ဝဥဈေးကောင်းသဖြင့် ခိုးတူးသူ ရှိလာ

0
645

ဝဥ ဈေးကောင်းရလာသဖြင့် ခိုး တူးသူများ ရှိလာသည်ဟု ၀ဥ ၀ယ်ယူ ရောင်းချသူအချို့ထံမှ စုံစမ်းသိရှိရသည်။

ပြည်ပမှ ၀ယ်လိုအားကြောင့် လက် ရှိတွင် ၀ဥဈေးကောင်းရနေပြီး ခိုးယူ တူးဖော်မှုများလည်း ပိုမိုများပြားလာ သဖြင့် သီးသန့် စိုက်ပျိုးသည့် တောင်သူ များမှာ အချိန်ပြည့်စောင့်ကြည့်နေရ သည့် အနေအထားထိ ရှိနေသည်ဟု ၀ဥ၊ သီဟိုဠ်၊ ကွမ်းသီးစိုက်ပျိုး ထုတ်လုပ် ရောင်းချသူများအဖွဲ့ထံမှ သိရသည်။

“ဧကကျယ်တဲ့ ခြံတွေဆို ဒီဘက် ထိပ်မှာ အလုပ်လုပ်နေရင် ဟိုဘက်ထိပ် မှာ ခိုးတူးတယ်” ဟု အထက်ပါအဖွဲ့မှ ဥက္ကဋ္ဌ ဦးဇော်သူရက ဆိုသည်။

လွန်ခဲ့သည့်သုံးနှစ့်ခန့်က ၀ဥ တစ်ပိဿာလျှင် ၊ငွေကျပ် ၅၀၀ ခန့်သာ ရှိခဲ့သော်လည်း တရုတ်ကိုယ်စားလှယ်များ မှ ၀ယ်ယူလာသဖြင့် တစ်နှစ်ထက် တစ်နှစ် ဈေးကောင်းရလာသည်ဟု ထားဝယ်မြို့ အခွန်လွတ်ဈေးရှိ ၀ဥ၀ယ်ယူ နေသည့် ပွဲရုံပိုင်ရှင် အမျိုးသား တစ်ဦး က ပြောသည်။

၂၀၁၈ ခုနှစ်က ၀ဥတစ်ပိဿာလျှင် ကျပ် ၁၄၅၀ သာရှိခဲ့သော်လည်း ယခု နှစ် ရာသီပြန်စချိန်တွင် ကျပ် ၁၅၀၀ မှ ယခု ကျပ် ၁၆၅၀ အထိ ဈေးနှုန်းမြင့် တက်နေပြီး ခိုးယူတူးဖော်မှုများလည်း ရှိနေသည် ၎င်းက ဆိုသည်။

“ဈေးကောင်းရလာတော့ ခိုးတူး လာကြတာပေါ့” ဟု အထက်ပါအမျိုးသား က ဆိုသည်။

မော်လမြိုင်၊ ဘားအံ၊ ရေးမြို့နယ် များတွင် ၀ဥကို ကုန်ချောထုတ်လုပ်ရောင်း ချသည့် စက်ရုံများတိုးလာသောကြောင့် လည်း  ၀ဥဈေးများ ဈေးကောင်းရလာ ခြင်းဖြစ်ကြောင်း ထားဝယ်မြို့မှ ၀ဥ ၀ယ်ယူနေသည့် ဒေါ်ခင်ခင်အေးက ပြော သည်။

ဝဥဈေးကောင်းရလာသဖြင့် သီးသန့်လိုက်လံခိုးယူတူးဖော်ရောင်းချနေသူများလည်းရှိနေပြီး ၎င်းင်းတို့ခြံတွင်လည်း လူရှိနေသည့်အချိန်ကိုပင် လာရောက်ခိုး ယူတူးဖော်ခဲ့သည်ဟု ဒေါ်ခင်ခင်အေးက ဆိုသည်။

“ ခြံထဲမှာ လူရှိနေတာတောင် လာ ခိုးတူးသေးတယ်။ လူတွေ့လို့ လိုက်တာ တောင် ၀ဥလေးလုံးကို ရအောင်သယ် သွားသေးတယ်”ဟု ၎င်းက ဆိုသည်။

ဝဥဈေးကောင်းရလာသဖြင့် လူ တိုင်းစိုက်ပျိုးနိုင်ရန်နှင့် ခိုးယူမှုများမရှိ စေရန်အတွက် ရွာအလိုက်ထိန်းသိမ်း ကြရန် ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု ၀ဥ၊ သီဟိုဠ်၊ ကွမ်းသီးစိုက်ပျိုးထုတ် လုပ်သူများအဖွဲ့ထံမှ သိရသည်။

မိုးမြင့်