ကော့သောင်း အကျဉ်းထောင်အတွင်း စိတ်ကြွဆေးပြား ငါးရာနီးပါးတွေ့

0
683

ကော့သောင်းအကျဉ်းထောင် အတွင်း WY စိတ်ကြွဆေးပြား ငါးရာနီးပါးကို တွေ့ရှိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အကျဉ်းထောင်အတွင်းရှိ မျှော်စင် နှင့် ၁၆ ပေခန့်အကွာရှိ ကန်စွန်းခင်း အတွင်း ကွမ်းစားဆေးဘူးတစ်ဘူးကို စက်တင်ဘာလ ၆ ရက် နံနက် ၆ နာရီ ခန့်တွင် အကျဉ်းထောင်ဝန်ထမ်းများက တွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရ သည်။

အဆိုပါ ကွမ်းစားဆေးဘူးအား အကျဉ်းထောင်ဝန်ထမ်းများက ဖွင့် ဖောက်စစ်ဆေးရာ WY စိတ်ကြွဆေး ၄၅၉ ပြား၊ ခဲပြား ၃ လိပ်နှင့် ဖုန်း ဆင်းကတ်တစ်ခုကို တွေ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

အကျဉ်းထောင်အတွင်းသို့ WY စိတ်ကြွဆေးများနှင့် ဖုန်းဆင်းကတ်ပါ ကွမ်းစားဆေးဗူးအား လာရောက်ပစ် သွင်းသူကို စုံစမ်းလျက်ရှိကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ကွမ်းစား ဆေးဗူးအား လာရောက် ပစ်သွင်းသူကို သက်ဆိုင်ရာ မူးစိတ်ပုဒ်မဖြင့် ကော့သောင်း မြို့မ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

Dawei Watch