ဘုတ်ပြင်းမြို့နယ်တွင် လင်မယား ရန်ပွဲဖျန်ဖြေသည့် အမျိုးသားတစ်ဦး ရဲဒင်း ဖြင့် ခုတ်ခံရကြောင်း တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရ သည်။
မသေကျေးရွာအုပ်စုနေ အသက် ၃၅ နှစ်အရွယ် အမျိုးသားက စက်တင် ဘာလ ၇ ရက်က သူငယ်ချင်းလင်မယား ရန်ဖြစ်နေသည်ကို အိမ်သို့သွားရောက် ဖျန်ဖြေပေးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ရန်ဖြစ်နေသည်ကို ဖျန်ဖြေပေးပြီး နေအိမ်မှ ပြန်အထွက်တွင် အသက် ၃၅ နှစ်အရွယ်ရှိ သူငယ်ချင်းဖြစ်သူက မကျေနပ်သဖြင့် ရဲဒင်းဖြင့်ခုတ်ခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။
ရဲဒင်းဖြင့် ခုတ်ခံရသဖြင့် ဖျန်ဖြေ ပေးသူ၏ လက်တွင် ပြတ်ရှဒဏ်ရာ ရရှိခဲ့ပြီး ကရသူရိတိုက်နယ်ဆေးရုံသို့ တင်ပို့ကုသလိုက်ရကြောင်း ရဲမှတ်တမ်း အရ သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ရဲဒင်းဖြင့် ခုတ်သည့်အမျိုးသားကို ရာဇသတ်ကြီး ပုဒ်မ- ၃၂၆ (ဘေးဖြစ်စေသည့်လက် နက်ဖြင့် အပြင်းအထန်နာကျင်စေမှု)ဖြင့် ကရသူရိနယ်မြေရဲစခန်းတွင် အမှုဖွင့် ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
Dawei Watch