တာဝန်ယူမှု၊ တာဝန်ခံမှု အဆင့်များ ပျောက်ဆုံးခြင်း

0
872

အနေအထားကတော့ စိတ်ပျက်စရာ ကောင်းပါတယ်။ အလုပ်မှာ တိုင်းတာ တဲ့စံ ဆိုတာကိုက စနစ်တကျ မရှိတဲ့အထဲ တခါတလေ အကြီးအကျယ် ကြိုးက နီချင်သေးတယ်။ ဆိုတော့ အလုပ်လုပ် ကြရတာ စိတ်ပျက်စရာ ကောင်းသည် ထက် ကောင်းနေတာ အသေအချာပါပဲ။

ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခု ဖြစ်တဲ့ ပြည် မြန်မာမှာ အရာရာဟာ တစ်ခေတ်မက နောက်ကျကျန်နေခဲ့တာ အသေအချာပေါ့။ ခုလို ပွင့်လင်း လာတဲ့တစ်ခေတ်မှာ ဟိုး အရှေ့ကို ပြေးနိုင်ပါမှ တိုးတက်မဲ့အနေ အထားမှာ တာဝန်ယူ၊ တာဝန်ခံမှုနဲ့ လုပ်ကြရမှာတွေ များလှပါတယ်။ တာဝန်ယူမှု တာဝန်ခံမှု မရှိကြတဲ့အခါ အရာရာ ဟာ ရှေ့ဆက်မရပါဘူး။

တာဝန်ယူကြ တာဝန်ခံကြရင် လုပ် သင့်လုပ်ထိုက်တာတွေ အများကြီးရှိတဲ့ အထဲ၊ လုပ်မိတဲ့သူတွေပဲ ချောက်ကျနေ တာ တွေ့လာရတယ်။ သို့သော်  မလုပ် မရှုပ်မပြုတ် အချောင်နေတဲ့သူတွေပဲ ခပ်လျိုလျိုလေး လုပ်တယ်ဆိုရုံလုပ် သက်သာအောင်နေရင်း အနေချောင် နေတာ တွေ့ရသလို၊ အဲသည် အနေချောင် သလိုနေတဲ့သူတွေက အမှန်တကယ် အနစ်နာခံ ရုန်းရင်းက ချောက်ကျတဲ့ သူတွေကို အနေမတတ်ရှာဘူးရယ်လို့ ရယ်သွမ်းသွေးနေကြတာဟာလည်း အခြေအနေ ကောင်းတစ်ရပ်တော့ မဟုတ်ပြန်ဘူး။

နိုင်ငံအတွက် အလုပ်လုပ်လိုပေမဲ့ အဲသလို ဖြုတ် ထုတ် သတ် ကွန်မြူနစ် ၀ါဒ ဆန်ဆန် ဖြစ်ပျက်နေတဲ့ အနေ အထားကို ပါးရည်နပ်ရည်နဲ့ မကိုင် တွယ်တတ်တဲ့ အခြေအနေမှာ အပြင်ကပဲ ရပ်ကြည့်နေလိုကြတော့တဲ့ လူတန်းစား တွေ များလာတာဟာလည်း အခြေအနေ ကောင်းတော့ မဟုတ်ပြန်ဘူး။ လုပ်ပိုင်ခွင့် ရလာတဲ့ အချို့အချို့တွေဟာ ပညာ ရှင်တွေကို တန်ဖိုးမထား၊ မယုံကြည် ကိုယ်တိုင်လည်း မလုပ်တတ် မကိုင် တတ်တဲ့ အခြေအနေဟာ စိုးရိမ်စရာ ကောင်းပါတယ်။

အထက်နဲ့အောက် အပြန်အလှန် ယုံကြည်မှု ပျက်ပြားနေတဲ့ အနေ အထားမှာ ဘယ်လိုများ တိုးတက်အောင် လုပ်နိုင်မယ်လို့ ကျွန်တော်တို့တွေ မျှော်လင့်နိုင်ကြပါမလဲ။ စိုးရိမ်စရာ ကောင်းပါတယ်။

ဆရာ မောင်မိုးပွင့်ကတော့ အဲသည် အနေအထားကို ကျွမ်းကျင် ပညာရှင်နဲ့ ပညာရှိအကြား တာဝန်ယူမှု တာဝန်ခံမှု ပျက်ပြားနေခြင်းရယ်လို့ နှစ်ပိုင်း ခွဲခြား ထောက်ပြတယ်။

