မြိတ် ကျေးရွာအုပ်စုငါးခုတွင် UBP ပါတီရုံးခန်းများ တပြိုင်နက် ဖွင့်လှစ်

0
956

မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စုငါးခုတွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ရပ်ကျေးရုံးခန်းများ စက်တင်ဘာလ ၁၂ ရက်က တစ်ပြိုင်နက် ဖွင့်လှစ်ခဲ့ကြောင်း ယင်းပါတီထံမှ သိရ သည်။

အင်္ဂမော်၊ ပသောင်း၊ မင်းသန်း၊ မဇော နှင့် တုံးဗျောကျေးရွာအုပ်စုတို့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းပါတီ၏ မြိတ်မြို့နယ် စည်းရုံးရေးတာဝန်ခံ (ယာယီ) ဦးထွန်းဝင်းက ပြောသည်။

“ရွာလူထုတွေက တောင်းဆိုလာတဲ့ အပေါ် မူတည်ပြီး နောက်ထပ်ဆက်တိုက် ဖွင့်လှစ်သွားဖို့ ရှိတယ်”ဟု ၎င်းကပြော သည်။

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ(UBP)သည် မြိတ်၊ တနင်္သာရီ၊ ကျွန်းစုမြို့နယ်များနှင့် ပုလောက်မြို့တို့ တွင်လည်း မြို့နယ်ရုံးများ ဖွင့်လှစ်ထား ပြီးဖြစ်ကြောင်း ဦးထွန်းဝင်းက ဆိုသည်။

ယင်းပါတီကို သူရဦးရွှေမန်းက   ဦးဆောင်ပြီး ရုံးချုပ်ကို နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ဖွင့်လှစ်ထား ကြောင်း ယင်းပါတီထံမှ သိရသည်။

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီအနေဖြင့် လာမည့် ၂၀၂၀ ရွေး ကောက်ပွဲတွင် တနင်္သာရီတိုင်းအတွင်းရှိ မဲဆန္ဒနယ်အားလုံးတွင် ၀င်ရောက် အရွေးချယ်ခံမည်ဖြစ်ကြောင်း သူရဦးရွှေမန်း က ပြောဆိုထားသည်။

ကိုဆန်း