ဂျပန်နိုင်ငံသို့ နေထိုင်ခွင့်ပုံစံအသစ်ဖြင့် ကျွမ်းကျင်လုပ်သားများ စနစ်တကျ သွားရောက်လုပ်ကိုင်နိုင်ရေး သိထားသင့်သည်များ

0
1101

၁။ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ အကြား မတ်လ ၂၈ ရက်၊ ၂၀၁၉ ရက် တွင် လက်မှတ်ရေးထိုးခဲ့သည့် ကျွမ်းကျင် လုပ်သား နေထိုင်ခွင့်ပုံစံဖြင့် နိုင်ငံခြား သား လူစွမ်းအားအရင်းအမြစ်ဆိုင်ရာ စနစ်အား စနစ်တကျ လည်ပတ်ဆောင် ရွက်ရန် သတင်းအချက်အလက် ပူး ပေါင်းဆောင်ရွက်မှုအတွက် အခြေခံမူ ဘောင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာ(MoC)အရ ဂျပန်နိုင်ငံသည် အောက်ပါလုပ်ငန်းနယ်ပယ် ၁၄ ခုတွင် မြန်မာနိုင်ငံမှ “ကျွမ်းကျင်လုပ်သားများ”ကို နေထိုင်ခွင့်ပုံစံအသစ်ဖြင့် ခေါ်ယူမည် ဖြစ်သည်။

(က) ပြုစုစောင့်ရှောက်ရေးလုပ်သား (Care Worker)

(ခ) အဆောက်အဦ သန့်ရှင်းရေး စီမံခန့်ခွဲမှု (Building Cleaning Management)

(ဂ) စက်ပစ္စည်းအစိတ်အပိုင်းနှင့် ကိရိယာလုပ်ငန်း (Machine Parts & Tooling Industry)

(ဃ) စက်မှုလုပ်ငန်းသုံးစက်ပစ်္စည်း လုပ်ငန်း (Industrial Machinery Industry)

(င) လျှပ်စစ်ဓာတ်အား၊ အီလက် ထရွန်နစ်နှင့် သတင်းအချက်အလက်လုပ် ငန်း (Electric, Electronics and Information Industries)

(စ) ဆောက်လုပ်ရေးလုပ်ငန်း (Construction Industry)

(ဆ) သင်္ဘောဆောက်လုပ်ရေးနှင့် သင်္ဘောစက်ပစ္စည်းလုပ်ငန်း (Shipbuilding and Ship Machinery Industry)

(ဇ) ကားပြုပြင်ရေးနှင့် ထိန်းသိမ်းရေး လုပ်ငန်း (Automobile Repair and Maintenance)

(ဈ) လေကြောင်းလုပ်ငန်း (Aviation Industry)

(ည) နေရာထိုင်ခင်းလုပ်ငန်း (ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း) (Accommodation Industry)

(ဋ) စိုက်ပျိုးရေးလုပ်ငန်း (Agriculture)

(ဌ) ငါးလုပ်ငန်းနှင့် ရေထွက်ပစ္စည်း မွေးမြူရေးလုပ်ငန်း (Fishery & Aquaculture)

(ဍ) စားသောက်ကုန်နှင့် အဖျော် ယမကာထုတ်လုပ်ရေးလုပ်ငန်း (Manufacture of Food and beverages)

(ဎ)အစားအစာဝန်ဆောင်မှုလုပ်ငန်း ( Food Service Industry )

၂။ အောက်ဖော်ပြပါ ပုဂ်္ဂိုလ်များသာ ““ ကျွမ်းကျင်လုပ်သား”” အဖြစ်လုပ်ကိုင် နိုင်မည် ဖြစ်သည်။

(က) ဂျပန်နိုင်ငံ၊ သက်ဆိုင်ရာဌာနမှ လာရောက်စစ်ဆေးသည့် လုပ်သားကျွမ်း ကျင်မှုစာမေးပွဲနှင့် ဂျပန်ဘာသာစကား စာမေးပွဲအောင်မြင်သူ၊

(ခ) နည်းပညာအလုပ်သင် သင် တန်းအစီအစဉ် အဆင့်(၂) ပြီးဆုံးထားသူ (နည်းပညာအလုပ်သင် သင်တန်းသား အလုပ်သမားအဖြစ် (၃) နှစ်လုပ်ကိုင်ပြီး မြောက်သူကို ဆိုလိုသည်။