အလုပ်တစ်ခုကို လုပ်ကိုင်တဲ့အခါ စီမံချက်နဲ့ မြေပြင် အခြေအနေ ကွာဟ ချက် ရှိနေတတ်တယ်။ အဲသည် အခြေအနေကို အဆင့်တစ်ခုက တာဝန်ခံ အလုပ်လုပ်ပေးဖို့လိုအပ်တယ်။ ကြိုးနီ စနစ်အရ ရှိနေတတ်တဲ့ အဟန့်အတား အတားအဆီး တစ်ရပ်ကို အခြေအနေ အကြောင်းခြင်းရာတစ်ရပ်အပေါ် မူတည် ပြီး တွေးတောချင့်ချိန် ပိုင်းဖြတ်နိုင်တဲ့ အဆင့်တစ်ခုက တာဝန်ယူ၊ တာဝန်ခံနိုင် ဖို့ လိုအပ်တယ်။ အဲသည် Flexibility  လို့ ခေါ်ရမဲ့ ပြောင်းလွယ် ပြင်လွယ်မဲ့ တာဝန်ယူ၊ တာဝန်ခံနိုင်မဲ့ အဆင့် တစ်ခု ကို ယုံကြည်စွာထားဖို့ လိုအပ်နေတာ အမှန်ပါပဲ။

ပညာရှင်တွေက အမှန်တကယ် ဖြစ်နေပျက်နေတာ အဲသလို ရှိနေတယ်။ ဘယ်လို လုပ်သင့်တယ် စသဖြင့် ကိုယ် ကျိုးမပါဘဲ အရှိအတိုင်း ပြောဆိုဆွေး နွေးတင်ပြလာတဲ့ အနေအထားတစ်ရပ်ကို နားလည်းထောင် တာဝန်လည်းယူနိုင်မဲ့ အဆင့်သည် တစ်ခေတ်မှာ မရှိပါဘူး။

အဲသလို အမြင်နဲ့ ရှေ့ပြေးပြီး လုပ်နိုင်တဲ့ ပညာရှင်တွေ ခြေချော်ကြတာ များလှပါတယ်။ သည်တော့ ပညာရှင် တွေဟာ အဲသည် အခြေအနေတွေမျိုးမှာ ဘယ်သူကမှ အန္တရာယ် ရှိတန်ချေကျွိုငျု ယူပြီး အလုပ်မလုပ်ကြတော့ပါဘူး။ အဲသည်မှာ အလုပ်တွေ မဖြစ်ကြတော့ပါ ဘူး။

အလုပ်တစ်ခုကို တာဝန်ယူ လုပ်ကြ တဲ့သူတွေဟာ အမြင်သန်ဖို့ လိုသလို လိုအပ်လာရင် တာဝန်ခံ ဖြေရှင်းနိုင်တဲ့ ဖြေရှင်း တတ်တဲ့သူတွေဖြစ်ဖို့ လိုပါ တယ်။

ဆိုပါစို့။

ဝေးလံခေါင်ဖျား ဒေသတွေအတွက် အဆောက်အဦ ဆောက်လုပ်ဖို့နဲ့ မြို့ပြနဲ့ မဝေးတဲ့ဒေသမှာ အဆောက်အဦ ဆောက် လုပ်ဖို့ တင်ဒါ ခေါ်ကြတယ်။ ဒါပေမယ့် ဘယ်သူကမှ ဝေးလံခေါင်ဖျားတဲ့နေရာ အတွက် တင်ဒါဝင်မပြိုင်ကြတော့ တာကြောင့် အဲသည် ဘတ်ဂျက်တွေ ပြန်အပ်နေကြရတာမျိုး သည်ဖက်ခေတ် မှာ များပါတယ်။ ဒေသ အနေအထား မြေပြင် အခြေအနေအရ ဆောက်လုပ်ရေး လုပ်ငန်းတွေအတွက် အခက်အခဲ ရှိနေ သော်လည်း ပံ့ပိုးကူညီမှု  မရပါဘဲ  ကုမ်္ပဏီ အနေနဲ့ သဘောတူညီ ချက်ပါ စည်းကမ်း ချက်အတိုင်း လုပ်ရမှာပဲ။ အဲသည်အတိုင်း မလုပ်ရင် အရေးယူမှာပဲ စသဖြင့် သဘောထား တွေနဲ့ အမြင်တွေအကြားမှာ ခေါင်းခံသူ မရှိလို့ ဝေးလံခေါင်ဖျား အတွက်ချပေးတဲ့ ဘတ်ဂျက်တွေ ပြန်အပ် ရတာမျိုးက နစ်နာလှပါတယ်။

