ထားဝယ်မြို့တွင် ယခုနှစ်အတွင်း စည်ပင်လိုင်စင်ရ တည်းခိုခန်း တစ်ဆယ်ကျော် တိုးလာ

0
521

ထားဝယ်မြို့ပေါ်တွင် ယခုနှစ်အတွင်း စည်ပင်လိုင်စင်ရ တည်းခိုခန်း ၁၃ ခု တိုးလာကြောင်း ထားဝယ်မြို့နယ်စည်ပင် သာယာရေးအဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် စက်တင် ဘာလအထိ တည်းခိုခန်း ၃၈ ခုသာရှိရာ လက်ရှိတွင် ၅၁ ခုအထိ ရှိလာကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။

ထားဝယ်ဒေသတွင် သင်္ကြန်ကာလ ကဲ့သို့သော ပွဲတော်ရက်များ၌ ခရီးသွား ဧည့်သည်လာရောက်လည်ပတ်မှုများ သည့်အတွက် ဟိုတယ်၊ တည်းခိုခန်း မလုံလောက်မှုများ နှစ်စဉ်ကြုံတွေ့ရလေ့ ရှိသည်။

တည်းခိုခန်းဖွင့်ရန် လိုင်စင်လျှောက် ထားလာပါက လေ၀င်လေထွက်၊ သန့် ရှင်းမှု အစရှိသည့် အဆောက်အအုံ သတ် မှတ်ချက်များ ပြည့်စုံမှုရှိ/မရှိ စစ်ဆေး ပြီး ခွင့်ပြုပေးနေကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိက ပြောသည်။

ထို့အပြင် ရဲတပ်ဖွဲ့၊ မီးသတ်၊ ကျန်းမာရေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး အစရှိသည့် ထောက်ခံချက်များလည်း လိုအပ်ကြောင်း ၎င်းင်းက ဆိုသည်။

“တည်းခိုခန်းအင်္ဂါရပ်နဲ့ ညီညွတ် ရင်ပေးတယ်။ မညီညွတ်ရင် မပေးဘူး”ဟု အမှုဆောင်အရာရှိက ပြောသည်။

တည်းခိုခန်းလိုင်စင်ကို သက်တမ်း တစ်နှစ်သတ်မှတ်ထားပြီး ဘဏ္ဍာနှစ် အလိုက် သက်တမ်းတိုးရကြောင်း ၎င်းင်းက ဆိုသည်။

လက်ရှိ တည်းခိုခန်း ၅၁ ခုတွင် ဧည့်သည်ဦးရေ ၁၉၀၄ ဦး တည်းခိုနိုင်ကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။

ထားဝယ်မြို့တွင် စည်ပင်လိုင်စင်ရ တည်းခိုခန်းများအပြင် ဟိုတယ်နှင့်        ခရီးသွားညွှန်ကြားမှုဦးစီးဌာနလိုင်စင် ရှိသည့် ဟိုတယ်၊ အဆင့်မြင့်တည်းခို ခန်းများလည်း ရှိသည်။

Dawei Watch