တနင်္သာရီတိုင်းအတွင်း အခြေခံမဲ စာရင်းပြုစုမှု လေးဆယ်ရာခိုင်နှုန်း ပြီးစီး

0
583

တနင်္သာရီတိုင်းအတွင်း ၂၀၂၀ ရွေး ကောက်ပွဲအတွက် အခြေခံမဲစာရင်းပြုစု သည့် လုပ်ငန်းမှာ လေးဆယ်ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ (တိုင်း ရွေး/ကော်)ထံမှ သိရသည်။

စက်တင်ဘာလ ၁၀ ရက်နေ့အထိ စာရင်းအရ အခြေခံမဲစာရင်း ပြုစုပြီး သည့်လူဦးရေ လေးသိန်းခွဲကျော်ရှိပြီ ဖြစ်ကြောင်း တိုင်းဒေသကြီးရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက ဆိုသည်။

“လေးသိန်းခွဲကျော် စာရင်းသွင်းပြီး ဖြစ်တယ်၊ မနေ့ကအထိပေါ့”ဟု တိုင်း ရွေးကော် အတွင်းရေးမှူးက စက်တင် ဘာလ ၁၁ ရက်တွင် ပြောသည်။

တနင်္သာရီတိုင်းအတွင်း မဲပေးခွင့် ရှိသူဦးရေမှာ ဆယ်သိန်းကျော်ရှိမည်ဟု ခန့်မှန်းထားကြောင်း တိုင်းရွေကော်ရုံး ထံမှ သိရသည်။

အခြေခံမဲစာရင်းကို ဇွန်လမှ သြဂုတ်လကုန်အထိ ကောက်ယူခဲ့သည့် လူဦးရေစာရင်းအပေါ် အခြေခံကာ အသက် ၁၈ နှစ် ပြည့်သူများကို အခြေခံ မဲစာရင်း ပြုစုရေးသွင်းနေခြင်း ဖြစ်သည်။

ထားဝယ်မြို့နယ်တွင် မဲပေးခွင့်ရှိ သူ တစ်သိန်းနှစ်သောင်းခန့်ရှိမည်ဟု ခန့်မှန်းထားပြီး စက်တင်ဘာလ ၁၀ ရက် အထိ အခြေခံမဲစာရင်း ပြုစုပြီးစီးသည့် အရေအတွက်မှာ လူဦးရေ ငါးသောင်း ကျော်ရှိပြီဖြစ်ကြောင်း မြို့နယ် ရွေးကော် ဥက္ကဋ္ဌ ဦးစိုးလွင်က ဆိုသည်။

မြို့နယ်ရွေးကော်တွင် စိုက်ပျိုးရေး၊ ပညာရေး၊ လ၀က၊ စည်ပင်၊ ထွေအုပ်၊ ဥပဒေ၊ ပြန်ဆက် အစရှိသည့် ဌာနများ ပါဝင်ပြီး အခြေခံမဲဆန်္ဒရှင်စာရင်း ပြုစု ရာတွင် ကွန်ပျူတာကျွမ်းကျင်သူ နည်း ပါးနေကြောင်း ၎င်းက ပြောသည်။

“အဓိကကတော့ ကွန်ပျူတာသမား အခက်အခဲ ရှိတယ်”ဟု ဦးစိုးလွင်က ဆိုသည်။

အခြေခံမဲဆန္ဒရှင်စာရင်းကို စက်တင်ဘာလ ၃၁ ရက်နေ့အပြီး ပြုစုရေးသွင်းရမည် ဖြစ်သည်။

အဆိုပါစာရင်းများ အချိန်မီရေး သွင်းနိုင်ရေးအတွက် လိုအပ်ပါက အရပ် ဘက်အဖွဲ့အစည်းများကို အကူအညီ တောင်းခံမည်ဖြစ်ကြောင်း ဦးစိုးလွင်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ရွေးကောက် ပွဲကာလက တနင်္သာရီတိုင်းအတွင်း မဲ ပေးခွင့်ရှိသူ ကိုးသိန်းကျော်ရှိကြောင်း တိုင်းရွေး/ကော်ရုံးထံမှ သိရသည်။

ကိုဇော်