အရင်က အဲသည် အခက်အခဲကို ဘယ်လို ဖြေရှင်းကြပါသလဲ။ တင်ဒါ ချပေးတဲ့အခါ အနီးက အကျိုးအမြတ်ရ နိုင်တဲ့လုပ်ငန်းတစ်ခုနဲ့ ခက်ခဲနိုင်တဲ့ ဒေသက လုပ်ငန်းတစ်ခု တွဲပြီး ချပေး တာမျိုး။ လုပ်ငန်းရှင်ဖက်ကို နိုင်ငံ့အကျိုး အတွက် လုပ်ကိုင်ပေးပါ လို့ မေတ်္တာရပ်ခံ တာမျိုးနဲ့ တွဲဖက် တာဝန်ပေးလို့ ဖြေရှင်းကြရတယ်။

တင်ဒါ စည်းမျဉ်းကို ကျော်လွန်ပြီး အဂတိတရား  ရှိတန်ပေမဲ့အမှန် စေတနာ ထားပြီး အလုပ်လုပ်ဖို့နဲ့ အလုပ်ဖြစ်ဖို့ လုပ်ကိုင်တဲ့ အခြေအနေတစ်ရပ်ကို ခြွင်းချက်ထား လက်ခံသင့်ပါတယ်။ သည်အနေအထား အခက်အခဲတွေ အတွက် တာဝန်ခံ ဖြေရှင်းနိုင်တဲ့ တာဝန်ယူနိုင်တဲ့ အကြီးအကဲတွေ မှာ အမြင်နဲ့ လုပ်ပိုင်ခွင့်ရှိသင့်ပါတယ်။

ဒါဟာ ဥပမာ တစ်ခု အနေနဲ့ ပြော တာပဲ ဖြစ်တယ်။ အဲသလို အလုပ်ဖြစ်ဖို့ လုပ်ကြရတဲ့ အနေအထားတွေ ဌာန တိုင်းမှာ ရှိနေမှာ မလွဲပါဘူး။ ဆေးရုံ တစ်ရုံမှာ မရှိမဖြစ် လိုအပ်တဲ့ မေ့ဆေးလို ဆေးတွေဟာ တင်ဒါ လာမပြိုင်ပါဘဲ ဘယ်လို စည်းမျဉ်း စည်းကမ်းတွေနဲ့ အညီ ရအောင် လုပ်နေကြရလဲ။ ဘတ်ဂျက် ကျမလာမီ စပ်ကြားမှာ ဘယ်လိုအနေအထားတွေနဲ့ ဆေးတွေ ပြတ်မသွားအောင် စီမံနေကြရလဲ စတဲ့ အမေးတွေ အတွက် အဖြေတွေက ရှင်းပါတယ်။ အချို့ ကိစ်္စနဲ့ အရေး အရာတွေဟာ  Risk ကို ရယူပြီး တာဝန် ယူ တာဝန်ခံနေကြရတယ် ဆိုတာဟာ ပညာရှင်တွေမှပဲ သိနိုင်မဲ့ ကိစ်္စတွေ ဖြစ် တယ်။

သည်အနေအထားမျိုးမှာ လူငယ် လည်း ဖြစ်၊ တက်ကြွစွာနဲ့ ဌာနအတွက် သာမက နိုင်ငံအတွက်ပါ လိုအပ်တဲ့ ဆေးဝါးတွေ ရရှိနိုင်ဖို့ တီထွင်ကြံဆရင်း အလုပ်လုပ်တဲ့ BPI ဆေးဝါးစက်ရုံက လူငယ် စက်ရုံမှူးကို အရေးယူတဲ့ အဖြစ် မျိုးတွေကြောင့် အဲသလို တာဝန်ယူ တာဝန်ခံပြီး အလုပ်လုပ်မဲ့ ၀န်ထမ်းတွေ အတွက် စိတ်ပျက်စရာ အဖြစ်မျိုး ဖြစ်ပြီး ကြိုးနီ စနစ်နဲ့သာ မလုပ်မရှုပ်မပြုတ် ပေါ့ပေါ့ပါးပါး  သွားကြတော့မယ်ဆိုတဲ့ အတွေးတွေဟာ နိုင်ငံ့အတွက် နစ်နာ စေလှပါတယ်။ သည့်အတွက် ဘယ်သူ ကမှ တာဝန်ခံပြီး အလုပ်တွေကို တွင်ဖို့ ကျော်ပြီး လုပ်ချင်စိတ် ရှိမှာ မဟုတ်သလို ဖြစ်လာသမျှအတွက် ဘယ်သူကမှ တာဝန်ခံကြမယ် မထင်ပါဘူး။ ဆေးရုံ တွေမှာ ဆေးဝါး ပြတ်လပ်လို့ ဘတ်ဂျက် မကျခင်ကာလတွေမှာ ဘယ်လို ပြေလည်အောင် ဖြေရှင်းကြမလဲဆိုတဲ့ အတွေးတွေနဲ့ လုပ်ဆောင်မှုတွေ ရှိမ လာရင် နစ်နာမှာက ပြည်သူတွေပဲ ဖြစ်ပါ တယ်။

