ယူနီကုဒ် မြန်မာစာစနစ်ကို အောက်တိုဘာတွင် စသုံးမည်၊ ပြည်သူများ ပူးပေါင်းပါဝင်ပေးရန် တိုက်တွန်း

0
461

ယူနီကုဒ်စနစ်ကို အခြေခံထားသည့် မြန်မာစာစနစ်ကို အောက်တိုဘာလ ၁ ရက်မှစပြီး တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် အသုံးပြုတော့မည်ဖြစ်ပြီး ယင်း ယူနီကုဒ်မြန်မာစာစနစ်ကို ပြည်သူတစ် ရပ်လုံး ပြောင်းလဲအသုံးပြုပေးခြင်းဖြင့် ပူးပေါင်းပါဝင်ပေးကြရန် ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက တိုက် တွန်းလိုက်သည်။

ယူနီကုဒ်စနစ်ကို အခြေခံထားသည့် မြန်မာစာတစ်ခုဖြစ်သော ပြည်ထောင် စုဖောင့်ကို အစိုးရဌာနဆိုင်ရာများတွင် ဧပြီလ ၁ ရက်မှ စတင်အသုံးပြုကြရန် ညွှန်ကြားပြီးနောက် ပြည်သူများကိုပါ ယူနီကုဒ်စနစ်သုံး မြန်မာစာကို အသုံးပြု ရန် တိုက်တွန်းလာခြင်း ဖြစ်သည်။

ယူနီကုဒ်ဆိုသည်မှာ မြန်မာနိုင်ငံရှိ တိုင်းရင်းသား ဘာသာစကားများ အပါ အ၀င်  တစ်ကမ်္ဘာလုံးရှိ ဘာသာစကားများ ကို ဖုန်း၊ ကွန်ပျူတာစသည့် လျှပ်စစ် ပစ်္စည်းများအားလုံးတွင် ရေးသား၊ ဖတ်ရှု နိုင်ရန် ရည်ရွယ်သတ်မှတ်ထားသော   နိုင်ငံတကာစံချိန်စံညွှန်းတစ်ခုဖြစ် ကြောင်း အထက်ပါဦးစီးဌာနက ထုတ် ပြန်ထားသည်။

ဖုန်းအော်ပရေတာများမှ ပေးပို့ သည့် မက်ဆေ့(စာတို)များကိုလည်း အောက်တိုဘာလ ၁ ရက်နောက်ပိုင်း ယူနီကုဒ်စနစ်သုံး မြန်မာစာဖြင့်သာ ပေး ပို့တော့မည်ဖြစ်ကြောင်း အသိပေးစာများ ပေးပို့လျှက်ရှိသည်။

ဇော်ဂျီမြန်မာစာ ထည့်သွင်းထား သည့် ဖုန်းအသုံးပြုသူများသည် ယင်း မက်ဆေ့များကို ဖတ်ရှုနိုင်မည် မဟုတ်ပေ။ ယူနီကုဒ်စနစ်ကို ပြောင်းရန်အတွက် ဖုန်းအမျိုးအစားတစ်ခုနှင့်တစ်ခု၊ ကွန်ပျူတာ တစ်ခုနှင့်တစ်ခု မတူညီသောကြောင့် ပြည်သူများအနေဖြင့် လတ်တလောတွင် အခက်အခဲများ ရှိနိုင်ကြောင်း ထားဝယ်မြို့ ရှိ ကွန်ပျူတာ ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

“ယူနီကုဒ်ကို အားလုံးက ၀ိုင်းသုံး လိုက်မယ်ဆိုရင်တော့ ကြာလာရင် အဆင် ပြေသွားလိမ့်မယ်”ဟု၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် လူအများစုသည် ဖုန်းမှတစ်ဆင့် မြန်မာစာများကို အသုံး ပြုနေကြပြီး ယင်းကဲ့သို့ ဖုန်းဖြင့် မြန်မာ စာအသုံးပြုသူ ကိုးဆယ်ရာခိုင်နှုန်းရှိ ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

နိုင်ငံတော်အစိုးရက အကောင်အထည် ဖော်နေသည့် န-ွသလနမညာနညအ စနစ်ကို ပိုမိုအဆင်ပြေစေရေးအတွက် ယူနီကုဒ် စနစ်ကို အခြေခံထားသည့် မြန်မာစာ စနစ်ကို တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် အသုံးပြုရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။

ယင်းယူနီကုဒ်စနစ်ကို အခြေခံထား သည့် မြန်မာစာစနစ်ပေါ်ပေါက်လာစေ ရန်အတွက် နှစ်ပေါင်း ၂၀ အချိန်ယူ ဆောင်ရွက်ထားရကြောင်း ပို့ဆောင်၊ ဆက်သွယ်ရေးဝန်ကြီးဌာန ထုတ်ပြန် ချက်အရ သိရသည်။           

Dawei Watch