အောက်တိုဘာ ၁ ရက်မှစ၍ ငါးဖမ်းလှေများတွင် VMS စနစ် တပ်ဆင်မည်

0
416

ကမ်းဝေးငါးဖမ်းလှေများတွင် VMS ခေါ် စောင့်ကြည့်ရေးစနစ်ကို အောက်တိုဘာလ ၁ ရက်မှ စတင် တပ်ဆင်မည်ဖြစ်ကြောင်း VMS တပ်ဆင်မည့် ကုမ္ပဏီများအနက် တစ်ခုဖြစ်သည့် K ကုမ္ပဏီထံမှ သိရသည်။

VMS စနစ် တပ်ဆင်ရန် ကုမ္ပဏီ ၆ ခု တင်ဒါအောင်ထားပြီး လက်ရှိတွင် K ကုမ္ပဏီအပါအ၀င် ကုမ္ပဏီ ၃ ခုမှာ ဆက်သွယ်ရေးလိုင်စင်ရထားပြီးဖြစ်သောကြောင့် အောက်တို ဘာလ ၁ ရက်မှ စတင်တပ်ဆင်တော့မည် ဖြစ်ကြောင်း Kကုမ္ပဏီထံမှ သိရသည်။

ကမ်းဝေးငါးဖမ်းလှေများတွင် ထိန်းချုပ်စောင့်ကြည့်ရေး စနစ်ကို စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် တပ်ဆင်ရန် ငါးလုပ်ငန်းဦးစီးဌာနက ညွှန်ကြားထားသည်။

“စာရွက်စာတမ်းအခွန် လိုင်စင်ကိစ္စတွေ လုပ်နေရတာနဲ့ စက်တင်ဘာတစ်လလုံးက မိတ်ဆက်အနေနဲ့ပဲ လုပ်နိုင်ခဲ့တယ်”ဟု K ကုမ္ပဏီ၏ အတိုင်ပင်ခံ ဦးအောင်ကြည်မြင့်က ပြောသည်။

လက်ရှိတင်ဒါအောင်ထားသည့် ကုမ္ပဏီ ၆ ခုမှ ပထမသုတ်အနေဖြင့် ကမ်းဝေးငါးဖမ်းလှေ ၁၉၅၆ စီးကိုတစ်လ အတွင်း အပြီးတပ်ဆင်ပေးရမည်ဟု မြန်မာနိင်ငံငါးလုပ်ငန်း ဦးစီးဌာနမှ ညွန်ကြားထားကြောင်း ဦးအောင်ကြည်မြင့်က ပြောသည်။

Dawei Watch