ဒါကြောင့်လည်း ပညာရှင်တွေ ရယ်လို့ ဆိုရမဲ့ လူတန်းစားတွေအနေနဲ့ သိပ္ပံနည်းကျ တွက်ချက် တင်ပြလာတဲ့ လိုအပ်ချက်တွေကို အပေါ်က ခေါင်းခံ ဖြေရှင်းပေးနိုင်မဲ့ ပညာရှင်မဟုတ်တဲ့ တွေးတော ဆင်ခြင်ဥာဏ်နဲ့ လိုအပ် တယ်လို့ ဆိုတာပဲဖြစ်တယ်။ ပညာရှင် တွေ တတ်သလောက် နည်းပညာပိုင်း အရာရာကို  ပညာရှိတွေ ကျွမ်းကျင်ဖို့ မလိုပါဘူး။ သူတို့ ပြောတာ အမှန် ဟုတ် မဟုတ် ထပ်ဆင့်ချင့်ချိန်နိုင်မဲ့ အကြံပေးအဖွဲ့ရဲ့ အကြံရယူလိုရင် ရယူပြီး ဖွင့်ထားတဲ့ အမြင်နဲ့ တာဝန်ခံ ဖြေရှင်းပေးနိုင်ကြဖို့ လိုအပ်တယ်။

တစ်ခေတ် တစ်ခါကတော့ အဲသည် အဆင့်ကို စစ်တိုင်းမှူးအဆင့်တွေ နဲ့ ချင့်ချိန် ဆုံးဖြတ်ကြတယ်။ သည်ဖက် တစ်ခေတ်မှာ တော့ တည်ဆဲ ဥပဒေတွေနဲ့ ဆုံးဖြတ်ဖို့ စနစ်တစ်ခုကို အကူးအပြောင်း ကာလလို့ ဆိုနိုင်တယ်။ ဟိုးခေတ် ဟောင်း ကာလ ကတည်းက အသုံးပြု လာတဲ့ဥပဒေနဲ့ စည်းမျဉ်းတွေကို ပြောင်း လဲဖို့ လုပ်နေရင်းကာလမှာ အဲသည် အဆင့်တစ်ခုက ဘောင်အတွင်းက စနစ်တကျ  တာဝန်ယူ တာဝန်ခံပေးနိုင်ဖို့ လိုအပ်တယ်။ အဲသည်အဆင့်ကို ဘယ် အဆင့်ထား သတ်မှတ်မလဲ။ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်အဆင့်လား၊ ပြည်ထောင်စု ၀န်ကြီးအဆင့်လား၊ သမ်္မတအဆင့်လား စဉ်းစားဖို့ လိုအပ် ပါတယ်။ ခုအနေအထားကတော့ ပြည်ထောင်စု ၀န်ကြီးသည်လည်းကောင်း၊ ၀န်ကြီးချုပ်သည်လည်းကောင်း အဖြုတ်ခံ ရ၊ တရားစွဲခံရနဲ့ ဆိုလေတော့သည် အဆင့်ကိုလည်း ယုံကြည်မှု မထားတာ တွေ့ရပြန်ပါတယ်။ တာဝန်ယူ တာဝန်ခံ လို့ မရတာ တွေ့ကြရတယ်။

ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခု ဖြစ်တဲ့ ပြည်မြန်မာမှာ အရာရာဟာ တစ်ခေတ် မက နောက်ကျကျန်နေခဲ့တာ အသေ အချာပေါ့။ ခုလို ပွင့်လင်းလာတဲ့ တစ်ခေတ်မှာ ဟိုးအရှေ့ကို ပြေးနိုင်ပါမှ တိုးတက်မဲ့ အနေအထားမှာ တာဝန်ယူ၊ တာဝန်ခံမှုနဲ့ လုပ်ကြရမှာတွေ များပါ တယ်။

ဟိုးဖက် တစ်ခေတ်မယ်သည် စက်ရုံကို ဘယ်သူ့ကို လွှဲပြောင်းပေး လိုက်ပါ ဆိုတဲ့ အမိန့်နဲ့ ညွှန်ကြားချက်ပဲ ပေးခဲ့ပြီး အဲသည် ညွှန်ကြားချက်ကို ဘောင်ဝင်အောင် အောက်က ၀န်ထမ်း တွေက ဘောင်အတွင်း အတင်းသွတ် သွင်း လုပ်ဆောင်ကြရတဲ့ ခေတ်တစ် ခေတ်ကို ဖြတ်ခဲ့ရဖူးပါတယ်။