၃။ အခြေခံမူဘောင်ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်မှု စာချွန်လွှာ (MoC) အရ ဂျပန်နိုင်ငံမှ မြန်မာကျွမ်းကျင် လုပ် သားများကို ၅နှစ်နေထိုင်ခွင့်ဖြင့် ခေါ် ယူမည်ဖြစ်ရာ အထက်ပါ လုပ်ငန်းနယ် ပယ် ၁၄မျိုးအနက် ပထမဦးစွာ ဟိုတယ် ၀န်ဆောင်မှုလုပ်ငန်းဆိုင်ရာ ကျွမ်းကျင် လုပ်သားများ ခေါ်ယူမည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် ဂျပန်နိုင်ငံ ဘက်မှ လာရောက်စာမေးပွဲစစ်ဆေးရန် လျာထား ဆောင်ရွက်လျက်ရှိသည်။

၎။ ထို့အပြင် ဂျပန်နိုင်ငံသို့ ကျွမ်း ကျင်လုပ်သားစေလွှတ်မည့် ပြည်ပအလုပ် အကိုင်အကျိုးဆောင် လိုင်စင်ရ အေဂျင်စီ များအတွက် သတ်မှတ်ထားသည့် စံနှုန်း များကို နှစ်နိုင်ငံညှိနှိုင်းသဘောတူပြီး ဖြစ်ရာ အလုပ်သမားညွှန်ကြားရေးဦးစီး ဌာနတွင် မှတ်ပုံတင်ထားသည့် ပြည်ပ အလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများအနေဖြင့် ဂျပန်နိုင်ငံသို့ ကျွမ်းကျင်လုပ်သားများ စေလွှတ်လိုပါက စေလွှတ်ခွင့်လျှောက်ထား၍ သတ်မှတ်စံ နှုန်းများနှင့်အညီ လိုက်နာဆောင်ရွက်ရ မည် ဖြစ်သည်။

၅။ ဂျပန်နိုင်ငံသို့ ကျွမ်းကျင်လုပ်သားစေလွှတ်ခွင့်ရရှိကြောင်း ၀န်ကြီးဌာန က အသိအမှတ်ပြုထားသည့် ပြည်ပ            အလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများသည် အလုပ်သမား၊ လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနသို့ အလုပ်ကမ်းလှမ်းလွှာ (Demand Letter) များ တင်ပြ၍ စေ လွှတ်ခွင့်ရယူရမည် ဖြစ်ပါသည်။

၆။ ၀န်ကြီးဌာနက ဂျပန်နိုင်ငံသို့ အလုပ်သမားစေလွှတ်ရန် ခွင့်ပြုချက်             ရရှိထားသည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီ (သို့မဟုတ်) လိုင်စင်ရအေဂျင်စီများမှအပ အခြားအဖွဲ့အစည်းများ၊ ပုဂ်္ဂိုလ်များအပါ အ၀င် မည်သူမျှ ဤ၀န်ကြီးဌာန၏ ခွင့်ပြု ချက်မရှိဘဲ လုပ်သားများ စေလွှတ်ခွင့်မရှိ ပါ။ ၀န်ကြီး ဌာန၏ ခွင့်ပြုချက်မရရှိဘဲ တရားမ၀င် ကျွမ်းကျင်လုပ်သားစေလွှတ် ကြောင်း စိစစ်တွေ့ရှိပါက ၁၉၉၉ခုနှစ်၊ ပြည်ပ အလုပ်အကိုင်ဆိုင်ရာ ဥပဒေနှင့် အညီ အရေးယူခြင်းခံရမည် ဖြစ်ပါသည်။

၇။ ဂျပန်နိုင်ငံသို့ ကျွမ်းကျင်အလုပ် သမားများ စေလွှတ်ရန် ပြည်ပအလုပ် အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီ စာရင်းအသေးစိတ်ကို ၀န်ကြီးဌာန Website တွင် ကြေညာထားပါမည်။

 ၈။ အထက်ပါကိစ်္စနှင့်ပတ်သက်၍ မရှင်းလင်းသည့်အချက်များ၊ အသေးစိတ် သိရှိလိုသည့်အချက်များရှိပါက-အလုပ် သမားညွှန်ကြားရေးဦးစီးဌာန၊

ရွှေ့ပြောင်းအလုပ်သများဌာနခွဲ

ဖုန်းအမှတ်-၀၆၇-၄၃၀၁၈၆၊ ၄၃၀၄၄၂၊ ၄၃၀၁၈၃၊

Email > dolmigration@gmail.com  သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ရင်းမြစ် – အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန