အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ်္စည်းဆိုင်ရာ လူထုအသိ ပညာပေးပြပွဲတွင် ငါးမုန့် လုပ်ငန်းအကြောင်း ပြသမည်

0
527

မန္တလေးမြို့တွင် ကျင်းပမည့် အစား အသောက်၊ ဆေးဝါး၊ ဆေးပစ်္စည်းနှင့် အလှကုန်ပစ်္စည်းဆိုင်ရာ လူထုအသိ ပညာပေးပြပွဲတွင် တနင်္သာရီတိုင်းအနေ ဖြင့် ငါးမုန့်ပြုလုပ်ပုံအဆင့်ဆင့်ကို သွား ရောက်ပြသမည်ဖြစ်ကြောင်း တိုင်း ဒေသကြီး အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန(FDA)ထံမှ သိရ သည်။

မန္တလေးမြို့ မြို့တော်ခန်းမတွင် စက်တင်ဘာလ ၂၀ ရက်နှင့် ၂၁ ရက် တို့တွင် ပြုလုပ်မည့် အဆိုပါ အသိပညာ ပေးပြပွဲတွင် တိုင်းနှင့်ပြည်နယ် အသီး သီးက ဒေသထွက် ပစ်္စည်းများ အကြောင်း ကို ပြသမည်ဖြစ်သည့်အတွက် တနင်္သာရီ တိုင်းအနေဖြင့် ငါးမုန့်လုပ်ငန်း ဆောင် ရွက်ပုံအဆင့်ဆင့်ကို ပြသမည်ဖြစ် ကြောင်း FDA ဌာန တိုင်းဒေသကြီး ဦးစီးမှူး ဒေါ်မေသန်းနိုင်က ဆိုသည်။

ဥပမာအနေဖြင့် ဧရာဝတီတိုင်းက ဆိုးဆေးကင်းစင်သည့် ငါးပိလုပ်ငန်း အကြောင်း၊ မကွေးတိုင်းက ပဲဆီသန့် အကြောင်း စသည့် တိုင်းနှင့်ပြည်နယ် အလိုက် ပြသမည်ဖြစ်ကြောင်း ၎င်းင်းက ဆိုသည်။

“ရေပန်းစားနေတဲ့ ခရီးသွား လုပ်ငန်းကိုလည်း အထောက်အကူပြုတဲ့ ငါးမုန့်လုပ်ငန်းရဲ့ ဆောင်ရွက်ပုံ အဆင့်ဆင့် အဲဒါလေးကို ရွေးချယ်လိုက်တယ်” ဟု ဒေါ်မေသန်းနိုင်က ပြောသည်။

အဆိုပါ ငါးမုန့်လုပ်ငန်းအပြင် FDA  ဌာနက အသိပညာပေးလုပ်ဆောင် မှုများ၊ ဈေးကွက်ထောက်လှမ်းမှု မှတ် တမ်းများကို ဗီနိုင်း၊ ဓာတ်ပုံများ ဖြင့် ပြသမည်ဖြစ်ကြောင်း ၎င်းင်းက ဆိုသည်။

အစားအသောက် ဆေးဝါး ဆေး ပစ္စည်းနှင့် အလှကုန်ပစ်္စည်းဆိုင်ရာ လူထုအသိပညာပေးပြပွဲတွင် ပြခန်း ပေါင်း တစ်ရာကျော် ပါဝင်ပြသမည်ဖြစ် ကြောင်း နိုင်ငံပိုင် MRTV  သတင်းဌာန တွင် ဖော်ပြထားသည်။

Dawei Watch