာ ၂၃ ရက်က ကျင်းပခဲ့သည့် မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် သထုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့၏မေးခွန်းအပေါ် ၀န်ကြီးက ထိုကဲ့သို့ ပြန်လည် ဖြေကြားခဲ့သည်။

တိုင်းရင်းသားလူမျိုးများသည် ၎င်းတို့၏အမည်နာမရှေ့တွင် ဗမာလူမျိုးဆိုလျှင် ဦး၊ မောင်၊ ဒေါ်၊ မ၊ ကရင်ဆိုလျှင် နန်း၊ စော၊ မာန်၊ မွန်ဆိုလျှင် မင်း၊ နိုင်၊ မိ၊ ပအိုဝ်းဆိုလျှင် ခွန်၊ နန်း အစရှိသည့် လူမျိုးဝိသေသ လက္ခဏာများတပ်ပြီး ခေါ်ဝေါ်သုံးစွဲကြ လေ့ရှိသည်။

Dawei Watch