မိုးရာသီအတွင်း ပရာကျွတ်မြို့သို့ ခရီးသွားလာမှု ပိုများလာ

0
732

မြန်မာ-ထိုင်းနယ်စပ်ဂိတ်တစ်ခု ဖြစ်သည့် မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်နယ်စပ်တစ်ဖက်ရှိ ထိုင်းနိုင်ငံ ပရာကျွတ်မြို့သို့ ယခုနှစ်မိုးရာသီအတွင်း ခရီးသွားလာမှု ပိုများလာကြောင်း မြိတ် အခြေစိုက် ခရီးသွားလုပ်ငန်းအသိုင်းအ၀ိုင်းထံမှ သိရသည်။

ပြီးခဲ့သည့်နှစ်များက မိုးလယ်ကာလ တွင်သာ ပရာကျွတ်မြို့သို့ ခရီးသွားလာ မှုများရှိနေရာမှ ယခုနှစ် မိုးရာသီ၏ အစ၊ အလယ်၊ အဆုံး ကာလတစ်ခုလုံး တွင် ခရီးသွားလာမှုများ ရှိနေကြောင်း မြိတ်အခြေစိုက် သြနွှမလေနူ ရွှသကမျ ပိုင်ရှင် ဦးမိုးဇော်က ပြောသည်။

“နှစ်ပတ်မှာ တစ်ကြိမ်လောက်တော့ အမြဲရှိနေတယ်”ဟု ဦးမိုးဇော်က ပြောသည်။

မောတောင်နယ်စပ်သို့ သွားသည့် လမ်းပန်းဆက်သွယ်ရေးမှာ ယခင်က ထက်ကောင်းမွန်လာခဲ့သည့်အတွက် မိုးတွင်းကာလတွင် ခရီးသွားလာမှု များ လာခြင်းဖြစ်ကြောင်း မြိတ်အခြေစိုက် ခရီးသွားလုပ်ငန်းတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

ပရာကျွတ်မြို့သို့ သွားရာလမ်းဖြစ် သည့် တနင်္သာရီမြို့နယ် ထုံခါကျေးရွာမှ မောတောင်မြို့အထိ အရှည် ၄၆ ပေကျော်၊ အကျယ် ၂၄ ပေရှိ ကတ်္တရာလမ်းအား (မြန်မာကျပ်ငွေပေါင်း ၂၄ ဘီလီယံဖြင့်) ၂၀၁၃ ခုနှစ်မှစပြီး မြိတ်အများပိုင်ကော်ပို ရေးရှင်းကြဥွှ စနစ်ဖြင့် တည်ဆောက် ခဲ့သည်။

လည်ပတ်ရေးခရီးအဖြစ် ပရာကျွတ် မြို့ရှိ မျောက်တောင်၊ လျောင်းတော် မူ လှိုဏ်ဂူဘုရား၊ အဏ်္ဏ၀ါပြတိုက်၊ ပရာ ကျွတ်ကမ်းခြေ၊ နှစ်နိုင်ငံနယ်စပ်ဈေး စသည့် ပရာကျွတ်မြို့၏ အထင်ကရ နေရာ များနှင့် လည်ပတ်နေရာများအား နေ့ချင်း ပြန်နှင့် တစ်ညအိပ် စသဖြင့် ခရီးစဉ်များ ပို့ဆောင်ပေးနေကြောင်း ခရီးသွားလုပ် ငန်းအသိုင်းအ၀ိုင်းထံမှ သိရသည်။

မြင့်မိုရ်(မြိတ်)