ထားဝယ်ဈေးကြီးနှင့် မင်္ဂလာဈေးတွင် စားသုံးရန်မသင့်အစားအစာနှင့် သုံးစွဲရန်မသင့် အလှကုန်များ တွေ့ရှိ

0
542

ထားဝယ်မြို့ရှိ စည်ပင်သာယာဈေး ကြီးနှင့် မင်္ဂလာဈေးရှိ ဆိုင်များတွင် ၀င်ရောက်စစ်ဆေးရာ စားသုံးရန်မသင့် အစားအစာနှင့် သုံးစွဲရန်မသင့် အလှကုန် များ တွေ့ရှိကြောင်း တနင်္သာရီတိုင်း ဒေသကြီး အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန(FDA) ထံမှ သိရသည်။

အဆိုပါဈေးများကို စက်တင်ဘာ လ ၁၂ ရက်က ကွင်းဆင်းစစ်ဆေးရာ ဆိုင်အချို့တွင်ရောင်းချနေသည့် စားသုံး ရန်မသင့် အစားအသောက်တစ်မျိုး၊ သုံးစွဲရန်မသင့်သည့် အလှကုန်တစ်မျိုး နှင့် သက်တမ်းလွန်အလှကုန်ပစ္စည်းတစ် မျိုးကို တွေ့ရကြောင်း FDA ဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်မေသန်းနိုင် က ဆိုသည်။

FDA ဌာနက သုံးစွဲရန်မသင့် ကြေညာထားသည့် “မဒီ” အမှတ်တံဆိပ် တင်းတိမ်ဝက်ခြံပျောက်ဆေး၊ စားသုံး ရန်မသင့်ကြေညာထားသည့် LONDON  အမှတ်တံဆိပ် စတော်ဘယ်ရီအနှစ်ရည် နှင့် သက်တမ်းလွန်နေသည့် အလှကုန် ပစ္စည်းတစ်မျိုးတို့ကို တွေ့ရကြောင်း ၎င်းင်းက ပြောသည်။

“ရောင်းချနေတဲ့ဆိုင်တွေကို နောက် နောင်ရောင်းချခြင်းမပြုဖို့ ခံဝန်ကတိ ရေးထိုးစေခဲ့တယ်”ဟု ဒေါ်မေသန်းနိုင်က ဆိုသည်။

စစ်ဆေးတွေ့ရှိသည့် သုံးစွဲရန် မသင့်၊ စားသုံးရန်မသင့် ပစ္စည်းများကိုလည်း သိမ်းဆည်းခဲ့ကြောင်း ၎င်းက ပြောသည်။

ယင်းကဲ့သို့ကွင်းဆင်းစစ်ဆေးခြင်း ကို တစ်လလျှင် အနည်းဆုံးတစ်ကြိမ် စစ်ဆေးမည်ဖြစ်ပြီး နောက်တစ်ကြိမ် စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာဥပဒေ ဖြင့် အရေးယူမည်ဖြစ်ကြောင်း ဒေါ်မေသန်းနိုင်က ဆိုသည်။

ကွင်းဆင်းစစ်ဆေးချိန်တွင် အနီရောင် များနေသည့် ဇီးထုပ်များကို တွေ့ရှိ သည့်အတွက် ခွင့်မပြုဓာတုဆိုးဆေး ရှိ/မရှိ ဓာတ်ခွဲစစ်ဆေးရန် နမူနာဝယ် ယူခဲ့ကြောင်း တိုင်းဒေသကြီး FDA ထံမှ သိရသည်။  

                      Dawei Watch