ကလွင်ကျေးရွာအုပ်ချုပ်ရေးမှူးကို အရေးယူပေးရန် ဒေသခံ ၂၀ ဦး တိုင်ကြား

0
920

မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား အရေးယူပေးရန် ကျေးရွာသား ၂၀ ဦး လက်မှတ်ရေးထိုးကာ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုင်ကြား လိုက်သည်။

စက်တင်ဘာလ ၂၅ ရက်က တိုင်ကြားလိုက်ခြင်းဖြစ်ပြီး တိုင်းအစိုးရအပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာနတို့သို့လည်းတိုင်ကြားလိုက်ခြင်း ဖြစ်သည်။

ကလွင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် ရာထူးတာဝန်ကို အလွဲသုံးစား ပြုခြင်း၊ မြေယာကိစ်္စများ ဆောင်ရွက်ရာ တွင် ဒေသခံများဘက်မှ ရပ်တည်မှုမရှိဘဲ ကုမ္ပဏီများဘက်မှ ရပ်တည်ကာကွယ် ပေးခြင်း၊ ပြဿနာများဖြေရှင်းဆောင်ရွက်ရာတွင် တရားမျှတမှုမရှိခြင်း၊ လောင်းကစားဝိုင်းများကို မသိကျိုးကျွံပြုထား ခြင်း စသည့်အကြောင်းအရာများကြောင့်ဟု ဆိုကာ တိုင်ကြားသည့် စာများကို ပေးပို့ခဲ့ကြောင်း တိုင်ကြား သူများက ပြောသည်။

“ကိုယ့်ရဲ့အသိုက်အမြုံတစ်ခုတည်း ကြည့်တဲ့အုပ်ချုပ်ရေးမှူးမျိုးကို ဆက်လက်ပြီးအုပ်ချုပ်ခိုင်းထားမယ်ဆိုရင်  ကျွန်မတို့ရဲ့နိုင်ငံမြို့ရွာပျက်စီးလာဖို့ပဲ ရှိတယ်”ဟု တိုင်ကြားရာ၌ ပါဝင်သူ ကလွင်ကျေးရွာအုပ်စု၊ ကမ်းသာယာ ကျေးရွာနေသူ ဒေါ်အေးမူက ပြောသည်။

ကလွင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးရန်နောင်စိုးကမူ ၎င်းတို့ပြောဆို တိုင်တန်းသည့် ကိစ္စရပ်အားလုံးသည် တစ်စုံတစ်ယောက် ဦးဆောင်သည့် အစုအဖွဲ့နှင့်လုပ်ကြံမှုတစ်ခုသြာ ဖစ်ကြောင်း တုံ့ပြန်သည်။

“လူထုနဲ့ကုမ္ပဏီကြားမှာ ကျွန်တော်က ဒိုင်လူကြီးပဲ။ ဘက်လိုက်ရအောင် ကျွန်တော်က ရှယ်ယာမပါဘူး။ မြေယာ ကိစ္စပြဿနာတွေကလည်း တိုင်းက မူဝါဒ နဲ့ရှင်းမှာ။  ကျွန်တော်တို့က ရှင်းလို့မှမရ တာ”ဟု ၎င်းက ပြောသည်။

ကလွင်ကျေးရွာအုပ်စု ငွေပုလဲရပ် ကွက်နှင့်ကမ်းသာယာကျေးရွာအတွင်း မြိတ်အနာဂါတ်ဖွံ့ဖြိုးရေးကုမ္ပဏီ (MFD) က ၂၀၁၄ ခုနှစ်မှစတင်၍ အိမ်ရာ မြေစီမံကိန်းများဖော်ထုတ်လျက်ရှိနေပြီး ယခုအခါကုမ္ပဏီ ထိပ်ပိုင်းခေါင်းဆောင်များအတွင်း အပြန်အလှန် တရားစွဲဆိုမှုများဖြစ်လျက်ရှိကာ ဒေသခံရွာသားများနှင့်လည်း အစုရှယ်ယာကိစ္စများ၊ မြေယာကိစ္စများနှင့် ပတ်သက်၍ အငြင်းပွားလျက် ရှိသည်။

Dawei Watch