ထိုင်းတွင် သေဒဏ်ချမှတ်ခံရသည့် ၀င်းနှင့်ဇော်အား ပြန်လွှတ်ပေးရေး ကော့သောင်းတွင် ဆန္ဒပြ

0
691

မြန်မာ-ထိုင်းနယ်စပ်တစ်ခုဖြစ် သည့် ကော့သောင်းမြို့တွင် စက်တင်ဘာ လ ၈ ရက်က ထိုင်းနိုင်ငံတွင် လိပ်ကျွန်း လူသတ်မှုဖြင့် သေဒဏ်ချမှတ်ခံရသည့် ၀င်းနှင့်ဇော်အား ပြန်လွှတ်ပေးရေးအတွက် ဆန်္ဒထုတ်ဖော်ခဲ့ကြသည်။

ကော့သောင်းမြို့၊ ကမ်းနားလမ်းရှိ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ သွားသည့် နေရာဖြစ်သည့် လှေဆိပ်အနီးတွင် လူအင်အား သုံးရာခန့်ဖြင့် ဆန်္ဒထုတ်ဖော်ခဲ့ ကြခြင်း ဖြစ်သည်။

“နှစ်နိုင်ငံ ချစ်ကြည်ရေးလည်း မပျက်အောင် ၀င်းနှင့်ဇော်လွတ်မြောက် ရေးအတွက်ပါ ရည်ရွယ်ပြီး လုပ်ရတာပါ” ဟု ဆန်္ဒထုတ်ဖော်ပွဲ ဦးဆောင်သူတစ်ဦး ဖြစ်သည့် ဦးနွယ်ထွန်းက ပြောသည်။

အော်ဟစ်ကြွေးကြော်ခြင်း၊ ဟော ပြောခြင်းများ မပြုလုပ်ဘဲ ဗွီနိုင်းများ ကိုင်ဆောင်ကာ ငြိမ်းချမ်းစွာဖြင့် ဆန္ဒ ထုတ်ဖော်ခဲ့ကြခြင်း ဖြစ်ကြောင်း ဦးနွယ်ထွန်း က ဆိုသည်။

We Want Real Justice ၊ ၀င်းနှင့် ဇော်အား မြန်မာနိုင်ငံသို့ ငြိမ်းချမ်းစွာ ပြန်လည်လွှဲပြောင်းပေးနိုင်ပါစေ၊ ထိုင်း- မြန်မာ ချစ်ကြည်ရေး ကောင်းမွန်အဓွန့် ရှည်ပါစေ၊ ထိုင်းနိုင်ငံသူ/သားများ      ကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ပါစေ၊ ထိုင်း- မြန်မာ ချစ်ကြည်ရေးအတွက် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့အား မြန်မာအစိုးရထံ လွှဲပြောင်းပေးအပ်ပါ စသည့်စာသားများ ရေးထားသည့်    ဆိုင်းဘုတ်များကိုကိုင်ဆောင်ကာ ဆန္ဒပြခဲ့ ကြကြောင်း ဦးနွယ်ထွန်းက ပြောသည်။လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်၍ သေ ဒဏ်ချမှတ်ခံထားရသည့် ကိုဇော်လင်း နှင့် ကိုဝင်းဇော်ထွန်းတို့၏ နောက်ဆုံး အယူခံကို ထိုင်းဗဟိုတရားရုံးက သြဂုတ် လ ၂၉ ရက်တွင် ပယ်ချခဲ့ပြီး သေဒဏ် အပြစ်ဒဏ်အတိုင်း ချမှတ်ခဲ့သည်။

မြင့်မိုရ်(မြိတ်)