သည်ဖက် တစ်ခေတ်မှာပဲ ဟိုး ရှမ်းမြောက် အစွန်အဖျားနဲ့ ကရင် ဒေသအချို့မှာ မြို့ပြ တွေထက် ဖွံ့ဖြိုး တိုးတက်ပြီး သူ့ဒေသဖွံ့ဖြိုးရေး သူ့ဘာသာ သူတာဝန်ယူ၊ တာဝန်ခံပြီး သူ့အချုပ်အခြာအာဏာနဲ့သူ လက် နက်ပါ ကိုင်ပြီး လုပ်နေကြတာကိုလည်း သည်ဖက်က မြင်နေကြရတယ်။ အဲသည် လောက် စည်းလွတ်ဘောင်ကျော် အနေ အထားနဲ့ ခေတ်တွေ ဖြတ်ခဲ့ရဖူးသလို သည်မှာဖက်ခေတ်မှာလည်း အချို့ဒေသ တွေမှာ လွတ်လပ်စွာ  ဖွံ့ဖြိုးနေကြတယ်။

အလုပ်တစ်ခုကို လုပ်ကိုင်တဲ့အခါ စီမံချက်နဲ့ မြေပြင် အခြေအနေ ကွာဟ ချက်ရှိနေတတ်တယ်။ အဲသည်အခြေ အနေကို အဆင့်တစ်ခုက တာဝန်ခံ အလုပ်လုပ်ပေးဖို့ လိုပါတယ်။ ကြိုးနီ စနစ်အရ ရှိနေတတ်တဲ့ အဟန့်အတား အတားအဆီးတစ်ရပ်ကို အခြေအနေ အကြောင်းခြင်းရာ တစ်ရပ်အပေါ် မူ တည် ပြီး တွေးတောချင့်ချိန် ပိုင်းဖြတ်နိုင်တဲ့ အဆင့်တစ်ခုက တာဝန်ယူ၊ တာဝန်ခံ နိုင်ဖို့ လိုအပ်တယ်။ အဲသည်  င်္ူနထင-ဘငူငအပ လို့ ခေါ်ရမဲ့ပြောင်းလွယ် ပြင်လွယ်မဲ့ တာဝန်ယူ၊ တာဝန်ခံ နိုင်မဲ့ အဆင့်တစ်ခုကို ယုံကြည်စွာ ထားဖို့ လိုအပ်နေတာ အမှန်ပါပဲ။

ခုအနေအထားက ဘယ်သူကမှ ဘယ်သူ့ကို တာဝန်ယူ တာဝန်ခံဖို့ မရှိ ကြသလို မရဲကြသလို ဖြစ်နေကြတယ်။ လက်နက်ကိုင်ထားတဲ့ ဒေသ အချို့က လွဲရင် တရားဥပဒေ ဘောင်အတွင်းက အလုပ်လုပ်နေသူတွေအဖို့က အခက်အခဲ အကြပ်အတည်းပေါင်းစုံနဲ့ ကြိုးနီ၊ ကြိုးဝါတွေ ရှုပ်လို့ ရှေ့ဆက်မရ ဖြစ်နေကြတယ်။ သည်မှာဖက်က ရေ လုပ်ငန်း လုပ်နေသူတွေကိုပဲ ကြည့်ပါ လေ။ တာဝန်ယူ တာဝန်ခံမှု အခက်အခဲ တွေကြား တရားဝင် ငါးဖမ်းခွင့် မရပါဘဲ ခက်ခဲနေကြတတ်တာ မဖြစ်သင့်ပါဘူး။

စည်းလွတ် ဘောင်ကျော်သာ မဟုတ်ပါလျှင် ဒေသအလိုက်   ဒေသန္တရ အခြေအနေနဲ့ လိုက်လျော ညီထွေရှိပြီး တာဝန်ယူ တာဝန်ခံမှုနဲ့ တိုးတက်အောင် တာဝန်ခံ အလုပ်လုပ်နိုင်ကြမဲ့ခေတ်နဲ့  အထက်နဲ့အောက် အတွင်းနဲ့အပြင် ညီညွတ်စွာ လက်တွဲ အလုပ်လုပ်နိုင်ကြမဲ့ အခါမျိုး ဖြစ်လာဖို့တော့မျှော်လင့်မိ ပါရဲ့။

ကိုရိုးဆေး